မိုးမိတ်မြို့နယ်စစ်ကောင်စီ တိုက်လေယာဥ်လှည့် ဒေသခံတချို့ ကြိုတင် စစ်ရှောင်ရ

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဥ် ၅ စီးဖြင့် ကင်းလှည့်ခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ဒေသခံအချို့ ကြိုတင်စစ်ရှောင်ခဲ့ရကြောင်း သတင်းသိရသည်။

မိုးမိတ်မြို့

ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီမှစတင်ကာ မိုးမိတ်မြို့ နယ် အတွင်း အုန်းကြောကျေးရွာအုပ်စု အနီးတဝှိက် စစ်ကောင်စီမှ တိုက်လေယာဥ် ၅စီးဖြင့် ၁ နာရီကြာအောင် ကင်းလှည့်ခဲ့ရာ လွယ်မောက်ရွာခံများက ပန်ဆားဆေးကျေးရွာသို့ ကြိုတင် စစ်ရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ကောင်စီ တိုက်လေယာဥ်ဖြင့်ကင်းလှည့်သည့်တောင်ကြောတလျောက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းတည်ရှိသည့်နေရာြဖစ်သည်။

“စစ်တပ် တိုက်ရဟတ်ယာဥ်လာလှည့်တဲ့အတွက် လွယ်မောက်ရွာခံ ၅၀ ကျော်လောက်က ပန်ဆားဆေးရွာ ဘုန်းကြီး ကျောင်းနဲ့ စာသင်ကျောင်းတွေ ၊ တချို့လည်း အမျိုးတွေရှိတဲ့ အိမ်တွေဆီကို ကြိုတင်စစ်ရှောင် သွားကြတယ်၊ ဒီနေ့လည်း ပုန်ကန်ရွာ (မိုးဘုံရွာ)ကနေ စစ်ကား သုံးစီး လွယ်မောက်ဘက် တက်သွားတယ်” ဟု အမည်မဖော်လိုသူ အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် လွယ်မောက်ဘက် ကင်းလှည့်ပတ်မှုအပြီး မိုးမိတ်မြို့နယ်ရှိ ပုန်ကန်ရွာ (မိုးဘုံရွာ)၊ ပန်ဆားဆေးရွာ နှင့် တခြားအနီးပတ်ဝန်းကျင်ရှိ ရွာတို့မှ စာသင်ကျောင်းများလည်း ကျောင်းဆင်း ချိန်မတိုင်မီ ကလေးများကို ကျောင်းဆင်းခွင့်ပေးလိုက်ရကြောင်း သိရသည်။

“မွန်းလွဲပိုင်းရောက်တော့ ပန်ဆားဆေးကို စစ်ရှောင်တွေ ရောက်လာတယ်ဆိုတဲ့ သတင်းကြားလို့ ကျောင်းတွေ လည်း စောဆင်းပေးတယ်၊ စစ်တပ်လေယာဥ်လို့ ပြောတာနဲ့ ကြောက်ကြရတယ်လေ၊ တချို့တွေဆို ကတုတ် ကျင်းထဲ ဝင်ဖို့တောင် ပြင်ဆင်ထားတယ်” ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ တိုက်ပွဲသံများ မထွက်လာသေးသော်လည်း စစ်ကောင်စီဘက်မှ စစ်ကြောင်း လှုပ်ရှားမှုများ ရှိနေသဖြင့် စစ်ရှောင်ပြည်သူများနေရပ်မပြန်သေးသလို ဒေသခံများလည်း စစ်ရေးပြင်းထန်လာမှာကို စိုးရိမ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းမှာလည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် SSPP/SSA တပ်ဖွဲ့တို့သည် မိုးမိတ်မြို့နယ် ဟွေခမ်းတောကြောတွင် တိုက်ပွဲပြင်းထန်ခဲ့ဖူးသည်။

မိုးမိတ်မြို့နယ်အတွင်း SSPP/SSA တို့ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် မိုးမိတ်မြို့ အခြေစိုက် စစ်ကောင်စီ တပ်လက်အောက်ခံ ခလရ (၂၂၃)၊ (၂၇၆) နှင့် ခမရ (၃၄၈) တို့ ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...