Saturday, December 3, 2022

တောင်ကြီးတွင် မီးမကြာခဏပျက် လျှပ်စစ်ရှော့ဖြစ်မှာကို ဒေသခံမျာ စိုးရိမ်နေ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေသည့်အတွက်ကြောင့် ဝါယာကြိုး ရှော့ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သတင်းသိရသည်။

ဝါယာရှော့

လျှပ်စစ်မီးသည် ပုံမှန်လာခြင်း မရှိဘဲ ၃ နာရီခြားတစ်ကြိမ်လာပြီး၊ တစ်ကြိမ်ပြတ်တောက်နေကာ အိမ်ရှင်မ အနေဖြင့် ထမင်း၊ ဟင်းချက်ပြုတ်နေစဉ်တွင် ပိုခက်ခဲလာပြီး ဓာတ်အားမငြိမ်သက်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော ဝါယာရှော့မှုများကိုလည်း စိုးရိမ်နေရကြောင်း အသက် ၃၅နှစ်တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ထမင်းတည်ရင်း မီးကပျက်သွားတယ်။ တည်ထားတဲ့ ထမင်းတွေ အလကား သွန်ပစ်ရတာလည်း ကြုံရတယ်။လျှပ်စစ်မီးက ပုံမှန်မရှိဘူး။ ၃ နာရီခြားတစ်ခါ လာတယ်၊ ပြတ်တယ်” ဟု အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဝါယာရှော့

ထိုမီးမကြာခဏပျက်မှုကြောင့် လျှပ်စစ်မီးထက် ဂတ်စ်အိုးကို အားကိုးနေရကြောင်း၊ လက်ရှိမှာ ဂတ်စ်စျေးနှုန်လည်း ယခင်ကထက် စျေးမြင့်တက်လာသဖြင့် တောင်ကြီးဒေသခံများ ဒုက္ခရောက်နေကြသည်။

ယခင်က ၂ ပိသာခွဲ ဆန့် Gas အိုးတစ်လုံး အပြည့်ဖြည့်ရင် (၆,၀၀၀) ကျပ်သာကုန်ကျသော်လည်း ယခုတွင် (၁၃,၀၀၀) ကျပ်ထိ မြင့်တက်လာပြီး၊ မီးသွေး (၂၆) ပြည်အိတ်ဆန့် တစ်အိတ်သည်လည်း ယခင် (၇,၀၀၀) ကျပ်မှ ယခု (၁၀,၀၀၀) ကျပ်၊ ခိုလမ်ဘက်မှ မီးသွေးဆိုလျှင် တစ်အိတ်ကို (၂၀,၀၀၀) ကျော်ထိ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုလာသည့် တောင်ကြီးမြို့ပေါ်တွင် ယခု (နိုဝင်ဘာလ) အတွင်း ဝါယာရှော့ကြောင့် မီးလောင်မှု ၂ကြိမ်ရှိခဲ့ကြောင်း တောင်ကြီးအနောက်မြို့ပတ်လမ်းရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

“ မီးပြတ်သွားတဲ့ အချိန်မှာ ဝါယာကြိုးတွေ မဖြုတ်ရတာ၊ ပလက်ပေါက်ထိုးတာ တို့ရှိတယ်။ အဲ့ကြောင့် မီးပြန်လာတဲ့ အချိန်မှာ မကြည့်မိတော့ဘူး။ မီးကလာလိုက်၊ ပြတ်လိုက်တော့ ရှော့ဖြစ်ပြီး မီးလောင်တာပေါ့။ အခုအဲ့လိုတွေ အရမ်းသတိထားရတယ် “ ဟု ၎င်းက ပြောသည်။

လျှပ်စစ်မီးဝါယာရှော့ ဖြစ်ခြင်းသည် ချို့ယွင်းသော ပလက်ပေါက်များနှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်း၊ မီးခုံတွေပေါ်မှာ အများဆုံး သတ်မှတ်ထားသည့်ဝပ်အားထက် ကျော်လွန်ပြီး မီးလုံးများကို အသုံးပြုခြင်းမှ မီးလောင်မှုဖြစ်ပွားနိုင်ကြောင်း သိရသည်။

ထို့ပြင် Extension မီးကြိုးတစ်ခုတည်းနှင့် လိုင်းများခွဲပြီး အချိန်ကြာမြင့်စွာ အသုံးပြုခြင်း၊ ဟောင်းနွမ်းနေသည့် ဝါယာကြိုးများ အသုံးပြုခြင်း စသဖြင့် လျှပ်စစ်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားနိုင်ကြောင်းသည်။

Leave a Comments

- Advertisement -spot_img

Latest article