သီပေါမှ စစ်ဘေးရှောင် တချို့ စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေရပ်ပြန်ရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကုန်းသာကျေးရွာအုပ်စု ဒေသခံပြည်သူများ တချို့သည် စိုးရိမ်ကြောက် လန့်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း သတင်း သိရသည်။

သီပေါစစ်ရှောင်

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သီပေါမြို့ ဘိုးတော်အောင်မင်္ဂလာ ကျောင်းတိုက်သို့ ရောက်ရှိလာသော ကုန်းသာကျေးရွာအုပ်စုမှ ဒေသခံ ၄၀၀ ကျော်တို့သည် စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း စစ်ရှောင်ကူညီပေးနေသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ တပ်သားတွေကတော့ ရွာက စာသင်ကျောင်းထဲမှာ စခန်းချ နေရာယူထားနေတုန်းပဲ၊ ဒါပေမယ့် စစ်ရှောင်တွေကလည်း စားဝတ်နေရေးတွေ ခက်ခဲနေကြတာ ဆိုတော့ ပြန်သွားကြတာ၊ သူတို့ဆီ စိုးရိမ်စိတ် ကြောက်လန့်စိတ်တော့ ရှိနေမှာတော့ အမှန်ပဲ” ဟု သီပေါမြို့မှ စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ရှောင်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာကြ သူများဖြစ်ကြသည်။

လက်ရှိတွင် ကုန်းသာကျေးရွာရှိ စာသင်ကျောင်း၌ စစ်ကောင်စီတပ်သားတို့မှ နေရာယူ စခန်းချထားလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ဒေသခံ နေအိမ် ၂၀ အိမ်ခန့်က ကျည်ထိမှန် ပျက်စီးနေကြောင်းလည်း သတင်းသိရ သည်။

“သေနတ်ကျည်တွေ ထိမှန်ထားတဲ့ အိမ်တွေကို ပြန်ပြင်ဖို့အတွက် ပြန်သွားတဲ့သူ ရှိသလို စာသင်ကျောင်းနဲ့ အိမ် နီးတဲ့ တချို့ကလည်း အိမ်မပြန်ရဲကြသေးဘူး၊ ဗမာစစ်သားတွေကို ကြောက်လို့လေ၊ ကျည်ထိလို့ ပျက်စီးတဲ့ အိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက်လည်း အကူအညီတွေ လိုအပ်ပါတယ်” ဟု စစ်ရှောင်ကူညီသူက ဆက် ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်း ၅ နာရီတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ နှင့် SSPP/SSA တို့၏ ထိတွေ့တိုက်ပွဲသည် ငြိမ်သက်သွားသဖြင့် စစ်ရှောင်တချို့က နေရပ်ပြန်သွားရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ စခန်းချ နေထိုင်သော စာသင်ကျောင်းနှင့် အိမ် နီးသည့် နေရပ်မပြန်နိုင်သေးသည့် ကုန်းသာကျေးရွာ အုပ်စုမှ ဒေသခံများသည် အိမ်ထောင်စု ၁၀ စုကျော်ခန့် ရှိနေပြီး ဘိုးတော် အောင်မင်္ဂလာ ကျောင်းတိုက်တွင်ပင် ဆက်လက် နေထိုင်ရသေးကြောင်းလည်း သိရသည်။

ထိတွေ့တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း စစ်ကောင်စီနှင့် SSPP / SSA တို့သည် နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာနေလျက်ရှိကြောင်းလည်း သတင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...