မိုးဗြဲ ပရဟိတကျောင်းနေ ကလေးငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ တောင်ပေါ်ဒေသရှိ ပရဟိတကျောင်းတစ်ကျောင်းတွင် နေထိုင်သည့် ကလေးငယ် ၃ ဦးသည် မြေမြှုပ်မိုင်း နင်းမိကာ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်းနင်းမိသူ

ယမန်နေ့ (နိုဝင်ဘာ ၂၇) ရက်တွင် မိုးဗြဲ ပရဟိတကျောင်းနေသည့် ကလေး (၃) ဦး တောထဲသွားစဥ် နေ့လည် ၁၂ နာရီ၌ မိုင်းနင်းမိပြီး အသက် ၁၅ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးမှာ ဦးခေါင်းတွင် မိုင်းကျည်စ ထိမှန်သွားခဲ့ကြောင်း Mobye Rescue Team မှ တော်လှန်ရေး မဟာမိတ်များနှင့် ပူးပေါင်းကာ သွားရောက်ကူညီခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးတွေ တောင်ပေါ်မှာရှိတဲ့ ပရဟိတကျောင်းမှာနေတယ်။ သူတို့ တောထဲမှာ သွားဆော့ကစားရင်း မြေမြှုပ်မိုင်းကို နင်းမိတာ။ တစ်ယောက်က ဦးခေါင်းကို မိုင်းကျည်စထိလို့ ဆေးရုံတစ်နေရာကို ပို့ထားလိုက် ရတယ်။ ကျန်တဲ့ ကလေး ၂ ယောက်ကတော့ ဘယ်ခြေထောက်၊ ဒူးတွေမှာ ထိခိုက်ဒဏ်ရာတွေ ရသွားတယ် “ ဟု ၎င်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းနင်းမိသော ကလေးငယ်များသည် အသက် ၁၂ နှစ်၊ ၁၅ နှစ်နှင့် ၁၆ နှစ် အရွယ် ကလေးငယ်များ ဖြစ်ကြသည်။

တောင်ပေါ်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မြေမြှုပ်မိုင်းများ ရှိနေသဖြင့် တောထဲသွားလာပါက သတိထားရန် PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“တချို့တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာမှာ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းတွေကတော့ ရှိကောင်းရှိလိမ့်မယ်။ မိုင်းတွေက အကုန်လုံး မရှင်းလင်းရသေးဘူး။ မသွားသင့်နေရာမှာ မသွားဖို့တော့လိုတယ်။ သွားနေရင်လည်း သတိထားရမယ် “ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက် ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ၇ နှစ် ကလေး တစ်ဦး နှင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...