သျှမ်းပြည်အတွင်း ရွေးကောက်ပွဲအတွက် လူစာရင်းလိုက်လံကောက်နေ

သျှမ်းပြည်တစ်ဝှမ်းတွင် ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူစာရင်းများ လိုက်လံကောက်နေကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲ လူစာရင်းလိုက်လံကောက်နေ

လာမည့် ဩဂုတ်လတွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် တစ်အိမ်တွင် လူဦးရေ မည်မျှရှိသည်ကို လိုက်လံကောက်ယူနေပြီး ဧည့်စာရင်းများလည်း တိုင်ကြားနေရကြောင်း သျှမ်းပြည်တွင်း နေထိုင်သူများထံမှ သိရသည်။

တစ်ချို့မြို့နယ်တွင် ဇန်နဝါရီလ ကစပြီး လိုက်လံ ကောက်ယူနေကြောင်း သိရသည်။

“တကယ် တရားဝင် ကောက်ခိုင်းတာတော့ ဒီနေ့ ဇန်နဝါရီ ၉ ရက်နေ့မှ စပြီးကောက်ခိုင်းတာ။ ကျနော်တို့ မြို့မှာဆိုရင်တော့ ဒီလအစ ကတည်းက စပြီးကောက်နေတာပဲ။ ဒီနေ့တော့ တရားဝင် ကွင်းဆင်းပြီး လိုက်ကောက်နေပြီ” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းပြည် တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံ ခရိုင်တို့တွင်လည်း ယနေ့မှစပြီး စာရင်းကောက်ရန် ညွှန်ကြား လာကြောင်း တာချီလိတ် ဒေသခံတစ်ဦးက ပြောသည်။

“ စကောက်နေပြီလားတော့ မသိဘူး။ ဒီနေ့မှ ကောက်ဖို့ စာတော့ ကျလာပြီတဲ့။ တစ်ချို့နေရာမှာတော့ ကောက်နေပြီတဲ့။ ကျနော်တို့ အိမ်ဘက်တော့ မရောက်လာသေးဘူး” ဟု တာချီလိတ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ သျှမ်းပြည် တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင်တို့မှာလည်း လိုက်လံကောက်ခံပြီး စစ်ဆေး နေလျက် ရှိကြောင်း သိရသည်။

ထို့အပြင် လူစာရင်းကောက်ခံသည့်အပြင် ဧည့်စာရင်းများကိုလည်း စစ်ဆေးမေးမြန်းနေပြီး ဧည့်စာရင်း မတိုင်သည့် အိမ်များက ဒဏ်ငွေ ပေးဆောင်ရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်တစ်ဝှမ်း၌ တစ်လတစ်ကြိမ် ဧည့်စာရင်းတိုင်ထားရကြောင်း သိရသည်။

“ လူစာရင်းလည်း လာကောက်တယ်။ ပြီးတော့ ဧည့်စာရင်းတွေလည်း လာစစ်တယ်။ မတိုင်ထားတဲ့ အိမ်တွေ ဆိုရင် သူတို့ကို ပိုက်ဆံပေးရတယ်။ တစ်လ တစ်ကြိမ် သူတို့ကို ဧည့်စာရင်းတွေ သွားတိုင်ရတာ” ဟု သျှမ်းပြည် သီပေါမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော် တစ်ဖက်တွင်လည်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို အယုံကြည်မရှိကြောင်း မဲပေးလိုခြင်း မရှိကြောင်း သျှမ်းပြည် တောင်ကြီးမြို့နယ် အသက် ၃၀ ဝန်းကျင်ရှိ လူငယ် အမျိုးသားတစ်ဦးက ပြော သည်။

“ကျနော်တို့ကတော့ ၂၀၂၀ ရွေးကောက်ပွဲကိုပဲ ယုံကြည်တယ်။ သူတို့ထက်လုပ်မဲ့ ရွေးကောက်ပွဲကို လုံးဝ အယုံကြည်မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့က မတရား နဲ့ အာဏာသိမ်းယူထားတယ်။ ဒီရွေးကောက်ပွဲမှာလည်း သူတို့ နိုင်အောင်လုပ်ထားတဲ့ ရွေးကောက်ပွဲဆိုတော့ မဲပေးဖို့လည်း အစီစဉ်မရှိဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၀ ရွေးကောက်ပွဲကို မဲ မသင်္ကာမှုဖြင့် အာဏာကို သိမ်းယူခဲ့ရာတွင် ၂ နှစ် နီးပါးရှိလာပြီဖြစ်ပြီး လာမည့် ၂၀၂၃ ဩဂုတ်လတွင် PR စနစ်ဖြင့် ရွေးကောက်ပွဲကို ပြန်လည် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...