Friday, May 3, 2024

လဲချားလူငယ် တစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေ

Must read

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ် လဲချားမြို့တွင် နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီး

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့ မနက် (၉) နာရီခန့်က နေအိမ်မှ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

“ဒီနေ့ထိတော့ မတွေ့ရသေးဘူး။ ကျနော်တို့လည်း လိုက်စုံစမ်းနေတာလဲ ဂိတ်ဆုံးနေပြီ။ သက်ဆိုင်ရာ တာဝန်ရှိ သူတွေကိုလည်း အကြောင်းကြားထားတယ်။ စိတ်တော့ အရမ်းပူနေတယ်” ဟု ဖခင်ဖြစ်သူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပျောက်ဆုံးသွားသည့် အသက် (၁၄) နှစ်အရွယ် နန်းခမ်းယဥ် သည် ကျောင်းနေအရွယ်ဖြစ်ပြီး မည်သည့်နေရာကို ပျောက်ဆုံးသွားသည်ကို သတင်းတစ်စုံတစ်ရာ မသိရှိရသေးပေ။

“အရင်ကဆို ဘယ်မှ မသွားလည်ဘူး။ ဘယ်သွားသွား အိမ်ကို ပြောသွားတယ်။ သူ သွားလည်ရင်လည်း အဝေးကြီး မသွားဘူး။ အခုက သူ သွားလည်တတ်တဲ့ နေရာတွေကို လိုက်စုံစမ်းပေမယ့် ဘယ်သူမှ မသိဘူး။ ကျောင်းတက်နေတုန်းပဲ။ သူ ပျောက်သွားတဲ့နေ့က ကျောင်းပိတ်ရက်ဖြစ်ပြီး ကျနော်တို့ အလုပ်သွားချိန်ဖြစ်တယ်။ ဘယ်သူနဲ့ ပျောက်သွားလည်း မသိဘူး” ဟု မိသားစုဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း သျှမ်းပြည်တွင်းရှိ လူငယ်များ မကြာခဏ ပျောက်ဆုံးခြင်း၊ လူငယ်များ တစ်ချို့လည်း ကိုးကန့်ဘက်သို့လည်းကောင်း၊ ဝ ဒေသတွင်းသို့ လည်းကောင်း အလုပ်အကိုင် သွားရောက်ရှာဖွေ လေ့ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article