Thursday, April 18, 2024

ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက် ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pekhon PDF) တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်

အဆိုပါ တိုက်ပွဲသည် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် စစ်ကောင်စီက စစ်ရေး ထိုးစစ်ဆင် လာ သောကြောင့် ယနေ့မှ စပြီး တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

“ ဒီနေ့မှ ပြန်ပြီးတိုက်ပွဲဖြစ်တာ။ ဖယ်ခုံအနောက်ဘက်ကမ်း ဖြစ်တာ။ စစ်ကောင်စီက သူတို့ စစ်ရေး ထိုးစစ်ဆင် လာလို့ တိုက်ပွဲဖြစ်တာ” ဟု Pekhon PDF တပ်သားတစ်ဦးက ပြောသည်။

ထိုအပြင် လက်ရှိ ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျေးရွာဒေသခံများကို တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေရှိသည့် အတွက်ကြောင့် ကြိုတင် ထွက်ပြေးတိမ်းရှောင်ရန်အတွက် Pekhon PDF က အသိပေးထားသည်။

စစ်ကောင်စီ လေကြောင်းဖြင့် တိုက်ခတ်ခဲ့သည့်အတွက် ပျက်စီးသွားသော နေအိမ်

“ အခုလည်း လေယာဉ်တွေ ဝဲနေတယ်။ ဗုံးကြဲမလားတော့မသိဘူး။ ပြင်းထန်လာမယ့် အခြေအနေတော့ရှိတယ်။ တိုက်ပွဲမဖြစ်ခင်ကတည်းက PDF က ပြည်သူတွေကို ကြိုတင်ထွက်ပြေးခိုင်းတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ညနေပိုင်း တွင်လည်း PDF များက စစ်ကောင်စီတပ် ၃၃၆ ကိုဝင်ရောက်။ ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇန်နဝါရီ ၇ ရက် ညပိုင်းတွင် ဖယ်ခုံမြို့နယ် တောင်ပို့ကြီးကျေးရွာထဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ သောကြောင့် ပြည်သူနေအိမ် ၂ လုံးပျက်စီးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article