နတ်ပြည်အလား ပျော်မြူးနေတဲ့ နယ်စပ်လူငယ်

အချိန်ညနေ ၆ နာရီမှာ အသက် ၂၀ ကျော် လူငယ် ၅ ဦးဟာ ဘီယာဆိုင်မှာ စုဝေးပြီး စားသောက်နေကြပြီး စကားပြောဆိုနေကြပါတယ်။

ကလပ်ဆိုင်မှာ တွေ့ရတဲ့ လူငယ်တွေ

ဘီယာ ၄ ခွက်မြောက် သောက်ပြီးချိန်မှာ ဘီယာဆိုင်က လူငယ်အမျိုးသမီးလေး ဟာ “ရှယ်သောက်ကြမှာလား” ဆိုပြီး လာရောက်မေးမြန်းပါတယ်။ ထိုအချိန်မှာ လူငယ်အမျိုးသားတွေက “ရှယ်ဆိုတာ” သိချင်စောနဲ့ စမ်းသပ်မိခဲ့ပါတယ်။

အဲ့အဖြစ်အပျက်တွေကို အဲ့နေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အသက် ၂၅ နှစ် အရွယ် စိုင်းကွမ်း ပြန်ပြောပြပါတယ်။

“အဲ့နေ့က ကျနော်တို့ သူငယ်ချင်းတွေ ဘီယာဆိုင်သွားထိုင်ကြပြီး မှတ်မှတ်ရရ ဘီယာ ၄ ခွက်မြောက်မှာ ရှယ်ယူမှာလားဆိုတာ လာမေးတယ်။ ကျနော်တို့လည်း ရှယ်ဆိုတာ သိချင်တော့ စမ်းခဲ့တယ်။ သူက သောက်ပြီး မြူးသွားတယ်။ ဆေးတမျိုး ထည့်လိုက်တာပဲ” လို့ စိုင်းကွမ်းက အဲ့နေ့မှာ ကြုံတွေ့ခဲ့တာတွေကို ပြောပြလာပါတယ်။

အဲ့ဒီ နေရာကတော့ သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့ပါပဲ။

တာချီလိတ်မြို့ရဲ့ ဘီယာဆိုင်၊ ဘားဆိုင်တိုင်းတွေမှာ စိတ်ကြွဆေးပြားတွေဖြစ်တဲ့ Happy Water , K မူးယစ်ဆေး တွေပါ ထည့်သွင်းရောင်းချနေကြောင်း စိုင်းကွမ်းက ပြောပြပါတယ်။

“ဘီယာဆိုင်၊ ဘားဆိုင်တွေမှာ ပေါ်တင်မေးလို့ရတဲ့ အနေအထားဖြစ်နေတယ်။ တချို့ ကိုယ့်အိမ်မှာ လုပ်တဲ့ပါတီ၊ မွေးနေ့ပွဲတွေမှာတောင် လူစုပြီး ဝယ်သုံးနေကြတာ။ အခုက ဒါတွေကို ခက်ခက်ခဲခဲ ဝယ်စရာမလိုဘူး” လို့ စိုင်းကွမ်းက လက်ရှိ တာချီလိတ် အခြေအနေကို ပြောပြပါတယ်။

ကလပ်ဆိုင်မှာ တွေ့ရတဲ့ လူငယ်တွေ

လက်ရှိ တာချီလိတ်မြို့မှာ သုံးစွဲနေတဲ့ မူးယစ်ဆေးဝါးဟာ စိတ်ကိုကြွစေပြီး ခုန်ပေါက် ပျော်မြူးစေကြာင်း၊ Happy Water ဟာ ကော်ဖီအမှုန့်ပုံစံ ကော်ဖီ နဲ့ သစ်သီးအနံ့ အရသာ (၂)မျိုး ရှိပြီး ကော့တေး ခွက် ပမာဏ ကို ကျွဲရိုင်းအချိုရည် နဲ့ ရောကာ သောက်သုံးရကြောင်း သိရပါတယ်။

“ကော်ဖီအမှုန့်လိုပဲ အချိုရည်နဲ့ရောပြီး သောက်ရတယ်။ အဲ့ဒါ သောက်ပြီး လူကနောက်ထပ် တစ်ကမ္ဘာထဲ ရောက်နေသလိုလို၊ နာကျင်မှုဆိုတာလည်း မခံစားတတ်တော့ဘူး “ လို့ အသက် ၂၈ နှစ်အရွယ် စိုင်းကျော်စိန်က ပြောပြလာပါတယ်။

စိုင်းကျော်စိန်ဟာ မြန်မာ – ထိုင်းနိုင်ငံနယ်စပ်ဖြစ်တဲ့ သျှမ်းပြည် တာချီလိတ်မြို့မှာ အလုပ်လုပ်ကိုင် နေတဲ့ လူငယ်တစ်ဦးပါ။

“တာချီလိတ်မြို့မှာက KTV၊ Bar ၊ ကလပ်တို့ ဘဲရှိတယ်။ အဲ့ည ကျနော်သူငယ်ချင်းတွေနဲ့ အရက်၊ ဘီယာ သောက်မယ်လို့ ချိန်းလိုက်တာ။ အဲ့ဆိုင်က အရက်၊ ဘီယာ သောက်ပြီး 1G1 ဟိုတယ်ကို သွားလည်ကြည့်မယ်လို့ သွားကြတာ“ လို့ စိုင်းကျော်စိန်က ပြောပါတယ်။

K – မူးယစ်ဆေး

စိုင်းကျော်စိန်က သူ့ဘဝတစ်လျောက်လုံးမှာ တစ်ခါမှမကြုံဖူး၊ မခံစားဖူးခဲ့တာကို ပထမအကြိမ် တာချီလိတ် 1G1 ဟိုတယ်မှာ ခံစားခဲ့လိုက်ရတယ်လို့ ဆိုပါတယ်။

“အဲ့ရောက်တော့ Happy water ယူမလား၊ K ယူမလားဆိုပြီး မေးပြီးခွက်ကသေးသေးလေးပဲရှိတယ်။ တစ်ငုံစာလောက်ပေါ့ဗျာ။ သောက်ပြီး ၅ မိနစ် မကြာဘူး၊ လူက လုံးဝပြောင်းလဲသွားတယ်။ လူသစ်၊ စိတ်သစ်လိုဘဲ အရမ်းလန်းဆန်း သွားတယ်။ လူက လုံးလုံးမူးပြီး မထနိုင်ရင်တောင်မှ အဲ့ Happy Waterကို သောက်ပြီဆိုရင်တော့ အရမ်းကိုလန်းဆန်း တက်ကြွသွားတယ် “ လို့ Happy Water စိတ်ကြွဆေးရည်ကို သုံးစွဲဖူးသော စိုင်းကျော်စိန်က ပြောပါတယ်။

အဆိုပါ KTV ဆိုင်မှ ကောင်မလေးတွေဟာ ချမှတ်ထားတဲ့ ပမာဏထက် ဖောက်သည်တွေထံ မူးယစ်ဆေးဝါးတွေကို ပိုရောင်းချနိုင်ရင် ဘောနပ် ရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၇ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ကျောက်တောင်ရပ် နတ်မောက် ရွှေသူဌေးကုန်း ကျောင်းတိုက်မှ ဆရာတော်တစ်ပါး နဲ့ ဒကာ ၄ ဦးတို့ဟာ (COFFEE SHQ) တံဆိပ်ဖြင့် ထုတ်ထားတဲ့ Happy Water စိတ်ကြွဆေးရည်ကို သောက်ပြီး ဆေးရုံကို တင်ဆောင်ခဲ့ရပါတယ်။

K- မူးယစ်ဆေး

“ သူတို့ မနက် အလုပ်သွားဖို့ မနက်စာဆိုပြီး ဆရာတော်က ကော်ဖီကို ပေးလိုက်တာတဲ့။ သောက်ပြီးတော့ သတိမေ့သွားတာ။ Happy Water ကို ကော်ဖီလို့ထင်ပြီး သောက်လိုက်တာဗျာ။ ဆရာတော်ကော၊ ဒကာ ၄ ဦးကော ဆေးရုံကို အမှီပို့ဆောင်လိုက်ရတယ် “ လို့ တာချီလိတ်မြို့ ဦးလှမိုးပရဟိတအသင်းထံမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလားတူ ဒီဇင်ဘာလ (ပထမ) အပတ်က တာချီလိတ်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၇ နှစ် အမျိုးသမီးတစ်ဦးလည်း Bar ဆိုင်တစ်ဆိုင်မှာ သွားရောက်လည်ပတ်ရင်း Happy Water စိတ်ကြွဆေးရည်ကို သုံးစွဲခဲ့ရာကနေ သတိလှစ် မေ့သွားခဲ့တယ်လို့ ၎င်းနီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

“ သူငယ်ချင်းတွေနဲ့စုပြီး Bar မှာသွားလည်တာထင်တယ်။ သူငယ်ချင်းတွေက သူ့ကို စချင်သလို၊ နှောက်ချင်သလို နဲ့ ခွက်ထဲကို Happy Water စိတ်ကြွဆေးရည် ဖျော်ခိုင်းပြီး တိုက်လိုက်တာ။ မိနစ် ၂၀၊ နာရီဝက် နီးပါး အကြာမှာပဲ လူက တောင့်ပြီး မာလာတယ်။ အသက် မရှုနိုင်တော့မှ သူ့ သူငယ်ချင်းတွေက ဆေးရုံကို ပို့လိုက်တယ် “ လို့ ဆိုပါတယ်။

သတိလှစ်မေ့သွားတဲ့ အသက် ၁၇ နှစ် အမျိုးသမီးတစ်ဦးဟာ တာချီလိတ်မြို့ပြည်သူ့ဆေးရုံမှာ ၂ နာရီ ကြာအောင် မေ့မျော နေပြီးမှ ပြန်လည်သတိရတယ်လို့ ဆိုပါတယ်။

သူမဟာ Happy Water စိတ်ကြွဆေးရည်ကို သုံးစွဲပြီး မကခုန်၊ မလှုပ်ရှားခဲ့တဲ့ အတွက် သူမရဲ့ သွေးကြောတွေမှာ သွေးလည်ပတ်မှုမရှိဘဲ ခန္ဒာကိုယ်ထောင့် ခဲသွားရတယ်လို့ ၎င်းက သုံးသပ်ထားပါတယ်။

“ Happy Water စိတ်ကြွဆေးရည်က သောက်ပြီဆိုရင် ကခုန်၊ သီချင်းသံတွေကို နားထောင်ပြီး မျောပေး နေရကြောင်း၊ သောက်ပြီး ငြိမ်ငြိမ်လေးနေမယ်ဆိုရင်တော့ အရိုးအဆစ်တွေက အေးခဲလာပြီး သွေးကြောထဲမှာ သွေးမလည်ပတ်တော့ပဲနဲ့ ခန္ဓာကိုယ်က တောင့်လာပြီး မျက်လုံးမဖွင့်နိုင်တာ အသက်ရှု ကြပ်လာတာ စတာတွေဖြစ်ပြီး နောက်ဆုံး အသက်ဆုံးရပ်ရတဲ့ အထိဖြစ်တယ်” လို့ ၎င်း အမျိုးသမီး နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထဲက အမျိုးသားတစ်ဦးက အခုလို သုံးသပ်ထားပါတယ်။

လူငယ်တော်တော်များများဟာ Happy Water စိတ်ကြွဆေးရည်ကို မူးယစ်ဆေးဝါးလို့ မယူဆဘဲ အရက်၊ ဘီယာ လိုမျိုး (ကျား၊မ) မရွေး သောက်သုံးနေကြတယ်လို့ ဆိုပါတယ်။

K- မူးယစ်ဆေး

Happy Water ကို တရုတ်နိုင်ငံက တင်သွင်းလာတာဖြစ်ပြီး အရည် နဲ့ ကော်ဖီအမှုန့် ပုံစံ (၂) မျိုးရှိကြောင်း သိရပါတယ်။ တာချီလိတ်မှာတော့ Happy Water ကို အရည်အဖြင့် သုံးစွဲခြင်းကို မတွေ့ရသေးဘဲ လူငယ်တွေကြားမှာ Happy Water အမှုန့်ကို ခေတ်နဲ့အလိုက် သုံးစွဲနေတယ်လို့ ဆိုပါတယ်။

လက်ရှိ Happy Water အမှုန့်ကို (ကော်ဖီတစ်ထုပ်စာ ၂၁ ဂရမ်) တစ်ထုပ်ဆိုရင် ထိုင်းဘတ်ငွေ (၃,၀၀၀) ဘတ်မှ (၄,၀၀၀) အထိ ကာလ ပေါက်ဈေးရှိနေကြာင်း သိရပါတယ်။ အဲ့ဒီ Happy Water အမှုန့်တစ်ထုပ်ကို လူ (၅) ဦးလောက် သောက်သုံးနိုင်တယ်လို့ စိုင်းကျော်စိန်က ပြောပါတယ်။

“ Happy Water ကိုသောက်တဲ့သူတွေက ပိုက်ဆံချမ်းသာတဲ့သူမှ သောက်လို့ရတယ်။ သူက ဈေးကြီးတယ်။ Happy Water တစ်ထုပ်ကို တစ်ယောက်သောက်လို့ မရဘူး၊ လေး ငါး ယောက်လောက် သောက်ရတယ်။ အရမ်းပြင်းတယ် “ လို့ အတွေ့အကြုံရှိတဲ့ စိုင်းကျော်စိန်က ဆိုပြန်ပါတယ်။

ဒါတင်မက k (ခေါ်) မူးယစ်ဆေးဝါး၊ E (ခေါ်) မူးယစ်ဆေးဝါးကိုလည်း KTV ဆိုင်၊ Bar ဆိုင်၊ ကလပ်ဆိုင်ကို သွားရောက်လည်ပတ်တဲ့ လူငယ်တော်တော်များများဟာ သုံးစွဲနေတယ်လို့ အတွေ့အကြုံရှိသူ နန်းထွေးလေးက ပြောပါတယ်။

K (ခေါ်) မူးယစ်ဆေးဝါးဟာ မြေဖြူအမှုန့်ပုံစံ (အဖြူရောင်)ရှိပြီး ခပ်ရှရှအနံ့ရှိကာ နှာခေါင်းနဲ့ ရှူရှိက်ရတယ်လို့ သုံးစွဲခဲ့ဖူးသူ အသက် ၂၉ နှစ် နန်းထွေးလေးက ပြောပါတယ်။

“ သူက အမှုန့်လာတယ်။ ပန်းကန်ပြားထဲမှာ ဖြစ်ဖြစ်၊ စားပွဲခုံပေါ်မှာဘဲ ဖြစ်ဖြစ် အဲ့ K ကိုတင်ပြီး နှာခေါင်းနဲ့ ရှူရှိက်ရတယ်။ ကိုယ်က ဘယ်ပမာဏလောက် ရှူနိုင်မလဲဆိုတာကို အဲ့ အမှုန့်ကို ခွဲပေးရတယ်။ ပြီးရင် နှာခေါင်းကို တစ်ဖက်ပိတ်ပြီး တစ်ဖက်က အဲ့ဒါကို ရှူသွင်းရတယ် “ လို့ နန်းထွေးလေးက ရှင်းပြပါတယ်။

ထို K ကို သုံးစွဲပြီးတော့ မိနစ်ပိုင်းအကြာမှာ လူဟာ စိတ်တစ်ဖက် လွှတ်နေသလိုလိုဖြစ်ပြီး သီချင်းရဲ့ ခံစားချက်အရ ကခုန်ပေါက်ခုန်၊ ပျော်မြူးနေတယ်လို့ ဆိုပါတယ်။

K ထဲမှာ ဘိန်းဖြူ၊ ကီတာမင်း၊ မက်သာဖီတမင်း နဲ့ အိပ်ဆေးတစ်မျိုး ပါဝင်ထားကြောင်း တချို့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ ထိုင်းနိုင်ငံ K- Powdered Milk ခေါ် တရားမဝင် စပ်ဆေး တစ်မျိုးအသစ်ကို သောက်သုံးခဲ့တဲ့ လူ ၆ ဦးဟာ အဲ့နေ့မှာပင် သေဆုံးခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံ K-Powdered Milk ဆေးစပ်အပြင် Happy Water စိတ်ကြွဆေးကိုလည်း တရားမဝင် မူးယစ်ဆေးတစ်မျိုး ဖြစ်ကြောင်း ကြေညာထားပါတယ်။

တာချီလိတ်မှာ K (ခေါ်) မူးယစ်ဆေးဝါး အမှုန့်ကို (kg) အလေးချိန်နဲ့ ထိုင်းဘတ်ငွေ (၁,၀၀၀) ဘတ်မှ စပြီး ဝယ်ယူလို့ ရနေကြောင်း သိရပါတယ်။

KTV ဆိုင်၊ Bar ဆိုင်၊ ကလပ်ဆိုင်တွေမှာထက် ပြင်ပအချို့ အရက်၊ ဘီယာ ဆိုင်မှာ မှောင်ခိုဈေးကွက် အဖြစ် စျေးကွက် ရှိတယ်လို့ဆိုပါတယ်။ ဒါတင်မက မင်္ဂလာဆောင်ပွဲ တချို့တွေမှာလည်း အရက်၊ ဘီယာ အစား Happy Water အမှုန့်ဖျော်ပြီး ဧည့်ခံနေကြောင်း သျှမ်းပြည် မိုင်းတုံမြို့မှာ နေထိုင်တဲ့ အသက် ၂၅ နှစ် အရွယ် စိုင်းတစ်က ပြောပါတယ်။

ကလပ်ထဲက လူငယ်တွေ

“ မိုင်းဆတ်မြို့မှာ ကျနော့် သူငယ်ချင်း မင်္ဂလာဆောင် သွားတုန်းက Happy Water ကို သောက်ခဲ့ရသေးတယ်။ သူတို့ အရမ်းချမ်းသာတော့လေ၊ သူငယ်ချင်းတွေက သောက်ချင်တယ်ဆိုရင် Happy Water နဲ့ ဧည့်ခံတာ။ အခုခေတ် လူငယ်တော်တော်များများက Happy Water ကိုအရမ်း ခေတ်စားနေကြတယ် “ လို့ စိုင်းတစ်က ဆိုပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်း တာချီလိတ်မြို့ နဲ့ လားရှိုးမြို့ (၂) မြို့ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲပြီး အိမ်ခြေမဲ့ နေထိုင်တဲ့ လူလတ်ပိုင်းမှာ အစာအာဟာရပြတ်ပြီး လူဦးရေ ၄၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ လူမှုကူညီရေး အသင်းထံမှ စုံစမ်းထားချက်အရ သိရပါတယ်။

တာချီလိတ်မြို့မှာဆိုရင်ဖြင့် ကျောက်တောင် သင်္ချိုင်းအပြင် လမ်းကြိုလမ်းကြားထဲမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့ နေထိုင်တဲ့သူ တစ်လလျှင် ပျှမ်းမျှ လူ ၄ ဦးခန့် သေဆုံးနေကြောင်း တာချီလိတ် ဦးလှမိုး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျောက်တော်သင်္ချိုင်းမှာ ပိုများတယ်။ နောက်ပြီးတော့ လမ်းတွေမှာလည်း ဒီလိုဘဲ ရှောက်သွားနေတာပဲ။ တော်တော်များများတော့ လူလတ်ပိုင်းတွေပေါ့။ မူးယစ်ဆေး သားကောင်တွေတော့ တစ်နှစ် ထက် တစ်နှစ် ပိုများ လာတယ်။ တစ်လကို ပျှမ်းမျှ ၃ ယောက် ၄ ယောက်လောက် သေနေတယ် “လို့ ၎င်းတာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ စစ်ရေးပဋိပက္ခဖြစ်ပွားပြီး စစ်တပ်က လူငယ်တွေကို ဖမ်းဆီးအရေးယူထောင်ချမှု နဲ့ သတ်ဖြတ်မှုကြောင့် လူငယ်တွေ ထွက်ပြေးနေကြသလို တစ်ဖက်မှာလည်း တိုက်ပွဲကြောင့် ထိခိုက်မှုတွေ၊ စီးပွားရေးကျဆင်းမှု၊ ပညာပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် လူငယ်တွေဟာ မြန်မာ – ထိုင်းနိုင်ငံနယ်စပ်ဖြစ်တဲ့ တာချီလိတ်မြို့ကို အလုံးအရင်း နဲ့ ထွက်ခွာလာပြီး အွန်လိုင်းဂိမ်း အလုပ်ကို လုပ်ကိုင်နေတယ်လို့ သုံးသပ်တချို့က ဆိုပါတယ်။

တာချီလိတ်မြို့

“ ကျနော်တို့ တာချီလိတ်မြို့မှာတော့ အားလုံးရတယ်။ မူးယစ်ဆေးတွေတောင် ဘီယာ၊ အရက်လို ရောင်းနေတာမျိုး ၊ နိုင်ငံရေးမလုပ်ရင်ပြီးရော ကြိုက်တာလုပ်ဆိုပြီးလွှတ်ထားတဲ့သဘောပဲ”လို့ စိုင်းကွမ်းက ပြန်ဆိုလိုက်ပါတယ်။

တာချီလိတ်မြို့ဟာ မြန်မာ – ထိုင်းနယ်စပ် မြို့ဖြစ်တဲ့အလျောက် မူးယစ်ဆေးပေါင်းစုံ၊ တရားမဝင် ရာဇာဝတ်မှုကို ပေါ်တင်သုံးစွဲနေတဲ့မြို့ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးဟာ အလွန်ပင် စိုးရိမ်စရာကောင်းတဲ့မြို့ ဖြစ်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...