SSPP/SSA နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေး ဘာတွေပြောခဲ့လဲ

အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ( UWSP/UWSA) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ကိုယ်စားလှယ်အဖွဲ့ တို့ ဇန်နဝါရီ ၅ ရက် ကနေပြီး ဇန်နဝါရီ ၇ ရက်ထိ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒု – ဗိုလ်မှူးကြီး စိုင်းဆု

အဲ့ဒီ တွေ့ဆုံဆွေးနွေးမှု နဲ့ ပတ်သက်ပြီး SSPP အနေဖြင့် ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာကို SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး စိုင်းဆုကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ NSPNC နဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်း အခြေအနေလေးတွေကို ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ အခြေခံ ဥပဒေ ၂၀၀၈ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးခဲ့သမျှ ကျနော်တို့ တင်ပြတဲ့ လိုချင်တဲ့ အတိုင်းမဟုတ်တော့ ဒီနေ့ ဆွေးနွေးမှုကလည်း မှတ်တမ်းအနေနဲ့ပဲ ရှိနေပါတယ်။ နိုင်ငံရေး စစ်ရေးတွေ နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ထွေထွေ ထူးထူးမရှိဘူး။ အားလုံးက မှတ်တမ်းအနေနဲ့ပဲ ရှိပါတယ်။ ဆုံးဖြတ်ချက် တစ်ခုရတာကတော့ နောက်လာမယ့် မတ်လ ထဲမှာ နောက်တစ်ကြိမ်ထပ်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ အဲ့ဒါပဲ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရခဲ့တယ်။ တခြားဆွေးနွေး ဖြစ်ခဲ့တာကတော့ နယ်မြေ တိုးတက်ရေး နဲ့ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်မီး ရရှိရေး စတာတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

မေး ။ ။ ဒီလိုမျိုး ဆွေးနွေးဖြစ်ခဲ့တာတွေ အတွက်ရော SAC ဘက်ကနေ သဘောတူ လက်ခံတဲ့ အချက်တွေ ရှိလား။

ဖြေ။ ။ ပညာရေးအပိုင်းအနေ နဲ့ ပြောရမယ် ဆိုလို့ရှိရင် ကျနော်တို့ နယ်မြေထဲက တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်ပြီး သူတွေဟာ တကယ်လို့ ဖွံ့ဖြိုးရေး တက္ကသိုလ် တက်ချင်သူတွေ ၊ ဆေးကျောင်း တက်ချင်တဲ့သူတွေ စသဖြင့်ပေါ့နော် ရှိလာခဲ့ရင် သူတို့ဘက်ကတော့ ကူညီပေးဖို့ ပြောဆိုဖြစ်တာရှိတယ်၊ ဒါက ကျနော်တို့ ဌာနချုပ်က ကလေးတွေရော၊ ကျနော်တို့ ပြည်သူလူထုတွေရဲ့ သားသမီးတွေရာ တက်ချင်တယ်ဆိုရင် ဒါက ကျနော်တို့ကနေ တစ်ဆင့် ကျောင်းဝင်ခွင့် မြန်မြန်ရအောင် လုပ်ဆောင်ပေးဖို့ပါ၊ ဒီက ကျောင်းသားတွေကို အထူးအနေနဲ့ ကျောင်းဝင်ခွင့် ကျောင်းတက်ခွင့် မြန်မြန်ရအောင် ကူညီဆောင်ရွက်ပေးတဲ့ သဘောပေါ့။ ဒါကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဆွေးနွေးမှုမှာ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ ခေါင်းဆောင်က သူတို့ဘက်က သိပ်အဖက်မလုပ်လို့ ကျနော်တို့ ပြည်သူလူထုအတွက် အကျိုးအမြတ်ရအောင် ပညာရေးပိုင်းကနေ တောင်းဆိုဖြစ်တဲ့အရာပေါ့။

မေး ။ ။ လက်ရှိ အခြေအနေအရဆိုရင် ဒီ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက်ရော အခြေအနေ ဘယ်လိုရှိလဲရှင့်။

ဖြေ။ ။ လက်ရှိ အခြေအနေ အရဆိုရင်တော့ ၂၀၀၈ အခြေခံ ဥပဒေ နဲ့ ပတ်သက်ပြီး ကျနော်တို့ ဆက်ဆွေးနွေးလို့ မဖြစ်နိုင်သေးပါဘူး၊ ကျနော်တို့ အရင်က ဒီ ၂၀၀၈ ပြင်ဆင်ရေး မူတွေကို အရင်က တင်ပြခဲ့တယ်၊ ဒါပေမဲ့ သူတို့က လက်မခံတော့ အခုမှာလည်း ဒီအကြောင်းကို ဆက်ဆွေးနွေးမယ်ဆိုရင်လည်း သူငြင်း ငါငြင်းတွေ ဖြစ်ကုန်မှာ၊ ဒါကြောင့်မို့ လာမည့် လွှတ်တော်မှာပဲ ဒီပြင်ဆင်ရေး အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်၊ အခုမှာတော့ စစ်တပ် အချင်းချင်းသာ ပြင်ဆင်ဖို့ ဆွေးနွေးနေကြတာ ဖြစ်တော့ အစိုးရမရှိ လွှတ်တော်မရှိ၊ လွှတ်တော်ကိုယ်စားလှယ်လည်း မရှိတော့ ဆွေးနွေးလည်း အကြုံးဝင်နိုင်မှာ မဟုတ်ဘူး၊ ကျနော်တို့ ဆွေးနွေးနေလည်း မူကြမ်းအနေ နဲ့သာ ဆက်ဖြစ်နေအုံးမှာလေ။ စစ်ကောင်စီ အနေနဲ့လည်း ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။

မေး။ ။ လက်ရှိမှာ SSPP/SSA အနေနဲ့ ပြင်ဆင်ဖို့ တင်သွင်းထားတဲ့ ၂၀၀၈ ထဲက ဘယ်နှခေါက်ရှိနေပြီလဲ။

ဖြေ။ ။ အခုတစ်ခေါက်က ကျနော်တို့ ဘက်ကနေ ၂၀၀၈ ပြင်ဆင်ဖို့ တင်သွင်းတာတော့ မရှိပါဘူး၊ အရင်တစ်ခေါက်က ကျနော်တို့ တင်သွင်းတာကို သူတို့ဘက်က လက်မခံတော့ ကျနော်တို့လည်း ဆက်မပြောနိုင်တော့ဘူး၊ အရင်တခေါက် ကျနော်တို့ တင်သွင်းတာက ၂၀၀၈ ရဲ့ လုံးဝ အခြေခံထဲ က အချက်တွေ ဖြစ်ပါတယ်၊ ဒါကို သူတို့ဘက်က လက်ခံနိုင်မယ်ဆိုရင် ကျနော်တို့ဘက်က ဆက်လက် ဆွေးနွေးဖို့ ပုဒ်မတွေကို ဖော်ပြဖို့က ပိုပြီးတော့ ကောင်းတာပေါ့၊ အခုတော့ သူတို့ဘက်က ကျနော်တို့ တင်ပြတာကို လက်မခံတော့ သူတို့ဘက်က လိုချင်တဲ့ တင်ပြချက်တွေကိုလည်း ကျနော်တို့ အင်းမလုပ် အဲမလုပ်ပါဘူး။ ကျနော်တို့က သုံးဖွဲ့ အတူတက်တာလေ၊ ဆိုတော့ ကျနော်တို့ နဲ့ မဆိုင်တဲ့ အချက်တွေကိုတော့ ဝင်မပါဘူး။

မေး ။ ။ အခု တွေ့ဆုံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ SSPP/SSA အနေနဲ့ ဘာတွေကို မျှော်လင့်ထားလဲ။

ဖြေ ။ ။ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ပဲ ဆွေးနွေးချင်တာ မဟုတ်ဘူး၊ အဖွဲ့အစည်း အားလုံး ပါတီတွေအားလုံးကိုလည်း လက်ကမ်းဖိတ်ခေါ်စေချင်တယ်၊ နိုင်ငံရေး ပြဿနာတွေ အားလုံးကို ဒီလိုမျိုး စားပွဲပေါ်မှာပဲ ဆွေးနွေး အဖြေရှာစေချင်တယ်၊ စစ်ရေးနဲ့ မဖြေရှင်းစေချင်ဘူး၊ စစ်ရေး နဲ့ ဖြေရှင်းလို့ လေယာဥ်တွေနဲ့ပါ တိုက်ခိုက်နေလည်း အခုလို နှစ်ပေါင်း ၇၀ အထိ စစ်ရေးက ရှည်နေမှာပဲ၊ အခု ဆွေးနွေးမှုက မပြီးရင် နောက်တခေါက်မှာ ပြီးချင်ပြီးလိမ့်မယ်၊ ဒီလို ဆွေးနွေးမှုတွေက အချင်းချင်း သတ်ဖြတ်နေတာမျိုးထက် အရှုံးနည်းတယ်၊ အချင်းချင်းတစ်ဖက်နဲ့ တစ်ဖက် သတ်ဖြတ် တိုက်ခိုက်နေကြတာတွေက နိုင်ငံတော်အတွက်လည်း ဘာမှ မကောင်းဘူး၊ ပြောချင်တာက ဒီလို ဆွေးနွေးတာကို ကျနော်တို့ ဘက်ကလည်း လက်ကမ်းကြိုဆိုပါတယ်၊ ဘယ်အဖွဲ့အစည်းနဲ့ မဆိုပေါ့။

မေး ။ ။ ထပ်ပြီး ဖြည့်စွက်ပြောချင်တာမျိုးရှိရင် ပြောပေးပါအုံးရှင့်။

ဖြေ ။ ။ အခု စစ်ကောင်စီ ဘက်ကနေ ၂၀၂၃ ခုနှစ် တစ်နှစ်လုံး အပစ်အခတ် ရပ်မယ်လို့ ကြေညာထားတယ်၊ ဒီလို တစ်နှစ်လုံး အချိန်ကြာကြာ အပစ်ရပ်မယ်လို့ ကြေညာတာက ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်နေတယ်၊ အဲ့ကြောင့်မလို့ အခုလို စစ်ကောင်စီဘက်ကနေ အပစ်ရပ် ကြေညာထားတဲ့ ကာလအတွင်းမှာ ကျနော်တို့ သျှမ်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းစေဖို့အတွက် စစ်ရေးမက်ရာတွေလည်း လျှော့ချပြီး ဝမ်းစာရှာဖွေရေးတွေ ပိုမိုလွယ်ကူလာနိုင်စေဖို့အတွက် အဖက်ဖက်က အဖွဲ့အစည်းတွေ ယုံကြည်မှုတွေ ခိုင်ခိုင်မာမာ တည်ဆောက်ကြပါလို့ တိုက်တွန်း ပြောဆိုလိုပါတယ်။

အခုလို လက်ခံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟန်ပြ မြစ်ရေထိန်းသိမ်းမှုအောက်က အဆိပ်သင့် နယ်စပ်ဖြတ်ကျော်မြစ်ရေ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...