ကျိုင်းတုံမြို့တွင် အစိုးရပိုင် လျှပ်စစ်ပစ္စည်းများ ခိုးယူခြင်းခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တပ်ဆင်ထားသည့် လျှပ်စစ်ပစ္စည်းများသည် ခိုးယူခြင်းခံရကြောင်း သတင်း သိရသည်။

ကျိုင်းတုံမြို့

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက် ယန်းလောကျေးရွာအုပ်စု၊ နမ့်ခင်ချောင်းအနီးရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ကျိုင်းတုံ)မှ ဆိုလာရေတင် စနစ် ဆောင်ရွက်သည့် ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း ဌာနမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခိုးယူခံရတဲ့ ပစ္စည်းတွေရဲ့ ကာလတန်ဖိုးငွေက ၁၄ သိန်းကျော် ရှိတယ်၊ ဘယ်သူက ဘယ်အချိန်မှာ လာခိုးသွားမှန်း မသိဘူး၊ ပြည်နယ်အစိုးရ ရံပုံငွေ နဲ့ တပ်ဆင်ထားတဲ့ ပစ္စည်းတွေဆိုတော့ ရဲစခန်းမှာ အမှုဖွင့် ထားတယ်” ဟု တာဝန်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခိုးယူခံရသော ပစ္စည်းများသည် ပြည်နယ်အစိုးရ ရံပုံငွေဖြင့် ဆောင်ရွက်ထားသည့် ရေတင်မော်တာ ၂ လုံး၊ 10 MM 2 DC ကေဘယ် အမျိုးအစားမီးကြိုး အရှည်ပေ (၆၀)၊ 6MM2DC ကေဘယ် အမျိုးအစား မီးကြိုးအရှည် ပေ (၄၀၀)၊ DC BREAKER နှင့် ဆိုလာအင်ဗာတာ ၁ လုံး၊ စုစုပေါင်းတန်ဖိုးငွေ ၁၄ သိန်းကျပ်ခန့် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ပစ္စည်းခိုးယူခံရခြင်း နှင့် ပတ်သက်ပြီး တာဝန်ရှိသူများက ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၄၃၀/ ၂၀၂၂၊ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။

အာဏာသိမ်းပြီး နောက်ပိုင်း ကျိုင်းတုံမြို့တွင် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လာပြီး ဒေသခံပြည်သူများ၏ နေ့စဥ်ဘဝသည် လုံခြုံမှု မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

“နောင်တုံဘက် လူနေရပ်ကွက်ဘက်မှာဆိုလည်း ဆိုင်ကယ်တွေ ၊ ရေမြောင်းအဖုံးတွေ၊ လျှပ်စစ်မီးကြိုးတွေ ပျောက်ဆုံးတာတွေလည်း အများကြီးရှိနေတယ်၊ ဒါပေမဲ့ ပြည်သူတွေက သူတို့ဆိုင်ကယ်တွေ လိုင်စင် မရှိရင် လာမတိုင်ကြဘူး၊ တချို့လည်း အလုပ်မရှုပ်ချင်ကြလို့ထင်တယ်၊ သူခိုးတွေတော့ နေ့စဥ်နီးပါး သောင်းကျန်း နေတယ်” ဟု အထက်ပါ တာဝန်ရှိသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယင်းကဲ့သို့ ပြည်သူများ၏ ဆိုင်ကယ်ပျောက်ဆုံးမှုကို ရဲစခန်းသို့ တိုင်ကြားသော်လည်း ပျောက်ဆုံးသည့် ဆိုင်ကယ်များကို ဖော်ထုတ်ပေးနိုင်ခြင်း မရှိသည့်အတွက် ကျိုင်းတုံမြို့မ ရဲစခန်းကို ဒေသခံများက ဝေဖန် ပြောဆို နေကြောင်း ကျိုင်းတုံဒေသခံက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...