သီပေါမြို့ တစ်လနီးပါးပျောက်သည့်အမျိုးသမီး ယနေ့ထိ သတင်းမကြားရသေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်မြေ (၁) မြန်မာရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်လနီးပါးကြာပျောက်ဆုံးနေပြီး သတင်းမကြားရသေးကြောင်း စုံစမ်းသိရသည်။

တလနီးပါး ပျောက်ဆုံးနေသည့် သီပေါလူငယ်အမျိုးသမီး

ပျောက်ဆုံးနေသည့် အသက် ၂၂ နှစ်အရွယ်ရှိ မဆောင်းဟေမာန်ငြိမ်းဆိုသူဖြစ်ပြီး ယခုလ (နိုဝင်ဘာ ၅ ရက်) တွင် ကားအမဲရောင်တစ်စီးဖြင့် အမည်မသိ အမျိုးသား ၃ ဦးက ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းမိဘဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သမီးကို ပြန်မတွေ့သေးဘူး၊ အခုချိန်ထိ ဘာအဆက်အသွယ်မှ မရဘူးရှင့်။ ယောကျ်ားနောက် လိုက်ပြေးနေတာလား ဘာညာ စုံစမ်းတော့ အဲ့လိုလည်း မဟုတ်ပြန်ဘူး။ သမီးလေးနဲ့ ပြန်တွေ့ချင်တာထက် အကျိုးအကြောင်း ဘာဖြစ်သွားတာလဲ၊ ဘယ်လိုနေလဲ ဆိုတာကို သိချင်ပါတယ် “ ဟု ၎င်းမိဘဖြစ်သူက ပြောသည်။

လက်ရှိ မဆောင်းဟေမာန်ငြိမ်း ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ရဲစခန်းကို တိုင်ကြားထားသော်လည်း တစုံတရာမှ မထူးခြားလာသေးပေ။

အောက်တိုဘာ ၃၀ ရက်နေ့က မန္တလေးဘက်သို့ အလုပ်လုပ်ရန်သွားရာမှ နေအိမ်တစ်လုံးထဲတွင် ပိတ်လှောင်ခံခဲ့ရပြီးနောက် ပြန်လည် လွှတ်မြောက်လာခဲ့သူ မဆောင်းဟေမာန်ငြိမ်းမှာ ယခုလ (နိုဝင်ဘာ ၅ ရက်) တွင် အမျိုးသား ၃ ဦးက ထပ်မံခေါ် ဆောင်သွားခဲ့သည်။

“ မန္တလေးမှာ တစ်ခါ ပြန်လွှတ်လာတုန်းက သမီးကပြန်ပြောတယ်။ အမျိုးသား ၃ ယောက်တဲ့၊ အသက်ကတော့ နည်းနည်းကြီးပြီ မျက်မှန်အမဲရောင်တပ်ထားပြီး သူ့ကိုနေအိမ်တစ်လုံးထဲမှာ ပိတ်လှောင်ထားတယ်တဲ့။ အခု သူပျောက်သွားတုန်းကလည်း သူနဲ့အတူလိုက်သွားတဲ့ကလေးက ပြန်လာပြောပြတယ်။ မျက်မှန်အမဲရောင် တပ်ထားတဲ့ ဦးလေး ၃ ယောက်တဲ့ အစ်မကို ခေါ်သွားတယ် “ ဟု ၎င်း မိဘဖြစ်သူက ထပ်လောင်းပြောသည်။

ထို့အပြင် မဆောင်းဟေမာန်ငြိမ်းကို မည်သူမဆို တွေ့ရှိပါက ၎င်းမိဘများထံသို့ အကြောင်းကြား ပေးလိုစေကြောင်းနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များကို တိုင်ကြားထားခြင်း ပြုလုပ်ပေးစေလိုကြောင်း ၎င်းကမိဘအသိုင်းအဝိုင်းများက တောင်းဆိုထားသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် ကျောင်းသားတစ်ဦး ၉ ရက်ကြာ ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (၉)ရက်ကြာ ပျောက်ဆုံးနေပြီး ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) အထိ အဆက်အသွယ် မရသေးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် G-10 ဖြေဆိုထားသော...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...

မိုင်းပေါက်မြို့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် အလုပ်သွားလုပ်နေသည့် အသက် (၂၀) ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦး ၃ လကျော်ကြာ ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးသည် မိုင်းပေါက်မြို့တွင် အိမ်ဖော်အလုပ်ကို ၂၀၂၅ခုနစ် သြဂုတ် လမှ စတင်လုပ်ဆောင်ခဲ့ပြီး ၃ လကျော်ကြာ အလုပ်လုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်...