ကျောက်မဲမြို့နယ် သျှမ်းနှစ်သစ်ကူးပွဲတော်ထဲ လောင်းကစားဝိုင်းများပါရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်သည့် ၂၁၁၇ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် လောင်းကစားဝိုင်းများ ပါဝင်ကြောင်း သတင်းရရှိသည်။

ကုန်းသာလောင်းကစားဝိုင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှစပြီး လက်ရှိအချိန်ထိ ကုန်းသာကျေးရွာထဲတွင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်နေပြီး လောင်းကစားပါရှိကြောင်း ကျောက်မဲ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့ သျှမ်းနှစ်သစ်ကူးနဲ့ပွဲထဲမှာ လောင်းကစားဝိုင်းတွေထည့်ပြီးလုပ်နေတာ။ အခုထိလည်း လုပ်နေသေးတယ်။ သူတို့လောင်းကစားဝိုင်းက အရင်က တစ်နေရာဖွင့်နေတာ။ ပြီးမှ ကုန်းသာက သျှမ်းနှစ်သစ်ကူးပွဲမှ ပြောင်းလာပြီး ဖွင့်ပေးတာ” ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ကျောက်မဲမြို့ နယ်တွင် လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းသည် မဖြစ်သင့်ကြောင်း၊ ရိုးရာပွဲဖြစ်သောကြောင့် လောင်းကစားပွဲ မပါဝင်သင့်ကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ ရိုးရာပွဲမှာ လောင်းကစားလာဖွင့်တာတော့ မကောင်းဘူးလေ။ သူတို့ ဘုရားပွဲတွေမှာ ဖွင့်တာတော့ ဘာမှ မပြောလိုပါဘူး။ အခုက ကျနော်တို့ သျှမ်းရိုးရာပွဲမှာ လာဖွင့်တော့ ဒါက ကောင်းတဲ့ ဓလေ့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ သျှမ်းနှစ်သစ်ကူးပွဲတော် ပြုလုပ်ရန်အတွက် ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌက ခွင့်ပြုပေးခဲ့ပြီး လောင်းကစားဖွင့်လှစ်ရန်အတွက် ခွင့်မပြုထားကြောင်း သိရသည်။

ထိုသို့ လောင်းကစားဖွင့်လှစ်ခြင်းကို ယခုကာလအနေဖြင့် အရေးယူဆောင်ရွက်ရန် ခက်ခဲသောကြောင့် ပြုလုပ်သူများသည် မိမိအသိစိတ်ရှိသင့်ကြောင်း ယခုလို ရိုးရာပွဲမှာ လောင်းကစားဝိုင်း ပြုလုပ်သောကြောင့် ဆိုးကျိုးအများကြီးရှိကြောင်း ပြောသည်။

“ ကျနော်တော့ ပွဲလုပ်ဖို့ ခွင့်ပြုထားတယ်။ လောင်းကစားဝိုင်းတော့မပါခိုင်းဘူး။ မြို့ပေါ်မှာတော့ ကျနော်တို့တားထားတယ်။ ဒီလိုမျိုး ရိုးရာပွဲမှာ လောင်းကစား လာလုပ်တာဟာ ဆိုးကျိုးတွေပဲရှိတယ်။ အခုလို စီးပွားရေး မကောင်းတဲ့ချိန် လောင်းကစားလုပ်ကြတော့ ပိုပြီးဆင်းရဲကြတယ်။ ကိုယ်မကောင်းတာလုပ်ရင်တော့ မကောင်းတဲ့ အကျိုးတွေ ကိုပဲခံစားရမယ်။ အခုလို ခေတ်ကာလနဲ့ကလည်း အရေးယူဆောင်ရွက်ဖို့ကလည်း ခက်တယ်” ဟု ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းကို ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု တောင်နောက်ကျေးရွာနေ ဦးဝင်းထွန်းက ဦးဆောင်ပြီး လုပ်ဆောင်ပေးနေကြောင်း ဒေသခံ ပြောပြချက်အရ သိရသည်။

ထို ဦးဝင်းထွန်းသည် တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း ၁ လကို သိန်း ၁၅၀ ထိ အခွန်ဆောင်ပေးပြီး ဌာနဆိုင်ရာ မြို့နယ်များကိုလည်း တစ်ရက်ကို ၂ သိန်း မှ ၃ သိန်းထိ အခွန်ပေးဆောင်ရကြောင်း သိရသည်။

“ သူက TNLA ၊ SSPP/SSA တွေကိုကော အခွန်ပေးပြီးဖွင့်တာ။ ၁ လကို သိန်း ၁၅၀ ပေးရတယ်တဲ့။ သူက ကျောက်မဲမြို့နယ် ထဲပဲနေတာ။ ပြီးတော့ မြို့နယ်က ဌာနဆိုင်ရာတွေကိုလည်း တစ်ရက် ၃ သိန်းလောက်ထိ အခွန်ဆောင် ရတယ်တဲ့” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း သျှမ်းပြည်အတွင်းရှိ ဘုရားထီးတင်ပွဲ အပါအဝင် နေရာအနှံ့ လောင်းကစားဝိုင်းများ ထည့်သွင်းလာကြသည်။

ထိုလောင်းကစားဝိုင်း ထည့်သွင်းသည့်ကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များ၊ နယ်မြေလှုပ်ရှားနေသည့် လက်နက်ကိုင်များ ကလည်း အခွန်ရရှိမှုကြောင့် တရားဝင်ခွင့်ပြုနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...