Wednesday, January 28, 2026

အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ထောင်ဒဏ်၁၀ နှစ်ချခံရ

သျှမ်းပြည် တောင်ကြီးခရိုင် အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီးကို စစ်ကောင်စီမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

အောင်ပန်းမြို့

အဆိုပါ ကိုတရုတ်ကြီးကို PDF ထောက်ပံ့မှုဖြင့် အမှုစွဲပြီး စစ်ကောင်စီမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီး ၎င်းနှင့်အတူဖမ်းခံရသည့် အဖွဲ့ဝင်များ ပြန်လွှတ်လာကြောင်း အောင်ပန်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူ့ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီတဲ့။ ဟိုနေ့က ပြန်လွတ်ပေးတဲ့ထဲလည်း သူမပါလာဘူး။ သူရဲ့အဖွဲ့ဝင်တွေတော့ ပြန်လွတ်လာတယ်လို့ကြားတယ်။ ဘာအမှုနဲ့ ချမှတ်လိုက်လဲတော့ မသိရဘူး။ PDF ထောက်ပံ့မှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု အောင်ပန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အောက်တိုဘာ ပထမပတ်အတွင်းတွင် ရပ်ကွက် (၃) ထဲနေထိုင်သည့် လူငယ်တစ်ဦးသည် လူမှုကွန်ယက်ပေါ်တွင် နိုင်ငံရေးဆိုင်ရာ သတင်းတစ်ခုအာက်တွင် ကော်မန့်ပေးရာမှ တစ်ဆင့် ဖမ်းဆီးခံရပြီး လက်ရှိမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရကြောင်း သိရသည်။

“ ဟိုကလေး နိုင်ငံရေးသတင်းတစ်ခုမှာ ကော်မန့်ရေးလို့ ဖမ်းခံရတဲ့ကောင်ကလည်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတာ။ ပြန်မလွတ်လာပေးဘူး။ အဲ့ကောင်လေးက ကျနော်တို့ ရပ်ကွက်ထဲကလူပဲ။ အခုထိ ပြန်လွတ်လာပေးတာမတွေ့ဘူး” ဟု အောင်ပန်းမြို့ ရပ်ကွက် ၃ ထဲနေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကိုတရုတ်ကြီးကို အောက်တိုဘာ ၁၀ ရက်နေ့ ည ၅ နာရီဝန်းကျင်လောက်က စစ်ကောင်စီက စစ်အင်အား ကား ၃ စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။

အောင်ပန်းမြို့အဝင်ထွက်တွင် လက်ရှိ ညောင်ရွှေမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ဆေးမှုတွေ ပြန်လည် တင်းကြပ်လာနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...