မူဆယ် လောင်းကစားရုံ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲ
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် (၁) လမ်းတွင် ဖွင့်လှစ်နေသော လောင်းကစားရုံ တစ်ခု၌ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၉) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်...
စစ်ရေးပဋိပက္ခ နဲ့ ကိုဗစ် ကြောင့် ပိတ်ထားသည့် ကျိုင်းတုံ – မိုင်းလား တာပင်းဂိတ် ပြန်ဖွင့်လှစ်
သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းလား ဒေသအတွင်း စစ်ရေး နှင့် ကိုဗစ် ကူးစက်ပျံ့နှံ့မှုများကြောင့် ၅ နှစ်ကျော်ကြာ ပိတ်ထားရသည့် ကျိုင်းတုံ - မိုင်းလားလမ်းပေါ်ရှိ တာပင်းဂိတ် ပြန်လည်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ နှင့် မိုင်းလားဒေသ အတွက် အထူးအရေးပါသော လမ်းကြောင်းဖြစ်သည့် တာပင်းဂိတ်...
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရွှေဆိုင်ကို ဓားပြတိုက်သည့်အမျိုးသား တာချီလိတ်ဘက်ခြမ်းတွင် ဖမ်းဆီးရမိ
SHAN -
ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ဆိုင်တွင် ဓားပြတိုက်ခဲ့သည့် အမျိုးသား တစ်ဦး ကို မြန်မာဘက်ခြမ်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၆) ရက်က အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦး...
ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက် ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pekhon PDF) တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲသည် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် စစ်ကောင်စီက...
ရပ်စောက်က တပ်သား ၂၀ ကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးနေ
သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ - ၅၀၈) တပ်သား ၂၀ ကျော်တို့သည် လက်နက်ခဲယမ်း နှင့်အတူ ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရပ်စောက်မြို့ အဝင်ရှိ စစ်ကောင်စီတပ်...
လဲချားလူငယ် တစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေ
SHAN -
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ် လဲချားမြို့တွင် နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့ မနက် (၉) နာရီခန့်က နေအိမ်မှ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။ “ဒီနေ့ထိတော့...
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများကို ပိုပြီးစစ်ဆေးသွားမည်ဟု ထိုင်းအာဏာပိုင်ကြောညာ
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်မှ စစ်ဆေးမှုတင်းကြပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ကြောညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များ တားမြစ်ထားသည့် အလုပ်များကို လုပ်ကိုင်ခြင်းရှိ၊ မရှိကို စစ်ဆေးသွားမှာဖြစ်ပြီး တွေ့ရှိပါက ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထိုင်းအစိုးရမှ တားမြစ်ထားသည့်...
သျှမ်းပြည်အတွင်း ရွေးကောက်ပွဲအတွက် လူစာရင်းလိုက်လံကောက်နေ
သျှမ်းပြည်တစ်ဝှမ်းတွင် ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူစာရင်းများ လိုက်လံကောက်နေကြောင်း စုံစမ်းသိရှိရသည်။ လာမည့် ဩဂုတ်လတွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် တစ်အိမ်တွင် လူဦးရေ မည်မျှရှိသည်ကို လိုက်လံကောက်ယူနေပြီး ဧည့်စာရင်းများလည်း တိုင်ကြားနေရကြောင်း သျှမ်းပြည်တွင်း နေထိုင်သူများထံမှ သိရသည်။ တစ်ချို့မြို့နယ်တွင် ဇန်နဝါရီလ...
မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးက အိမ်နီးချင်း သားအမိ နှစ်ဦးကို ဓားဖြင့်ခုတ်၊ ကလေးငယ် သေဆုံးမှုဖြစ်
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် တာလေမြို့ နားယောင်းအုပ်စု ရန်အောင်ကျေးရွာတွင် မူးယစ်ဆေးဝါး အလွန်အကျူး သုံးစွဲသည့် အမျိုးသား တစ်ဦးသည် အိမ်နီးချင်း သားအမိ ၂ ဦးကို ဓားဖြင့်ခုတ်ရာ ကလေးငယ် တစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက် ညနေ ၉...
မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ထဲတွင် စစ်ကောင်စီက တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မိုးဗြဲမြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၈) ရက် ည ၉ နာရီ ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှတဖက်သတ် လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး ရပ်ကွက်...





