ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂) ရက်တွင် နမ့်ဟူးလုံကျေးရွာနှင့် လွယ်ဆိုင်ရွာကြားတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“နမ့်ဟူးလုံနဲ့ လွယ်ဆိုင်ရွာနားလို့ ကြားတယ်၊ မဟာမိတ် အချင်းချင်း ဘာကြောင့် ထပ်ပစ်နေကြလဲ မသိဘူး။ ဒီတစ်ခါတော့ ကိုးကန့်ဘက်က သေနတ်အရင် စ,ဖောက်တယ်လို့ ပြောတယ်” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့ရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ညီနောင်မဟာမိတ်တပ် အချင်းချင်းကြား စစ်ရေးတင်းမာမှုများ စတင်ခဲ့သည်။

ကွတ်ခိုင်နှင့် သိန္နီမြို့နယ်အတွင်း TNLA နှင့် MNDAA ကြား သုံးပတ်ကျော်ကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြေပြင်စစ်ရေးတင်းမာမှု ဖြစ်ပွားနေပြီး အပြန်အလှန် ရိုက်နှက်မှုကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခြင်း၊ မဟာမိတ်တပ်ဖွဲ့ဝင် အချင်းချင်း ဖမ်းဆီးထိန်းသိမ်းခြင်းများ ဖြစ်ပွားနေသည်။

ထိုအတောအတွင်း TNLA နှင့် MNDAA နှစ်ဘက်တာဝန်ရှိသူများမှ လောက်ကိုင်မြို့နှင့် ‘ဝ’ဒေသ ပန်ဆန်းမြို့တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တစုံတရာ ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသော်လည်း သက်ဆိုင်ရာ နှစ်ဘက်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခြင်း မရှိပေ။

TNLA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ကြား အငြင်းပွားမှု နောက်ဆက်တွဲအနေဖြင့် မြေပြင်ရှိ ပြည်သူလူထုများကို ပစ်မှတ်ထား ရိုက်နှက်ဖမ်းဆီးခြင်း၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခြင်း၊ ကုန်စီးဆင်းမှု ပိတ်ဆို့တားဆီးခြင်း ပြုလုပ်ပြီး လူမျိုးရေးပဋိပက္ခ အသွင်ဆောင်သည့် ပြဿနာဖန်တီးနေသည့် အပြုအမူများ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူလူထုများ ကြားညှပ်ပြီး ဓားစာခံအဖြစ် ခါးစည်းခံနေရကြောင်း တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက်မှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် စုပေါင်းထုတ်ပြန်ခဲ့သည်။

TNLA နှင့် MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ဖြစ်ပွားနေသည့် ပြဿနာများကို ပြည်သူလူထုအပေါ် ပုံချခြင်းများ မပြုလုပ်ရန် တောင်းဆိုပြီး နှစ်ဘက်တပ်ဖွဲ့ကြား အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ဖြင့် အမြန်ဆုံး ပြေလည်မှုရရှိနိုင်ရေး ဖြေရှင်းကြရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်-TCSN မှ တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...