ပင်းတယမြို့နယ် စစ်ကောင်စီမှ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်းတွင် လုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီ တပ်သားများက အမျိုးသမီးငယ်များကို ကိုယ်ထိလက်ရောက် ကာယိန္ဒြေ ကျူးလွန်မှု ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။

သျှမ်းပြည်တွင်းစစ်ကောင်စီ စစ်ဆေးရေးဂိတ် တစ်နေရာ

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့ နှင့် ရွာငံမြို့ကြားတွင် ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် လမ်းသွားလမ်းလာ အမျိုးသမီးများကို ဂိတ်စောင့် စစ်သားများက မဖွယ်မရာ ကိုယ်ထိ လက်ရောက်ကျူးလွန်နေကြောင်း ဖြစ်စဥ်ကို သိရှိသည့် အသက် ၅၀ ကျော်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ် ဆင်းတွန်းခိုင်းပြီး ဖြတ်နေတဲ့ ကောင်မလေးကို စစ်သား တစ်ယောက်က ရင်သားကို လှမ်းကိုင်လာတယ်၊ ကောင်မလေးက လန့်ပြီး အော်တော့ အော်ရကောင်းလား ဆိုပြီး ခြေထောက်နဲ့ ထပ်ကန်တယ်” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဂိတ်စောင့် စစ်ကောင်စီ တပ်သား၏ ကာယိန္ဒြေ ကျူးလွန်မှု ခံရသော အမျိုးသမီးငယ်သည် အသက် ၁၉ နှစ် ဝန်းကျင်ရှိပြီး ကာယိန္ဒြေကျူးလွန်သည့်အပြင် ခြေထောက်ဖြင့်ပါ ထပ်ကန်သည့် အတွက် ဆိုင်ကယ်နှင့် အတူလှဲသွားပြီး ခြေထောက်၊ ဒူး ၊ တံတောင်ဆစ် နှင့် မျက်နှာတွင် ထိခိုဒဏ်ရာ ရရှိသွားကြောင်းလည်း သိရသည်။

“ရင်သားကိုင်ခံရတဲ့ ကောင်မလေးက ခြေထောက်နဲ့ ထပ်ကန်ခံရတယ်၊ အဲ့ကြောင့် ဆိုင်ကယ်နဲ့ လူနဲ့ ရောချ လဲသွားပြီး ဒူးခေါင်း နဲ့ တံတောင်ဆစ် ၊ ပြီးတော့ မျက်နှာ တွေမှာ ဒဏ်ရာရသွားတယ်၊ အခုအိမ်ပြန် ရောက်ပြီ ဆိုပေမဲ့ အဖျားတွေ တက်နေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယင်းကိစ္စ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ မိဘဆွေမျိုးများက ပင်းတယမြို့ရှိ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သော်လည်း မည်သည့်ကူညီဆောင်ရွက်မှုမှ မရှိကြောင်း နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကောင်မလေးရဲ့မိဘဆွေမျိုးတွေကတော့ ရဲစခန်းကို သွားတိုင်တာပေါ့၊ ပင်းတယက ရဲစခန်းကို သွားတိုင်ကြတာ၊ ဒီကိစ္စက ရဲစခန်းဘာမှ လုပ်မပေးနိုင်ဘူး ဆိုပြီး ပြန်ပြောတယ်” ဟု နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အလားတူပင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းကာလတွင်လည်း ပင်းတယ နှင့် ရွာငံကြားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှ စစ်သားသည် လမ်းသွားလမ်းလာ ဆိုင်ကယ်စီး အမျိုးသမီးနှစ်ဦးကို လက်ကိုင်ပြီး ရိသဲ့သဲ့ စကားပြောကြောင်းလည်း သိရသည်။

“အဲ့ဒီ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပင်းတယ နဲ့ ရွာငံကြားမှာ ဖြစ်တာ၊ စစ်ကောင်စီ တပ်သားနဲ့ PNO/PNA စစ်သားတွေလည်း စောင့်နေတယ်၊ ပြီးတော့ ဒေသခံ ပျူစောထီးတွေလည်းပါတယ်၊ ကောင်မလေးလက်ကို ကိုင်ပြီး ချောတယ်နော် ဆိုပြီး ရိသဲ့သဲ့ပြောတာ” ဟု မျက်မြင်တွေ့ရသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ကြီး – ဟဲဟိုး – ပင်းတယ – ရွာငံ လမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် စစ်ကောင်စီ တပ်သားအပြင် PNO/PNA စစ်သားများနှင့် ဒေသခံ ဗျူစောထီးများလည်း ပါဝင်နေကြပြီး လိင်အကြမ်းဖက်မှု ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း နေရာအနှံ့တွင်ရှိနေကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“အမျိုးသမီးတွေအပေါ် နှုတ်နဲ့ စော်ကားပြောဆိုတာတွေ ညစ်ညှမ်းအသုံးအနှုန်းတွေနဲ့ပြောဆိုတာတွေ ကြုံရသူ မနည်းဘူး၊ မိန်းကလေးဆိုတော့လည်း တချို့ကလည်း ရှက်ကြလို့ ဘာမှ ပြန်မပြာရဲကြဘူး၊ ဒီလိုမျိုးနဲ့ ပျောက်သွားတဲ့ လူမသိ သူမသိတွေလည်းများတယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောထားသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ နိုင်ငံနှင့် တဝှမ်းလုံးရှိ စစ်ကောင်စီ တပ်သားများသည် အကြမ်းဖက် လုပ်ရပ်မှုများကြောင့် ပြည်သူများက အပြင်ထွက် သွားလာရေး နှင့် လုံခြုံရေးပိုင်းဆိုင်ရာများ အတွက် အထူးစိတ်ပူနေရကြောင်း သိရသည်။

မိန်းကလေးတစ်ဦး၏ ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုများသည် ရဲအရေးပိုင်သော ပြစ်မှုဖြစ်ပြီး ပြစ်ဒဏ်သည် ထောင်ဒဏ် ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ် စလုံး ချမှတ်နိုင်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...