Sunday, February 5, 2023

ပုံးအင်းစပါးရေလွှမ်းမိုးပြီးနောက် တောင်သူများစားဝတ်နေရေးပိုကြပ်တည်းလား

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသအတွင်းစိုက်ပျိုးထားသည့် စပါးများရေလွှမ်းခံပြီးနောက်
တောင်သူများ စားဝတ်နေရေးယခင်ကထက်ပိုကြပ်တည်းလာကြောင်း တောင်သူများထံမှ စုံစမ်းသိရသည်

ပုံးအင်းဒေသ

ပုံးအင်း စပါးများသည် ပြီးခဲ့သည် (သြဂုတ်လ) တွင် ရေလွှမ်းမိုးခံခဲ့ရပြီးနောက် စပါးများအရှုံးပေါ်ခဲ့ရာ စားသုံးရန် ဆန်များမရှိသဖြင့် တောင်သူအချို့ လယ်ထဲ ရိတ်သိမ်းပြီး ကျချန်ခဲ့သည့်စပါးလက်ကျန်များကို သွားရောက်ကောက်ယူပြီး စားသုံးရန် စုဆောင်းနေရကြောင်း အသက် (၄၀) နှစ်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပုံးအင်းဒေသ အနိမ့်ပိုင်းမှာ စပါးများ ရေလွှမ်းမိုးခဲ့ရသော်လည်း အမြင့်ပိုင်း ဒေသရှိ စပါးများသည် ရေလွှမ်းမိုး မခံခဲ့ရသဖြင့် ပြန်လည်ရိတ်သိမ်းပြီးရကာ တချို့တောင်သူများသည် ရိတ်သိမ်းပြီးသော စပါးလက်ကျန်များကို သွားကောက်ယူကြောင်း ဆိုသည်။

“ တချို့က သူများရိတ်သိမ်းပြီး ကျန်နေတဲ့ စပါးပင်တွေ သွားကောက်တယ်။ ရေလွှမ်းမိုးမခံရတဲ့ အမြင့်ပိုင်း လယ်တွေမှာ သွားကောက်တာ။ ပထမတစ်ကြိမ် ရိတ်တဲ့ချိန်မှာ အချို့စပါးပင်လေးတွေက မပါသွားဘူး။ လက်ကျန် စပါးကိုတွေပေါ့ အဲ့ဒါကို သွားကောက်တာ။ ပုံးအင်းမှာက ကြွက်တွေလို၊ ငှက်တွေလိုပဲ ရှာစားရတော့တယ်“ ဟု ၎င်းအမျိုးသား တစ်ဦးကပြောသည်။

ပုံးအင်းရေကြီးမှု

သဘာဝဘေးအန္တာရာယ်ကြောင့် ရေကြီးရေလျှံကာ ပုံးအင်းစပါး ဧကပေါင်း နှစ်ထောင် ကျော်သည် ရေလွှမ်းမိုးခံခဲ့ပြီးနောက် စစ်ကောင်စီ၏ လက်အောက်ခံ ဦးစီးဌာနများမှ (သြဂုတ်လ ၁၇ ရက်) နေ့တွင် လာရောက် စာရင်းပြုစုခဲ့သော်လည်း လက်ရှိအချိန်ထိ ထောက်ပံ့ကြေးမရရှိသေးကြောင်း သိရသည်။

လက်ရှိ ရွှေရင်အေးဆန် (၄၆) အလေးချိန် တစ်အိတ်ကို (၁) သိန်းကျော်၊ ရွှေအပ်ဆန် (၄၆) အလေးချိန် တစ်အိတ်ကို (၈) သောင်းကျော်ထိ ဈေးနှုန်းမြင့်တက်တဲ့ ကာလမှာ ပုံးအင်းဒေသခံများ ဝယ်စားသုံးရန် အတွက်ကြပ်တည်းလာသည်။
“ အခုရွာထဲကလူတွေ ထိုင်းသွားကြကုန်ပြီ။ တစ်အိမ်ကို တစ်ယောက်နှုန်းကတော့ ထိုင်းနိုင်ငံထဲကို သွားကြတယ်။ ပုံးအင်းမှာက အလုပ်အကိုင်မရှိ၊ စားဝတ်နေရေး ခက်ခဲလာတော့ ဘယ်သူမှမနေချင်တော့ဘူး။ ကုန်ပစ္စည်း၊ ဆန် ဈေးတက်လာတော့ အိမ်နီးနားချင်းတွေနဲ့ မျှစားရတယ် “ ဟု ပုံးအင်းဒေသခံ အသက် (၃၀) နှစ် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီး (၂) နှစ်နီးပါး ကာလမှာ ပြည်တွင်းရှိ စပါးများ ဈေးမြင့်တက်လာသော်လည်း ကုန်သည်များသည် ပြင်ပသို့ တင်ပို့ဖို့ ဈေးကွက်မရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article