လဲချားလူငယ် တစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ် လဲချားမြို့တွင် နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီး

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့ မနက် (၉) နာရီခန့်က နေအိမ်မှ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

“ဒီနေ့ထိတော့ မတွေ့ရသေးဘူး။ ကျနော်တို့လည်း လိုက်စုံစမ်းနေတာလဲ ဂိတ်ဆုံးနေပြီ။ သက်ဆိုင်ရာ တာဝန်ရှိ သူတွေကိုလည်း အကြောင်းကြားထားတယ်။ စိတ်တော့ အရမ်းပူနေတယ်” ဟု ဖခင်ဖြစ်သူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပျောက်ဆုံးသွားသည့် အသက် (၁၄) နှစ်အရွယ် နန်းခမ်းယဥ် သည် ကျောင်းနေအရွယ်ဖြစ်ပြီး မည်သည့်နေရာကို ပျောက်ဆုံးသွားသည်ကို သတင်းတစ်စုံတစ်ရာ မသိရှိရသေးပေ။

“အရင်ကဆို ဘယ်မှ မသွားလည်ဘူး။ ဘယ်သွားသွား အိမ်ကို ပြောသွားတယ်။ သူ သွားလည်ရင်လည်း အဝေးကြီး မသွားဘူး။ အခုက သူ သွားလည်တတ်တဲ့ နေရာတွေကို လိုက်စုံစမ်းပေမယ့် ဘယ်သူမှ မသိဘူး။ ကျောင်းတက်နေတုန်းပဲ။ သူ ပျောက်သွားတဲ့နေ့က ကျောင်းပိတ်ရက်ဖြစ်ပြီး ကျနော်တို့ အလုပ်သွားချိန်ဖြစ်တယ်။ ဘယ်သူနဲ့ ပျောက်သွားလည်း မသိဘူး” ဟု မိသားစုဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း သျှမ်းပြည်တွင်းရှိ လူငယ်များ မကြာခဏ ပျောက်ဆုံးခြင်း၊ လူငယ်များ တစ်ချို့လည်း ကိုးကန့်ဘက်သို့လည်းကောင်း၊ ဝ ဒေသတွင်းသို့ လည်းကောင်း အလုပ်အကိုင် သွားရောက်ရှာဖွေ လေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ရွာငံတွင် လင်မယားနှစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ စျေးတန်းရပ်ကွက်တွင် အသက် (၄၀)ကျော်အရွယ်ရှိ လင်မယားနှစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်)  ညနေ (၄)နာရီကျော်တွင် ရွာငံမြို့ စျေးတန်းရပ်ကွက်၌ နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိအဖွဲ့က လာရောက်ပြီး  ဓားဖြင့်ထိုးသတ်သွား ကြောင်း ရွာငံမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အသတ်ခံရပြီး သေဆုံးသွားသည့် လင်မယားမှ...

ချင်းရိုင်ရှိ အိမ်တစ်လုံးအတွင်း မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းမိ ပြည်နှင်ဒဏ်ပေးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ ပါအိုဒွန်းချိုင် (Pa O Don Chai) နယ်မြေရှိ နေအိမ်တစ်လုံးအား ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News တွင်ဖော်ပြသည်။ မေလ ၁၁...

မက်မန်းမြို့နယ်တွင် ကျားဖြန့် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဟိုပန်မြို့ကို UWSA က ထိန်းချုပ်လိုက်ခြင်းကြောင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၏ ရုံးစိုက်ရာမြို့ကို စစ်ကော်မရှင်ထိန်းချုပ်မှုအောက်ရှိ မက်မန်းခရိုင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...