တောင်ကြီး ရွှေဘုန်းပွင့် သွားလမ်း အမျိုးသမီးများကို ပါ ပေါ်တာဆွဲဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့် သွားလမ်း လူပြတ်သည့်နေရာတွင် စစ်ကော်မရှင်က စောင့်ဆိုင်းပြီး အမျိုးသမီးများကိုပါ ပေါ်တာဆွဲဖမ်းဆီးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တောင်ကြီးမြို့နယ် ရွှေဘုန်းပွင့် ဘုရားသွားလမ်းတွင် စစ်ကော်မရှင် တပ်သားများသည် လူပြတ်သည့်နေရာတွင် စောင့်ဆိုင်းပြီး အမျိုးသမီးအပါအဝင် လူငယ် ၅ဉီးကို ဖမ်းဆီးခဲ့ကြောင်း တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူငယ်ချင်းတွေ့နဲ့ ညနေဘက်ကို ရွှေဘုန်းပွင့်သွားတာ စစ်သားတွေ အုပ်စုလိုက်ပဲ ဘယ်သွားလဲ။ ရပ်စမ်းဘာညာနဲ့ ရှေ့က လူတွေကို မေးတာ ကြားတော့ ချက်ချင်း လှည့်ပြန်လာခဲ့ရတာ၊ပေါ်တာဆွဲခံရတာ ငါးယောက်လောက်ရှိပြီ ၊ မိန်းကလေးမို့လို့ မဆွဲဘူးမထင်နဲ့ အကုန်ဆွဲတာ၊ အဲနေ့ကတည်းက ဘယ်မှ မသွားရဲတော့ဘူး။”ဟု ကိုယ်တိုင်ကြုံတွေ့ရသည့် တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့တွင်း ညအချိန် လူပြတ်သည့်နေရာများတွင်လည်း စစ်ကော်မရှင် တပ်သားများက စောင့်ဆိုင်းကာ ဖမ်းဆီးမှုများပြုလုပ်ပြီး စစ်မှုထမ်း လူစားထိုးရန် ခေါ်ဆောင်မှုများလည်းရှိကြောင်း သိရသည်။

“ခုတလောက အခြေနေ သိပ်မကောင်းဘူး၊ အပြင်မှာ အကြာကြီးနေလို့ မကောင်းဘူး၊ အသိတစ်ယောက်ဆို ရပ်ကွက်လမ်းမှာ အလုပ်ကအပြန် ဖမ်းခံရတာ ပိုက်ဆံပေးပြီးလိုက်တာ အဆင့်ဆင့် စစ်မှုထမ်းဖို့ ရောင်းစားလိုက်ပြီတဲ့၊ ခုထိ အဆက်သွယ်မရတော့ဘူး။”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် ဒေသခံလူငယ်များကို ညဘက်တွင် မလိုအပ်လျှင် အပြင်မထွက်ကြရန်နှင့် ညနေဘက် အလုပ်ဆင်းချိန် စောစောပြန်ကြရန် လိုအပ်ကြောင်း အဆိုပါ အမျိုးသားက အသိပေးပြောထားသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ ရှိနေကြောင်း၊ ညအချိန်တွင်လည်း လမ်းပေါ် မထင်မှတ်ဘဲ ပေါ်တာဆွဲခြင်းများ ရှိနေကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် ၂၀၂၄ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက် စစ်မှုထမ်းသင်တန်းအတွက် အသက် (၁၈) နှစ်မှ (၂၇)နှစ် အတွင်း အမျိုးသမီးများနှင့် အသက် (၁၈)နှစ်မှ (၃၅) နှစ်ကြား အမျိုးသားများကို သတ်မှတ်ခေါ်ဆောင်နေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...