Wednesday, January 28, 2026

နေရပ်မပြန်သေးသည့် သီပေါစစ်ဘေးရှောင် မိခင်နှင့် ကလေးဆေးကုသရန် အကူအညီ လိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ စစ်ဘေးရှောင်ရောက်လာသည့် ကုန်းသာမှ စစ်ရှောင် မိခင် နှင့် ကလေးသည် ဆေးကုသရန်အတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။

ဆေးစရိတ်လိုအပ်နေတဲ့ ကလေးငယ်

ကုန်းသာကျေးရွာအုပ်စုမှ ရပ်ကွက် ၁ တွင် နေထိုင်သူ နေရပ်မပြန်ရသေးသည့် အသက် ၃၁နှစ်အရွယ်ရှိ စစ်ရှောင် နန်းခမ်းလူ နှင့် အသက် (၃)နှစ်အရွယ်ရှိ သမီး နန်းစံဟွမ် တို့ ဆေးကုသမှုခံယူရန် အကူအညီများ လိုအပ် နေကြောင်း စစ်ရှောင်ကူညီပေးနေသည့်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးက ချွဲကျပ်သလိပ်ကပ် ရောဂါဝေဒနာခံစားနေရတာပါ၊ သီပေါဆေးရုံမှာ တင်ထားပြီး မနေ့ကနေ ဒီနေ့ အထိ အောက်စီဂျင်ပေးထားရတယ်၊ နန်းခမ်းလူမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်၊ သားဖြစ် သူကလည်း ဖျားနေတယ်၊ သားကိုအဖွားက ကြည့်ထိန်းပေးရတယ်၊ မိသားစုက မပြည့်စုံတော့ ဆေးကုသမှုတွေ ခက်ခဲနေတယ်” ဟု စစ်ရှောင်ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နန်းခမ်းလူတို့မိသားစုသည် ကုန်းသာကျေးရွာအတွင်း SSPP/SSA နှင့် စစ်ကောင်စီတို့ တိုက်ပွဲကြောင့် စစ်ဘေး ရှောင် လာခဲ့ရသူများဖြစ်ကြပြီး လက်ရှိတွင် သီပေါမြို့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

လက်ရှိတွင် ကုန်းသာနေရပ် မပြန်ရသေးသည့် ကုန်းသာကျေးရွာမှ ဒေသခံများ အိမ်ထောင်စု ၁၀ ကျော် ကျန်ရှိ နေသေးပြီး စားနပ်ရိက္ခာအကူအညီ နှင့် အနွေးထည်အကူအညီများ လိုအပ်နေသေးကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက် တွင် သီပေါမြို့ ဘိုးတော်အောင်မင်္ဂလာ ကျောင်းတိုက်သို့ ရောက်ရှိလာသော ကုန်းသာကျေးရွာအုပ်စုမှ ဒေသခံ ၄၀၀ ကျော်တို့သည် စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေရပ်ပြန်သွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...