CATEGORY

သတင်း

တန့်ယန်းမြို့ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုများလာပြီး ခိုးမှုများပြားလာ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် တန့်ယန်းမြို့တွင် လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု များလာပြီး ခိုးမှုလည်း များလာကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီကျော် လူများသည့်အချိန်တွင် တန့်ယန်း မြို့လယ်ခေါင် အောင်မေတ္တာ ဖုန်းဆိုင်ထဲသို့ လူငယ်တစ်ဦး ဖုန်းလာဝယ်သည့်ပုံ...

အင်းလေးဒေသတွင် PDF နှင့် ထောက်ပံ့သူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၃) ရက်နေ့က စစ်ကောင်စီ နှင့် အင်းလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၈) ရက်တွင် ထောက်ပံ့သူများ နှင့် PDF များကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင်...

SSPP/SSA နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေး ဘာတွေပြောခဲ့လဲ

အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ( UWSP/UWSA) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ကိုယ်စားလှယ်အဖွဲ့ တို့ ဇန်နဝါရီ ၅ ရက်...

တရုတ်ဘက်မှ နယ်စပ်ဂိတ် ပြန်ဖွင့်သော်လည်း မြန်မာဘက် မဖွင့်သေး

သျှမ်းပြည် မူဆယ်ခရိုင်ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပြန်ဖွင့်သော်လည်း မြန်မာဘက်မှ မဖွင့်သေးကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၈ ) ရက် မနက်ပိုင်း အချိန်တွင် မြန်မာ - တရုတ် နယ်စပ်ဂိတ်ဖြစ်သည့် တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်ခြမ်း အပါအဝင်...

ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ နိုင်ငံကူးလက်မှတ်ထုတ်ယူရန် ရာချီစုဝေးရာ မူးလဲသည့်အထိရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ (ဇန်နဝါရီ ၇ ရက်) နံနက်ပိုင်းမှစပြီး ရွေ့ပြောင်းအလုပ်သမား နိုင်ငံကူးလက်မှတ် (passport ) ထုတ်ယူရန် ရပ်စောင့်စုဝေးရာမှာ မူးလဲသွားသည့်အထိရှိကြောင်း သတင်းရရှိသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက် အပတ်စဉ် စနေနေ့တိုင်းကို သံရုံး၌ နံနက်...

ဆီဆိုင်မြို့ အရပ်သား ၂ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင်မြို့တွင် နေထိုင်သည့် အရပ်သား၂ ဦးကို စစ်ကောင်စီ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပို့ပေးသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သျှမ်း- ကရင်နီ (ကယား)ပြည်နယ်စပ် ဆီဆိုင်မြို့နယ် ရေဖြူရွာမှာ နေထိုင်သည့် အမျိုးသားတစ်ဦးနှင့်...

အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ထောင်ဒဏ်၁၀ နှစ်ချခံရ

သျှမ်းပြည် တောင်ကြီးခရိုင် အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီးကို စစ်ကောင်စီမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ကိုတရုတ်ကြီးကို PDF ထောက်ပံ့မှုဖြင့် အမှုစွဲပြီး စစ်ကောင်စီမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီး ၎င်းနှင့်အတူဖမ်းခံရသည့် အဖွဲ့ဝင်များ ပြန်လွှတ်လာကြောင်း အောင်ပန်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

နတ်ပြည်အလား ပျော်မြူးနေတဲ့ နယ်စပ်လူငယ်

အချိန်ညနေ ၆ နာရီမှာ အသက် ၂၀ ကျော် လူငယ် ၅ ဦးဟာ ဘီယာဆိုင်မှာ စုဝေးပြီး စားသောက်နေကြပြီး စကားပြောဆိုနေကြပါတယ်။ ဘီယာ ၄ ခွက်မြောက် သောက်ပြီးချိန်မှာ ဘီယာဆိုင်က လူငယ်အမျိုးသမီးလေး ဟာ “ရှယ်သောက်ကြမှာလား” ဆိုပြီး လာရောက်မေးမြန်းပါတယ်။ ထိုအချိန်မှာ လူငယ်အမျိုးသားတွေက...

ပင်းတယမြို့နယ် စစ်ကောင်စီမှ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်းတွင် လုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီ တပ်သားများက အမျိုးသမီးငယ်များကို ကိုယ်ထိလက်ရောက် ကာယိန္ဒြေ ကျူးလွန်မှု ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့ နှင့် ရွာငံမြို့ကြားတွင် ရှိသည့် စစ်ကောင်စီ...

ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက်ဆိုပြီး စစ်ကောင်စီက စစ်ရှောင်ဦးရေ စာရင်းကို လိုက်လံပြုစုနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင်မြို့တွင် လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ မဲပေးရန်အတွက် စစ်ကောင်စီက သန်းခေါင်စာရင်း လူဦးရေ ကောက်နေကြောင်း စုံစမ်းသိရှိရသည်။ လာမည့် ၂၀၂၃ ခုနှစ် ရွှေးကောက်ပွဲတွင် စစ်ကောင်စီကို မဲပေးရန်အတွက် ကျေးလက်၊ ရပ်ရွာသူကြီးများ နှင့် စေတနာ့ ဝန်ထမ်းများကို...

Latest news