တောင်ကြီး စက်သုံးဆီ တစ်လီတာ ၃၆၀၀ကျပ် အထိရှိလာ၊ အကန့်သတ်ဖြင့်သာ ရောင်းချ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ လျှင် ၃၆၀၀ ကျပ်အထိရှိလာပြီး ဆီဆိုင်များက အကန့်သတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ပြီးခဲ့သည့် မတ်လ(၁)ရက်တွင် ရပ်ဆိုင်းလိုက်ပြီးနောက် စက်သုံးဆီပြတ်လပ်သွားမည်ကို စိုးရိမ်သောကြောင့် တောင်ကြီးမြို့အပါအဝင် သျှမ်းပြည်တောင်ပိုင်းတွင် အလုအယက်ဝယ်ယူနေပြီး ဆီဆိုင်များက ဈေးတင်ကာ အကန့်သတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

“မြို့ထဲမှာရော ရပ်ကွက်ထဲမှာရော ဓာတ်ဆီတွေ အလုအယက်ဝယ်နေကြတာ၊ ရပ်ကွက်ဆိုင်တွေမှာဆို တစ်လီတာကို ၃၆၀၀ကျပ် ဈေးရှိတယ်၊ တချို့ဆို ၄၀၀၀ကျပ် လောက်ပေးပြီးတောင် မရမက ဝယ်နေကြတာ၊ ဆီရောင်းတဲ့သူတွေက ဒီအချိန်အခွင့်ရေးယူ ဈေးတင်ရောင်းနေကြပြီ။”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခင်ရှေ့လတွင် တောင်ကြီးမြို့ပေါ်၌ စက်သုံးဆီ တစ်လီတာလျှင် ၂၆၀၀ ကျပ်သာရှိကြောင်းသိရသည်။

တောင်ကြီးမြို့တွင်း စက်သုံးဆီ ရရှိနိုင်ရန်အတွက် မနက် ၇ နာရီမှ တန်းစီစောင့်နေကြရပြီး အကန့်သတ်ဖြင့်သာ ရောင်းချသောကြောင့် အချိန်ပေးစောင့်ဆိုင်းပြီး ဆီမရသူများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ စက်သုံးဆီများ ပြတ်လပ်သွားလျှင် နေ့စဉ်အလုပ် သွားနေရသော ဝန်ထမ်းများနှင့် အလုပ်သမားများအတွက် သွားလာရေးခက်ခဲ လာနိုင်ကြောင်း နယ်မှ အလုပ်လာလုပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဝန်ထမ်းဆိုတော့ နေ့တိုင်းအလုပ်သွားရတယ် ၊ဒီဆိုင်ကယ်ကိုပဲ အားကိုးနေရတာ၊ ဆီပြတ်သွားရင်တော့ အလုပ်လည်းမရှိ ဝင်ငွေလည်း မရှိဖြစ်သွားမှာ၊ ရုံးဆင်းချိန်ဆို ဓာတ်ဆီရဖို့ တန်းစီရတာ ည၈ နာရီလောက်မှ အိမ်ရောက်တယ်။ ဆီဈေးကလည်း ခေါင်ခိုက်နေရောပဲ ဒီတိုင်းသာဆို ဆီဖိုးနဲ့ မွဲမှာ။”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် စက်သုံးဆီဈေးနူန်းသာမက စားသောက်ကုန်ဈေးနှုန်း များလည်း မြင့်တက်နေပြီး ဒေသတွင်း ကုန်စည်ပြတ်လပ်မှုများ စတင် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် မတ်လ (၃)ရက်နေ့တွင်လည်း သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြသည်။

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေနေကြောင့် ထိုင်းနိုင်ငံမှ ပြီးခဲ့သည့် (မတ်လ ၁ ရက်)တွင် ပြည်ပသို့ စက်သုံးဆီ တင်ပို့ရောင်းချမှုကို ဆိုင်းငံ့ပြီးနောက် သျှမ်းပြည်နယ်တွင် ထိုင်းနိုင်ငံ လာအိုနိုင်ငံမှ လာအိုနိုင်ငံမှ ဝင်လာသည့် စက်သုံးဆီကို အဓီကမှီခိုအသုံးပြုနေရကြောာင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...