CATEGORY

သတင်း

မြေမြိုလို့လူမျိုးမသုဉ်း လဝက ငွေမြိုရင်တော့ —-

“ မြန်မာစကား၊ တိုင်းရင်းသားဘာသာစကားမ တတ်တဲ့ တရုတ်တွေ မှတ်ပုံတင်လုပ်တာလွယ်မှလွယ်။ ကျမတို့ လုပ်တော့ ခက်လိုက်တာ” လို့ လားရှိုးမြို့နယ် ရှိ ကျေးရွာတစ်ခုတွင်နေထိုင်သည့် နန်းရွှေအောင် က ညည်းညူ လိုက်ပါတယ်။ မှတ်ပုံတင် မရှိ တဲ့အသက်၃၀ အရွယ် နန်းရွှေအောင်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော် တုန်းက...

သီပေါမြို့ တစ်လနီးပါးပျောက်သည့်အမျိုးသမီး ယနေ့ထိ သတင်းမကြားရသေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်မြေ (၁) မြန်မာရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်လနီးပါးကြာပျောက်ဆုံးနေပြီး သတင်းမကြားရသေးကြောင်း စုံစမ်းသိရသည်။ ပျောက်ဆုံးနေသည့် အသက် ၂၂ နှစ်အရွယ်ရှိ မဆောင်းဟေမာန်ငြိမ်းဆိုသူဖြစ်ပြီး ယခုလ (နိုဝင်ဘာ ၅ ရက်) တွင် ကားအမဲရောင်တစ်စီးဖြင့်...

ပုံးအင်းစပါးရေလွှမ်းမိုးပြီးနောက် တောင်သူများစားဝတ်နေရေးပိုကြပ်တည်းလား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသအတွင်းစိုက်ပျိုးထားသည့် စပါးများရေလွှမ်းခံပြီးနောက်တောင်သူများ စားဝတ်နေရေးယခင်ကထက်ပိုကြပ်တည်းလာကြောင်း တောင်သူများထံမှ စုံစမ်းသိရသည် ပုံးအင်း စပါးများသည် ပြီးခဲ့သည် (သြဂုတ်လ) တွင် ရေလွှမ်းမိုးခံခဲ့ရပြီးနောက် စပါးများအရှုံးပေါ်ခဲ့ရာ စားသုံးရန် ဆန်များမရှိသဖြင့် တောင်သူအချို့ လယ်ထဲ ရိတ်သိမ်းပြီး ကျချန်ခဲ့သည့်စပါးလက်ကျန်များကို သွားရောက်ကောက်ယူပြီး စားသုံးရန် စုဆောင်းနေရကြောင်း အသက် (၄၀)...

သီပေါမှ စစ်ဘေးရှောင် ၄၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ရောက်လာသော ပြည်သူ ၄၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSAတို့၏ တိုက်ပွဲကြောင့် အနီးပတ်ဝန်း ကျင်မှ...

တန့်ယန်းမြို့ ဝင်လာသည့် လိုင်စင်မဲ့ကား တစ်စီး ကျပ်ငွေ ၅သိန်း ကောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့အဝင်သို့ ဝင်လာသည့် လိုင်စင်မဲ့ ကားသစ်များကို တစ်စီးလျှင် ငွေကျပ် ငါးသိန်းနှုန်း ဖြင့် စစ်ကောင်စီများက အခွန်ကောက်ခံ တောင်းယူနေကြောင်း သတင်းသိရသည်။ တန့်ယန်းမြို့အဝင်တွင် တရားမဝင်ဂိတ်ကြေး၊ တံတားကြေး၊ တပ်ထိန်းကြေး၊ ယာဉ်ထိန်းကြေး အပါအဝင် တရားမဝင် ဆက်ကြေးများ ကောက်ခံလာဘ်စားပြီး လိုင်စင်မဲ့ကားတစ်စီးကို ငွေကျပ်...

တောင်ကြီး နိုင်ငံကူးလက်မှတ် (Passport) ကျပ် ၃ သိန်းထိဈေးပေါက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် နိုင်ငံကူးလက်မှတ်လက်မှတ် (Passport) တအုပ်လျှင် ကျပ် ၃သိန်းထိ စျေးပေါက်ကြောင်း သတင်းရရှိသည်။ အဆိုပါ Passport နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် ပွဲစားငှားယူရပြီး အမြန်လိုလျှင်လိုသလို ငွေအများ ပေးဆောင်ရကြောင်း သိရသည်။ “ သူက အမြန်လိုချင်ရင် လိုသလိုပေးရတာ။ ပွဲစားငှားပြီးလုပ်ရတာပေါ့။ အချိန် ၁ ပတ်ပဲစောင့်ရင်...

သီပေါမြို့နယ် သျှမ်းနှစ်သစ်ကောက်သစ်ဆွမ်းလှူဒါန်းရန် ပြင်ဆင်ချိန် စစ်ကောင်စီမှ SSPPကို ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၂၅)ရက် နံနက် ၆နာရီဝန်းကျင် သျှမ်းနှစ်သစ် ကောက်သစ်ဆွမ်းလှူဒါန်းရန် ပြင်ဆင်နေချိန် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ထိုသျှမ်းနှစ်သစ်ကောက်သစ်ဆွမ်းကပ်လှူဒါန်းရန် လုံခြုံရေး ယူပေနေသည့် SSPP/SSA...

တောင်ကြီးတွင် မီးမကြာခဏပျက် လျှပ်စစ်ရှော့ဖြစ်မှာကို ဒေသခံမျာ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေသည့်အတွက်ကြောင့် ဝါယာကြိုး ရှော့ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သတင်းသိရသည်။ လျှပ်စစ်မီးသည် ပုံမှန်လာခြင်း မရှိဘဲ ၃ နာရီခြားတစ်ကြိမ်လာပြီး၊ တစ်ကြိမ်ပြတ်တောက်နေကာ အိမ်ရှင်မ အနေဖြင့် ထမင်း၊ ဟင်းချက်ပြုတ်နေစဉ်တွင် ပိုခက်ခဲလာပြီး ဓာတ်အားမငြိမ်သက်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော ဝါယာရှော့မှုများကိုလည်း စိုးရိမ်နေရကြောင်း အသက်...

မိုးမိတ်မြို့နယ်စစ်ကောင်စီ တိုက်လေယာဥ်လှည့် ဒေသခံတချို့ ကြိုတင် စစ်ရှောင်ရ

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဥ် ၅ စီးဖြင့် ကင်းလှည့်ခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ဒေသခံအချို့ ကြိုတင်စစ်ရှောင်ခဲ့ရကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့ ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီမှစတင်ကာ မိုးမိတ်မြို့ နယ် အတွင်း အုန်းကြောကျေးရွာအုပ်စု အနီးတဝှိက်...

ကွတ်ခိုင်မြို့ မူးယစ်သုံးစွဲသူ ၄၀ ကျော် ရဲမှ ပြန်လွှတ်ပေးသည့်အပေါ် ပြည်သူများ ဝေဖန်နေ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေး သုံးစွဲသူနှင့် ရောင်းဝယ်သူများ အယောက် ၄၀ ကျော်ကို ရဲတပ်ဖွဲ့မှ ၅ရက်သာချုပ်နှောင်ခဲ့ပြီး ပြန်လွှတ်ပေးသည့်အတွက် ပြည်သူများ ပြစ်တင်ဝေဖန် ပြောဆို နေကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်တွင် ကွတ်ခိုင်မြို့ မြို့မဈေးရပ်ကွက် နှင့် အနီးတဝိုက်တွင်...

Latest news