Wednesday, January 28, 2026

ပင်းတယမြို့နယ် စစ်ကောင်စီမှ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်းတွင် လုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီ တပ်သားများက အမျိုးသမီးငယ်များကို ကိုယ်ထိလက်ရောက် ကာယိန္ဒြေ ကျူးလွန်မှု ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။

သျှမ်းပြည်တွင်းစစ်ကောင်စီ စစ်ဆေးရေးဂိတ် တစ်နေရာ

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့ နှင့် ရွာငံမြို့ကြားတွင် ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် လမ်းသွားလမ်းလာ အမျိုးသမီးများကို ဂိတ်စောင့် စစ်သားများက မဖွယ်မရာ ကိုယ်ထိ လက်ရောက်ကျူးလွန်နေကြောင်း ဖြစ်စဥ်ကို သိရှိသည့် အသက် ၅၀ ကျော်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ် ဆင်းတွန်းခိုင်းပြီး ဖြတ်နေတဲ့ ကောင်မလေးကို စစ်သား တစ်ယောက်က ရင်သားကို လှမ်းကိုင်လာတယ်၊ ကောင်မလေးက လန့်ပြီး အော်တော့ အော်ရကောင်းလား ဆိုပြီး ခြေထောက်နဲ့ ထပ်ကန်တယ်” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဂိတ်စောင့် စစ်ကောင်စီ တပ်သား၏ ကာယိန္ဒြေ ကျူးလွန်မှု ခံရသော အမျိုးသမီးငယ်သည် အသက် ၁၉ နှစ် ဝန်းကျင်ရှိပြီး ကာယိန္ဒြေကျူးလွန်သည့်အပြင် ခြေထောက်ဖြင့်ပါ ထပ်ကန်သည့် အတွက် ဆိုင်ကယ်နှင့် အတူလှဲသွားပြီး ခြေထောက်၊ ဒူး ၊ တံတောင်ဆစ် နှင့် မျက်နှာတွင် ထိခိုဒဏ်ရာ ရရှိသွားကြောင်းလည်း သိရသည်။

“ရင်သားကိုင်ခံရတဲ့ ကောင်မလေးက ခြေထောက်နဲ့ ထပ်ကန်ခံရတယ်၊ အဲ့ကြောင့် ဆိုင်ကယ်နဲ့ လူနဲ့ ရောချ လဲသွားပြီး ဒူးခေါင်း နဲ့ တံတောင်ဆစ် ၊ ပြီးတော့ မျက်နှာ တွေမှာ ဒဏ်ရာရသွားတယ်၊ အခုအိမ်ပြန် ရောက်ပြီ ဆိုပေမဲ့ အဖျားတွေ တက်နေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယင်းကိစ္စ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ မိဘဆွေမျိုးများက ပင်းတယမြို့ရှိ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သော်လည်း မည်သည့်ကူညီဆောင်ရွက်မှုမှ မရှိကြောင်း နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကောင်မလေးရဲ့မိဘဆွေမျိုးတွေကတော့ ရဲစခန်းကို သွားတိုင်တာပေါ့၊ ပင်းတယက ရဲစခန်းကို သွားတိုင်ကြတာ၊ ဒီကိစ္စက ရဲစခန်းဘာမှ လုပ်မပေးနိုင်ဘူး ဆိုပြီး ပြန်ပြောတယ်” ဟု နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အလားတူပင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းကာလတွင်လည်း ပင်းတယ နှင့် ရွာငံကြားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှ စစ်သားသည် လမ်းသွားလမ်းလာ ဆိုင်ကယ်စီး အမျိုးသမီးနှစ်ဦးကို လက်ကိုင်ပြီး ရိသဲ့သဲ့ စကားပြောကြောင်းလည်း သိရသည်။

“အဲ့ဒီ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပင်းတယ နဲ့ ရွာငံကြားမှာ ဖြစ်တာ၊ စစ်ကောင်စီ တပ်သားနဲ့ PNO/PNA စစ်သားတွေလည်း စောင့်နေတယ်၊ ပြီးတော့ ဒေသခံ ပျူစောထီးတွေလည်းပါတယ်၊ ကောင်မလေးလက်ကို ကိုင်ပြီး ချောတယ်နော် ဆိုပြီး ရိသဲ့သဲ့ပြောတာ” ဟု မျက်မြင်တွေ့ရသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ကြီး – ဟဲဟိုး – ပင်းတယ – ရွာငံ လမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် စစ်ကောင်စီ တပ်သားအပြင် PNO/PNA စစ်သားများနှင့် ဒေသခံ ဗျူစောထီးများလည်း ပါဝင်နေကြပြီး လိင်အကြမ်းဖက်မှု ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း နေရာအနှံ့တွင်ရှိနေကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“အမျိုးသမီးတွေအပေါ် နှုတ်နဲ့ စော်ကားပြောဆိုတာတွေ ညစ်ညှမ်းအသုံးအနှုန်းတွေနဲ့ပြောဆိုတာတွေ ကြုံရသူ မနည်းဘူး၊ မိန်းကလေးဆိုတော့လည်း တချို့ကလည်း ရှက်ကြလို့ ဘာမှ ပြန်မပြာရဲကြဘူး၊ ဒီလိုမျိုးနဲ့ ပျောက်သွားတဲ့ လူမသိ သူမသိတွေလည်းများတယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောထားသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ နိုင်ငံနှင့် တဝှမ်းလုံးရှိ စစ်ကောင်စီ တပ်သားများသည် အကြမ်းဖက် လုပ်ရပ်မှုများကြောင့် ပြည်သူများက အပြင်ထွက် သွားလာရေး နှင့် လုံခြုံရေးပိုင်းဆိုင်ရာများ အတွက် အထူးစိတ်ပူနေရကြောင်း သိရသည်။

မိန်းကလေးတစ်ဦး၏ ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုများသည် ရဲအရေးပိုင်သော ပြစ်မှုဖြစ်ပြီး ပြစ်ဒဏ်သည် ထောင်ဒဏ် ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ် စလုံး ချမှတ်နိုင်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...