စစ်ရေးပဋိပက္ခ နဲ့ ကိုဗစ် ကြောင့် ပိတ်ထားသည့် ကျိုင်းတုံ – မိုင်းလား တာပင်းဂိတ် ပြန်ဖွင့်လှစ်

သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းလား ဒေသအတွင်း စစ်ရေး နှင့် ကိုဗစ် ကူးစက်ပျံ့နှံ့မှုများကြောင့် ၅ နှစ်ကျော်ကြာ ပိတ်ထားရသည့် ကျိုင်းတုံ – မိုင်းလားလမ်းပေါ်ရှိ တာပင်းဂိတ် ပြန်လည်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။

တာပင်းဂိတ်

ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ နှင့် မိုင်းလားဒေသ အတွက် အထူးအရေးပါသော လမ်းကြောင်းဖြစ်သည့် တာပင်းဂိတ် သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း အစိုးရတပ် နှင့်”၀”တပ် တို့ စစ်ရေးတင်းမာမှုများ မိုင်းလားနယ်မြေ အတွင်းသို့ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် ပိတ်ထားရခြင်းဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်သည်။

အဆိုပါ တာပင်း တံတား ပြန်လည်ဖွင့်လှစ်ခြင်း နှင့် ပတ်သက်ပြီး ဒေသအတွင်း ကူးသန်းရောင်းဝယ်ရေး နှင့် သွားလာရေး အတွက် အဆင်ပြေကြောင်းလည်း ဒေသအတွင်းမှ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလို တာပင်းဂိတ် တံတားလမ်းပြန်ဖွင့်တာက အစစ အရာရာ ဘက်က ကောင်းတယ်၊ ဘယ်လိုလဲဆို ကျိုင်းတုံ ကနေ မိုင်းလား သွားဖို့ ၂ နာရီပဲ မောင်းရတော့မယ်။ အရင် ဒီလမ်း မဖွင့်တုန်းက မိုင်းလားသွားဖို့ဆို ကျိုင်းတုံကနေ မိုင်းခတ် – မိုင်းယန်း – မိုင်းလား ဆိုပြီးတော့ သွားရတယ်၊ အဲ့ဒါက တစ်နေ့လောက်ကြာတယ်၊ လမ်းကလည်းကြမ်း၊ ငွေကုန်ကြေးကျလည်းများတဲ့လမ်းပေါ့” ဟု ကျိုင်းတုံ – မိုင်းလား ကားမောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင် တာပင်းလမ်းတံတားဂိတ် ပိတ်ထားသည့် အချိန်တွင် ကျိုင်းတုံ – မိုင်းလား ကားမောင်းသည့် ကားသမား များသည် တစ်နေ့တာ လမ်းကို အသုံးပြုပြီး လမ်းကြမ်းသည့်အပြင် ငွေကုန်ကြေးကျလည်းများသည့်အတွက် တွက်ခြေမကိုက်ကြောင်းလည်း သိရသည်။

လက်ရှိ တာပင်းတံတားဂိတ် ပြန်လည်ဖွင့်လှစ်ခြင်း နှင့် ပတ်သက်ပြီး ကျိုင်းတုံ – မိုင်းလား သွားလာရေး လွယ်ကူ သည့်အပြင် ကုန်သွယ်ရေးကဏ္ဍနှင့် ကုန်စည်ဈေးနှုန်းများလည်း ပိုမိုလွယ်ကူလာနိုင်ကြောင်း ကျိုင်းတုံ ကားသမားက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အရင်က ကျိုင်းတုံသွားဖို့ဆိုရင် မိုင်းခတ်ကနေပြီးတော့ ဆီလူးရွာ – မိုင်းလား ပြီးတော့မှ ကျိုင်းတုံကို ရောက်တာ၊ အဲ့လမ်းအတွက် ကားခက တရုတ်ငွေ ၈၀၀ ယွမ်နီးနီး ကုန်တယ်၊ အခု တာပင်း တံတားလမ်းကနေ ကျိုင်းတုံ – မိုင်းလားဆိုရင် ကားခက ၄၀၀ ယွမ်လောက်ပဲကုန်တယ်၊ ဒီ တာပင်းတံတား မဖွင့်ခင်မှာ ယုဇန တစ်ထုပ်ကို ၅၀ ယွမ်လောက်ပေးရတယ်၊ ဒီဂိတ်ဖွင့်တော့ တစ်ထုပ်ကို ၁၅/၁၆ ယွမ်လောက်ပဲ” ဟု အထက်ပါ ကားသမားက ဆက်ပြောသည်။

တာပင်းဂိတ်ကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာ (၁၆) ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ခဲ့သော်လည်း ကိုဗစ် – ၁၉ ကူးစက်ပျံ့နှံ့မှု အကြောင်းပြချက်ဖြင့် မိုင်းလားဘက်မှ ဖွင့်ပေးမှု မရှိဘဲ ယခုနှစ်မှ နှစ်ဖက်စလုံး ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ ဝ တပ်ဖွဲ့ UWSA မှ စစ်အင်အား အပြည့်ဖြင့် မိုင်းလား – ကျိုင်းတုံ နယ်စပ်ဖက်တွင် လုံခြုံရေးအရ တပ်စခန်းများကို ချခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက်တွင် စစ်ကောင်စီတပ်မှ တာပင်း စစ်ဆေးရေးဂိတ်ကို ပိတ်ချခဲ့ပြီး ယခု ၅ နှစ် အကြာ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟန်ပြ မြစ်ရေထိန်းသိမ်းမှုအောက်က အဆိပ်သင့် နယ်စပ်ဖြတ်ကျော်မြစ်ရေ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...