တန့်ယန်းမြို့ ဝင်လာသည့် လိုင်စင်မဲ့ကား တစ်စီး ကျပ်ငွေ ၅သိန်း ကောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့အဝင်သို့ ဝင်လာသည့် လိုင်စင်မဲ့ ကားသစ်များကို တစ်စီးလျှင် ငွေကျပ် ငါးသိန်းနှုန်း ဖြင့် စစ်ကောင်စီများက အခွန်ကောက်ခံ တောင်းယူနေကြောင်း သတင်းသိရသည်။

တန့်ယန်းမြို့

တန့်ယန်းမြို့အဝင်တွင် တရားမဝင်ဂိတ်ကြေး၊ တံတားကြေး၊ တပ်ထိန်းကြေး၊ ယာဉ်ထိန်းကြေး အပါအဝင် တရားမဝင် ဆက်ကြေးများ ကောက်ခံလာဘ်စားပြီး လိုင်စင်မဲ့ကားတစ်စီးကို ငွေကျပ် ၅ သိန်း ကောက်ယူ တောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ အခွန်ကောက်ယူမှုများတွင် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲမှူး၊ ယာဉ်ထိန်းရဲတပ် ကြပ်တို့မှ ပူးပေါင်းကာ ငွေကြေးတောင်းခံမှုများ ပြလုပ်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ တန့်ယန်းဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“လားရှိုးဘက်ကပဲလာလာ ဘယ်ကပဲ လာလာ လိုင်စင်မဲ့ အိမ်စီး ကားကောင်းအသစ် တွေကို တစ်စီး ၅ သိန်းနှုန်းနဲ့ သူတို့က တောင်းတဲ့ငွေ မြို့ထဲ မဝင်ရဘူး၊ တချို့ကားသမားတွေ ပွဲစားတွေက လားရှိုး -တောင်ကြီးတွေဆိုရင် အဲ့ဘက် တိုက်ရိုက်မသွားဘဲ ဒီဘက်ကနေ ပတ်ပြီး သွားတဲ့လမ်းလည်းရှိတော့ အဲ့လိုမျိုးတွေကို သူတို့က စောင့်ပြီး ပိုက်ဆံကောက်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

တာကော်အက် တံတားလမ်းသည် တန့်ယန်းမြိုမှ ပန်ဆန်းမြို့နှင့် ထိစပ်လျက်ရှိသည့်အပြင် ဖြတ်သန်းသွားလာ သည့် လိုင်စင်ရှိ အိမ်စီးကားလည်း ၃ သောင်းထက်မနည်း အခွန်ဆောင်ရကြောင်း ဒေသခံများက ဆက်ပြောသည်။

ယခင် ကိုဗစ်အာဏာမဖြစ်ခင် နှင့် စစ်အာဏာသိမ်းမှု မဖြစ်ခင်တွင် တန့်ယန်းမြို့မှ ပန်ဆန်းမြို့ဘက် နွား၊ ဝက်၊ ဆိတ် များတင်ပို့လေ့ရှိသော်လည်း လက်ရှိအချိန်တွင် အခွန်များဈေးနှုန်းများ မြင့်တက်လာခြင်း၊ လမ်းခရီး လုံခြုံမှု မရှိခြင်းတို့ကြောင်း အလုပ်မဖြစ်တော့ကြောင်း သိရသည်။

“ဝက်တင်ကား (၁၂ ဘီး / ၆ ဘီး) တစ်စီးကို ငွေကျပ် ၁ သိန်း၊ ဆိတ်တင်ကား တစ်စီးကို ၃ သောင်း နဲ့ နွားတွေကို ဆိုရင် ၂ သိန်းကနေ စပြီးတော့ အခွန်ကောက်ရတယ်၊ အဲ့လို အခွန်တွေ ပေးရတာ တစ်နေရာလည်း မဟုတ်တော့ လုပ်တဲ့သူတွေအတွက် အရင်းမကိုက်တော့ အဲ့အလုပ်တွေလည်း မဖြစ်တာကြာပြီ”ဟု တန့်ယန်မြို့မှ အသက် ၄၀ကျော် ကားသမားတစ်ဦးက ပြောသည်။

တန့်ယန်းမြို့သည် စစ်အာဏာသိမ်းမှု မဖြစ်ခင်တွင် ကူးသန်းရောင်းဝယ်မှု နှင့် အေးချမ်းသာယာသော်လည်း လက်ရှိ စစ်အာဏာသိမ်း တစ်နှစ်ကျော်ကြာလာသည့်အချိန် အခွန်နှုန်းလည်း မြင့်တက်လာပြီး စားဝတ်နေရေးနှင့် ဝမ်းစာရှာဖွေ စားသောက်ရေး လည်း ခက်ခဲလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...