စပါးရေလွှမ်းမိုး
ပုံးအင်းစပါးရေလွှမ်းမိုးပြီးနောက် တောင်သူများစားဝတ်နေရေးပိုကြပ်တည်းလား
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသအတွင်းစိုက်ပျိုးထားသည့် စပါးများရေလွှမ်းခံပြီးနောက်တောင်သူများ စားဝတ်နေရေးယခင်ကထက်ပိုကြပ်တည်းလာကြောင်း တောင်သူများထံမှ စုံစမ်းသိရသည် ပုံးအင်း စပါးများသည် ပြီးခဲ့သည် (သြဂုတ်လ) တွင် ရေလွှမ်းမိုးခံခဲ့ရပြီးနောက် စပါးများအရှုံးပေါ်ခဲ့ရာ စားသုံးရန် ဆန်များမရှိသဖြင့် တောင်သူအချို့ လယ်ထဲ ရိတ်သိမ်းပြီး ကျချန်ခဲ့သည့်စပါးလက်ကျန်များကို သွားရောက်ကောက်ယူပြီး စားသုံးရန် စုဆောင်းနေရကြောင်း အသက် (၄၀)...





