သျှမ်းမြောက် PDF အချင်းချင်းကြားသတ်ဖြတ်မှုရဲ့နောက်ကွယ်

အိမ်အောက်ထပ်က ရုတ်တရက် ထွက်ပေါ်လာတဲ့ “ သစ္စာဖောက်ကောင်တွေ အကုန်သတ် ..အကုန်သတ်” ဆိုတဲ့အတူ ဒုန် ..ဒိုင်း သေနတ်သံတွေကြောင့် ကိုဆာဒန်တစ်ယောက် ထိတ်လန့် ကြောက်လန့်မှုတွေဖြစ်ကာ သတိတချက် လွှင့်ထွက်သွားပါတယ်။

သျှမ်းမြောက် PDF

အဲ့အချိန်မှာ ကိုဆာဒန်တယောက် အိမ်ပေါ်ထပ်မှာနေပြီး စိတ်လှုပ်ရှားနေပေမယ့် ပြတင်းပေါက်ကိုမြင်လိုက်ရတဲ့ သူ့အသက်ထပ်ရှင်ဖို့အတွက် ပြတင်းပေါက်ကနေ ခုန်းဆင်းပြီး ထွက်ပြေး လွှတ်မြောက်ခဲ့ပါတယ်။

“ အဲချိန်တုန်းကတော့ ကြောက်တာပေါ့။ လန့်လည်းလန့်တယ်။ ခြေမကိုင်မိ လက်မကိုင်မိပဲ။ အသက်ရှင်ဖို့ ပြေးရတာပဲ။ ဘယ်လိုမျိုးတံခါးပေါက်ပေါ်ကနေ ခုန်ချခဲ့လဲတောင်မသိဘူး” ဟု ကိုဆာဒန်က ထွက်ပြေးခဲ့စဉ်က ပုံရိပ်ကို ပြောပြပါတယ်။

ကိုဆာဒန်ဟာ သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

ဧပြီလဆန်းပိုင်းက စပြီး PSDA အဖွဲ့ခေါင်းဆောင် အပြောင်းအလဲနဲ့ ငွေကြေးသုံးစွဲမှု မရိုးသားတဲ့အတွက် ကိုဆာဒန်၊ ကိုလှိုင်းကြီးနဲ့ ကိုမုန်တိုင်း တို့ဟာ နိုဝင်ဘာ ပထမ ကနေစပြီး နှုတ်ထွက်ခဲ့ပြီး၊ ဟီးရိုး၊ စိန်ကြီး နဲ့ သူရတို့ကို PSDA မှ တပ်ပြေးဟု နိုဝင်ဘာ ၁၅ရက်က ထုတ်ပြန်ခဲ့ပါတယ်။

သျှမ်းမြောက် PSDA

PSDA ကနေ ခွဲထွက်လာသူ (၁၄)ဦးထိရှိလာပြီး မူဆယ်မြို့ တနေရာမှာ စုနေကြတဲ့ နေအိမ်ကို PSDA အဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၃ရက် ည ၈နာရီမှာရောက်ရှိလာကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။

သျှမ်းမြောက် PDF

အဲ့ပစ်ခတ်မှုကြောင့် ခွဲထွက် PSDA မှ (၆)ဦးသေဆုံးခဲ့ပြီး၊ ၄ ဦးကို PSDA အဖွဲ့က ဖမ်းဆီးသွားခဲ့တယ်။ ပစ်ခတ်မှုကြောင့် ကိုဆာဒန် အပါအဝင် (၄)ဦး လွတ်မြောက်ခဲ့ပါတယ်။

“ ကျနော်တို့နေတဲ့ အိမ်ထဲကို ဒုဗျူဟာမှူး ကျော်ကြီး ဦးဆောင်တဲ့ PSDA အဖွဲ့က ရောက်လာပြီး သေနတ်နဲ့ ပစ်တော့တာပဲ။ အိမ်အောက်က (၅)ယောက် သေသွားတယ်။ ကျနော်က ပြတင်းပေါက်ကနေ ခုန်ဆင်းပြီးလွှတ်လာတယ်။ အိမ်ပေါ်မှာ ကျန်တဲ့ တယောက်လည်း သတ်ခံလိုက်ရတယ်။ ၄ယောက်တော့ ဖမ်းမိသွားတယ်” လို့ ထွက်ပြေးလွတ်မြောက် လာတဲ့ ကိုဆာဒန် က ပြောပါတယ်။

ကိုဆာဒန်နဲ့အတူ လွတ်မြောက်လာတဲ့သူ (၄)ဦးရှိရာ၊ အဲ့ထဲမှာ (၂)ဦးက ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်။

“ဟီးရိုးဆိုတဲ့တယောက်က ဒဏ်ရာစိုးရိမ်ရတယ်။ သူက အိမ်နောက်ဖေးကနေထွက်ပြေးလာတာ။ လက်နဲ့ခြေထောက် ထိတယ်။ အသက်အန္တရာယ်ထိတော့ မစိုးရိမ်ရဘူး။ မောင်စိန်ကတော့ ကျည်ရှပ်ထိထားတာ” လို့ ကိုဆာဒန်က ပြန်ပြောပြ ပါတယ်။

လတ်တလောမှာတော့ PSDA ခွဲထွက်လာထဲမှ ကျည်ထိမှန်တဲ့ ၂ ဦးကို ဆေးကုသခံယူနေကြောင်းလည်း သူက ဆိုပါတယ်။

PSDA ကို စတင်ဖွဲ့စည်းချိန်က ဒေါနသံလွင် ဦးဆောင်ပြီး လွန်ခဲ့တဲ့ မတ်လက ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေါနသံလွင် ကျဆုံးသွားခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ PSDA ရဲ့ ဒု ဗဟိုမှူးတာဝန်ခံ ရွှေလီက ရာထူးတက်လာပြီး PSDA ဦးဆောင်ပါတယ်။

သျှမ်းမြောက် PDF

ဒေါနသံလွင်စတင်ဖွဲ့စည်းချိန်ကို PSDA မှာ တပ်သား ၃၀၀ ကျော်ရှိခဲ့ပါတယ်။ ရွှေလီတက်အုပ်ချုပ်ခဲ့တဲ့အချိန်မှာ ၉ လ သာကာလအတွင်း အများကြီးပြောင်းလဲသွားပါတယ်။

“ တပ်ပျက်နေပြီးလို့ပြောလို့ရပါတယ်။ ကျနော်တို့ ထွက်လာခဲ့တုန်းက အယောက် ၂၀ လောက်ပဲကျန်တော့တယ်။ သူအုပ်ချုပ်တာ ၉ လအတွင်း ထွက်ကျတဲ့သူတွေများတယ်။ တစ်ချို့လည်း တစ်ခြားအဖွဲ့နဲ့ပေါင်းတယ်။ တစ်ချို့လည်း ပြည်ပ နိုင်ငံခြားသွားကြတယ်” လို့ ကိုဆာဒန်က စိတ်မကောင်းစွာ ပြောပါတယ်။

ဒေါနသံလွင် မကျဆုံးချိန်က တပ်ဖွဲ့အတွက် ငွေကြေး ဘတ်ဂျတ် သိန်း ၄၀၀၀ ထိကျန်ရှိထားပြီး ရွှေလီက တက်လာ အုပ်ချုပ်ချိန်တွင် တပ်ဖွဲ့တွင်း ကမောက်ကမာ တွေ စတင်ဖြစ်လာတယ်လို့ PSDA ခွဲထွက် တပ်သား ကိုဆာဒန် ပြောပြပါတယ်။

PSDA ကို ရွှေလီ ဦးဆောင်လာတဲ့နောက်ပိုင်းမှာ တပ်ဖွဲ့ဝင် ငွေကြေးသုံးစွဲမှုကို လက်အောက်ငယ်သားတွေကို တိုင်ပင်ပြီး လုပ်ဆောင်တာမရှိတဲ့အပြင် ကိုယ်ကျိုးတွေအတွက် သုံးဆောင်နေကြောင်းကို PSDA ခွဲထွက် တပ်သားတွေက ပြောလာပါတယ်။

သျှမ်းမြောက် PDF

ဒါ့ကြောင့် PSDA တပ်သား ကိုဆာဒန်တို့ အုပ်စုဟာ ဒေါနသံလွင်ဆိုတဲ့နာမည်နဲ့ တပ်ဖွဲ့အသစ်ဖွဲ့ရန် ကြိုးစားနေချိန် အခုလို ပစ်ခတ်ခံရကြောင်းလည်း သူက ပြန်ပြောပြလာပါတယ်။

“ ကျနော်တို့ ဆရာဒေါနသံလွင်နာမည်နဲ့ အဖွဲ့အသစ်ဖွဲ့ဖို့ လုပ်နေတယ်။ လိုဂိုတွေဘာတွေလည်းပြီးသွားပြီ။ အဲ့ချိန်မှာ ပစ်ခံရတော့ အားလုံးပျက်စီးကုန်ပြီ။ကျနော်တို့ ကျန်နေတဲ့လူတွေနဲ့ ပြန်ပြီးအဖွဲ့သစ်စမှာပါ” လို့ ကိုဆာဒန် က အဖွဲ့သစ် တည်ထောင်ရန် ကြိုးစားနေတဲ့အကြောင်းကို ပြောလာပါတယ်။

“ ပြည်သူတွေဆီကနေ ရတဲ့ ပိုက်ဆံတွေကို ရဲဘော်တွေကိုလည်း မတိုင်ပင်ကြဘဲသုံးတာ။ ပြီးတော့ ရှေ့တန်းရောက် ရဲဘော်တွေက လက်ဖက်ရှူးရှဲနဲ့ပဲစားနေချိန် အပေါ်ကတော့ အိုင်ဖုန်းနောက်ဆုံးပေါ်တွေ ဝယ်တာ ကိုယ်ကျိုးအတွက်သုံးတာ တွေရှိတယ်” လို့ သူက ပြောပါတယ်။

ရွှေလီဦးဆောင်နေတဲ့ လက်ရှိ PSDA အဖွဲ့အနေနဲ့ကတော့ အခုလို ဖြစ်စဥ်မျိုးမဖြစ်စေချင်ကြောင်း၊ ကိုဆာဒန်တို့ (၁၄)ဦးဟာ PSDA တပ်ဖွဲ့မှ တပ်ပြေးတွေဖြစ်တဲ့အတွက် လိုက်ဖမ်းရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရကြောင်း PSDA ရဲ့ လက်ရှိ အမည်မဖော်လိုတဲ့ တာဝန်ခံ က ပြောလာပါတယ်။

“ အချင်းချင်းလို့ ပြောတာထက် တပ်ပြေးတွေ ပြောရင် ပိုအဆင်ပြေတယ်။ ကျနော်တို့ ဒီဘက်ကနေပြီးတော့ တပ်ပြေးတွေ လိုက်ဖမ်းတယ်။ သူတို့ဘက်က စပစ်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှုရှိကြတယ်။ ကျနော်တို့ဘက်ကလည်း ပြန်ပစ်တယ်။ သူတို့ဘက်က သေဆုံးမှု ၆ ယောက်လောက်ရှိပါတယ်။ ၄ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်”လို့ ၎င်းတာဝန်ခံက ပြောပါတယ်။

တပ်ပြေး (၁၄) ဦးကို သေနတ်နဲ့ပစ်ခတ်ပြီး သတ်ရတာဟာ PSDA ရဲ့ တပ်စခန်းတည်နေရာ နဲ့စည်းကမ်းလုပ်ရပ်တွေကို သိရှိနေခြင်းကြောင့်နဲ့ တစ်ခြားတပ်ဖွဲ့ကို ပူးပေါင်းသွားနိုင်တဲ့ အလားအလာရှိတဲ့အတွက် ပြုလုပ်ရခြင်းဖြစ်တယ်လို့ PSDA တာဝန်ခံက ဆိုပြန်ပါတယ်။

“တပ်ကနေ ဘာကြောင့် ပြေးသွားလဲဆိုတော့ ပြောလို့မရသေးဘူး။ နောက်ကွယ်က နိုင်ငံရေးသမားတွေ ပါနေတာကြောင့်ပါ။ ဒီလိုမျိုး ဖမ်းဆီးသတ်ဖြတ်တာလည်း ဖြစ်လည်းဖြစ်သင့်တယ်။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဘာလို့ဖြစ်သင့်လည်းဆို သူတို့က တပ်စခန်း တည်နေရာသိတယ်။ စည်းကမ်းသိတယ်။ တစ်ခြားရန်သူတွေနဲ့ သွားပူးပေါင်းမှာလည်းကြောက်ရတယ်” လို့ သူက ဖြည့်စွတ်ပြောပါတယ်။

PSDA တပ်ဖွဲ့ထဲ တစ်ဦးဖြစ်ပြီးပါက တပ်ကနေ အပြီးပိုင် ထွက်ခွာခြင်းမရှိကြောင်း တပ်စည်းကမ်းအရ ချမှတ်ထားပါတယ်။

သျှမ်းမြောက် PDF

“ ပြန်ချင်ရင်တော့ရတယ်။ အပြီးပိုင်ထွက်လို့တော့မရဘူး။ ပြန်ချင်ရင်လည်း လမ်းစရိတ် စီစဉ်ပေးတယ်။ ဝင်လာပြီး ထွက်ရင်တော့ တပ်ကလည်း ဗရမ်းဗတာ ဖြစ်သွားလိမ့်မယ်။ တစ်ချို့ အကြောင်းအရာတွေကြောင့်ဆိုရင် ပြန်လွှတ်ပေး တာရှိတယ်” ဟု ၎င်းက ပြောသည်။

PSDA တပ်ဖွဲ့သား အချင်းချင်းအပြန်အလှန် ပစ်ခတ် သတ်ဖြတ်ပြီးနောက်ပိုင်းမှာ ကျန်ရှိနေတဲ့ PSDA ကို သျှမ်းမြောက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက တင်းကြပ်စွာ ကိုင်ဆောင်ထားပါတယ်။

PSDA တပ်ဖွဲ့ က အမျိုးသား ညီညွတ်ရေးအစိုးရ NUG လက်အောက်မှာ တိုက်ရိုက်ရှိတဲ့ အဖွဲ့မဟုတ်ပေမယ့် အဆက်အသွယ် တော့ ရှိကြပါတယ်။

“ လက်နက်ကိုင်တပ်ဖွဲ့တွေကို သေချာစည်းကမ်းတကျ ထိန်းချုပ်မှု မရှိရင်တော့ ဒီလိုပြဿနာတွေက ရှိလာမှာပဲ။ အဓိကတော့ ငွေကြေးတွေများလာရင်တော့ ပြဿနာက ဖြစ်ကိုဖြစ်လာမယ်။ သေနတ်ကိုင်သူ အချင်းချင်းဆိုတော့ သတ်ကြမှာပဲ” လို့ သျှမ်းမြောက်တွင် လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦးက အခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

လက်နက်ကိုင်တိုင်းမှာလည်း ပေါ်လစီရှိသလို ငွေကြေးစိစစ်သုံးစွဲမှုတွေလည်း အလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ် ဖြစ်ကာ ထိန်းချုပ်တဲ့ခေါင်းဆောင်ပိုင်းလည်း တမာတမတ်ရှိဖို့လိုအပ်ကြောင်း ၎င်းကပြောပါတယ်။

“ တပ်ဖွဲ့ဝင်အချင်းချင်း ပြဿနာတော့ရှိကြတာပဲ။ ဒါပေမယ့် ထိန်းချုပ်တဲ့သူတွေ ခေါင်းဆောင်ပိုင်းတွေက တမာတမတ် ဖြစ်ရင်တော့ မထင်မှတ်တာတွေဖြစ်လာနိုင်တယ်” လို့ လည်းသူက ထပ်လောင်းပြောပါတယ်။

သျှမ်းမြောက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အချင်းချင်းကြားသွေးချောင်းစီးအောင် ကျူးလွန်သူတို့ရဲ့ စက်ဆုတ်ဖွယ် လုပ်ရပ်တွေအပေါ် ရှမ်းပြည်နယ် မြောက်ပိုင်းမဟာမိတ်တပ်ရင်း(NSSAA) က အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်းလည်း နိုဝင်ဘာ ၂၆ရက်က ထုတ်ပြန်ခဲ့ပါတယ်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းတွေမှာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့ PSDA ဦးဆောင်တာဝန်ခံရာထူး ရွှေလီ ဟာ အဖွဲ့အစည်းပိုင် သိန်းထောင်ချီတဲ့ အလှူငွေ အလွဲသုံးစားပြုလုပ်တာ၊ ငွေကြေးဖောင်းပွမှုတွေကို စာရင်းလိမ်လည်ဖန်တီးတာ၊ လက်အောက်ရဲဘော်တွေကို အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးတာ၊ ပြုလုပ်နေတဲ့အတွက် ရဲဘော်တွေက နုတ်ထွက်ခဲ့ရတယ်လို့ NSSAA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို တပ်သားအချင်းချင်းကြား သတ်ဖြတ်မှုဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မှာလည်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် PDF တပ်သားအချင်းချင်းလည်း သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

တပ်သားအချင်းချင်းဖြစ်ခဲ့ဖူးကြပြီး အခုလို ညှိနှိုင်းမှုမရှိဘဲ ရုတ်တရက် လာရောက်ပစ်ခတ်တဲ့အပေါ် စိတ်မကောင်းကြောင်း ကိုဆာဒန်က ပြောပါတယ်။

“ ညီအကိုအချင်းချင်း ညှိနှိုင်းလို့ရတဲ့အရာကို မညှိဘဲ လုပ်တဲ့အတွက် ဝမ်းနည်းတယ်။ ကျနော်ကတော့ အခက်အခဲ ဘယ်လောက်ရှိရှိ တော်လှန်ရေးကို ဆက်လုပ်သွားမယ်” လို့ ကိုဆာဒန်ကတော့ ပြတ်သားစွာ ပြောလာပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်တွင်း စိုးရိမ်ဖွယ်ရာ လိင်နှင့်ဂျဲန်ဒါ အကြမ်းဖက်မှုပုံစံများ ဖြစ်ပွားနေဟု ‘စွမ်း’ ထောက်ပြ

0
သျှမ်းပြည်တစ်ဝှမ်း လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း) က အစီရင်ခံစာ အသစ်တစ်စောင် ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် ထုတ်ပြန်သည့် “အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင်...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

0
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ...