အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ထောင်ဒဏ်၁၀ နှစ်ချခံရ

သျှမ်းပြည် တောင်ကြီးခရိုင် အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီးကို စစ်ကောင်စီမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

အောင်ပန်းမြို့

အဆိုပါ ကိုတရုတ်ကြီးကို PDF ထောက်ပံ့မှုဖြင့် အမှုစွဲပြီး စစ်ကောင်စီမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီး ၎င်းနှင့်အတူဖမ်းခံရသည့် အဖွဲ့ဝင်များ ပြန်လွှတ်လာကြောင်း အောင်ပန်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူ့ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီတဲ့။ ဟိုနေ့က ပြန်လွတ်ပေးတဲ့ထဲလည်း သူမပါလာဘူး။ သူရဲ့အဖွဲ့ဝင်တွေတော့ ပြန်လွတ်လာတယ်လို့ကြားတယ်။ ဘာအမှုနဲ့ ချမှတ်လိုက်လဲတော့ မသိရဘူး။ PDF ထောက်ပံ့မှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု အောင်ပန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အောက်တိုဘာ ပထမပတ်အတွင်းတွင် ရပ်ကွက် (၃) ထဲနေထိုင်သည့် လူငယ်တစ်ဦးသည် လူမှုကွန်ယက်ပေါ်တွင် နိုင်ငံရေးဆိုင်ရာ သတင်းတစ်ခုအာက်တွင် ကော်မန့်ပေးရာမှ တစ်ဆင့် ဖမ်းဆီးခံရပြီး လက်ရှိမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရကြောင်း သိရသည်။

“ ဟိုကလေး နိုင်ငံရေးသတင်းတစ်ခုမှာ ကော်မန့်ရေးလို့ ဖမ်းခံရတဲ့ကောင်ကလည်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတာ။ ပြန်မလွတ်လာပေးဘူး။ အဲ့ကောင်လေးက ကျနော်တို့ ရပ်ကွက်ထဲကလူပဲ။ အခုထိ ပြန်လွတ်လာပေးတာမတွေ့ဘူး” ဟု အောင်ပန်းမြို့ ရပ်ကွက် ၃ ထဲနေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကိုတရုတ်ကြီးကို အောက်တိုဘာ ၁၀ ရက်နေ့ ည ၅ နာရီဝန်းကျင်လောက်က စစ်ကောင်စီက စစ်အင်အား ကား ၃ စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။

အောင်ပန်းမြို့အဝင်ထွက်တွင် လက်ရှိ ညောင်ရွှေမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ဆေးမှုတွေ ပြန်လည် တင်းကြပ်လာနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...