လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄ ဦးကို စစ်ကောင်စီတပ်၏ ပူးပေါင်းအဖွဲ့များနှင့် စစ်ကြောင်းများက ရှာဖွေစစ်ဆေးရာမှ အဆင့်ဆင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခု ကျားဖြန့်တွေကို ဖမ်းမိတဲ့နေရာကတော့ ပြည်သူ့စစ်နယ်မြေထဲမှာပဲရှိတာ။ဖမ်းမိတဲ့နေရာက နမ့်စန်နဲ့ လဲချားကြားထဲရှိတယ်ပြောရမယ်။လဲချားမှာ ကျားဖြန့်ဂိုဏ်တွေက ပြောင်းရွှေ့လာတာ ကြာပါပြီ။သူတို့က အမြဲတနေရာတည်း ရှိနေတာမဟုတ်ဘူး။ ကျားဖြန့်တွေက လဲချားမြို့နယ်ထဲမှာ ကျန်အုံးမှာပဲ။တိုးတိုးတိတ်တိတ် နေနေကြတာမျိုးဆက်ရှိတာပေါ့”ဟု လဲချားမြို့နယ် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးမှုအတွင်း Starlink အင်တာနက်စက် ၁၀ စုံ၊ Starlink ဗန်း ၂ ခု၊ Laptop ကွန်ပျူတာ ၂၅ လုံး၊ Power Station ၆ လုံး၊ Wi-Fi U6 Pro ၆ ခု၊ မီးစက် ၂ လုံးနှင့် ရေခဲသေတ္တာ ၁ လုံးအပါအဝင် ယာယီနေထိုင်ရန်နှင့် လုပ်ငန်းလုပ်ကိုင်ရန် အသုံးပြုသည့် မိုးကာတဲများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်းဖော်ပြထားသည်။

လဲချားမြို့က တရုတ်ကျားဖြန့်သမား

အဆိုပါ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများသည် လဲချားမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက ရောက်ရှိလည်ပတ်နေခဲ့ပြီး တစ်ကြိမ်ဝင်ရောက်လာပါက လူဦးရေ ၁၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်း လဲချားမြို့နယ် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“၂၀၂၄ လောက်က ကျားဖြန့်တွေ ဆင်းလာတုန်းက ပြည်သူ့စစ်နယ်မြေထဲ အဆောက်အဦးတွေ သေချာလုပ်တယ်။အများကြီးလာပြီး နေကြတာဆိုတော့ ပြည်သူတွေကလည်း သိကြတယ်။အဲ့တုန်းက ဘယ်လိုနေရာ ဘယ်မှာရှိကြလဲ သက်ဆိုင်ရာတွေပါ သိတယ်။ဖမ်းဆီးစစ်ဆေးမှုတချို့ရှိခဲ့တယ် အဲ့လောက်ပဲ” ဟု လဲချားမြို့နယ် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၅ ခုနှစ်ဝန်းကျင်တွင် ကျားဖြန့်လုပ်ငန်းများ၏ လှုပ်ရှားမှု အနည်းငယ်ငြိမ်သက်သွားသော်လည်း လဲချားမြို့နယ်အတွင်း ဝင်ထွက်လှုပ်ရှားမှုများ ဆက်လက်ရှိနေပြီး ယခင်ကဲ့သို့ လူအများအပြား မဟုတ်ဘဲ လူ ၅၀ ဝန်းကျင်ခန့်ဖြင့် နေရာများ မကြာခဏပြောင်းရွှေ့ကာ လုပ်ကိုင်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီလဲချားထဲမှာတော့ ကျားဖြန့်အသွားအလာတွေက အမြဲလိုလိုရှိပါတယ်။အရင်လို လူအရမ်းအများကြီးလာတာ မဟုတ်တော့ဘူး။လူအနည်းစုလာလုပ်တယ်။နေရာတွေ ခဏ ခဏပြောင်းတယ်။သူတို့လည်း လုံခြုံရေးအခိုင်အမာမရှိရင် မလာရဲဘူးလေ။ လုံခြုံရေးယူပေးတာရှိလို့  လာတာပေ့ါ။” ဟု ၎င်းက ပြောသည်။

၂၀၂၄ ခုနှစ်မှစတင်၍ လဲချားမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းများ တိုးပွားလာချိန်တွင် ဒေသခံအချို့က အဆိုပါလုပ်ငန်းများအတွက် စားသောက်ကုန်နှင့် လိုအပ်သည့်ပစ္စည်းများ ရောင်းချခြင်း၊ ပို့ဆောင်ပေးခြင်း နှင့် အလုပ်ဝင်ရောက်လုပ်ကိုင်ခြင်းများ ရှိခဲ့ကြောင်း အဆိုပါလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ဖူးသူတစ်ဦးက သိရသည်။

“ကျနော်က သူတို့အလုပ်လုပ်တဲ့နေရာထိ ပစ္စည်းတွေသွား ရောင်းဖူးတယ်။စားသောက်ကုန်တွေ ကအစပေါ့။အရင် ၂၀၂၄ လောက်က မြို့ထဲက လူတချို့လည်း အဲ့လိုကျားဖြန့်ထဲ အလုပ်ဝင်လုပ်တာ ရှိတယ်။ ထမင်းဟင်းသွား ရောင်းတာရှိတယ်။ သူတို့လိုချင်တဲ့ပစ္စည်းတွေကို ဒေသခံစီတဆင့် မာပြီး ဝယ်ခိုင်းတာရှိတယ်။ဈေးနှုန်းကလည်း သူတို့ဆီပြန်ရောင်းရင် ၂ ဆ ဆိုတော့လေ။”ဟု အဆိုပါလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ဖူးသူက ပြောသည်။

လဲချားမြို့အတွင်း ၂၀၂၄ခုနစ်မှ စတင်ပြီး ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှုဂိုဏ်း) ကြီးထွားလာခဲ့ပြီး၊ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစကာ လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတစ်လျှောက် တောတွင်းများတွင် တိုးပွားလာခဲ့ကြောင်း လဲချားဒေသခံများ ပြောပြချက်အရသိရသည်။ 

လွန်ခဲ့သည့် ၂၀၂၅ခုနစ်တွင် သျှမ်းသံတော်ဆင့်မှ “ သျှမ်းပြည် အလယ်ပိုင်း အွန်လိုင်း(ကျားဖြန့်) ကြောင့် ဒေသခံများမျိုးစုံ ပြဿနာကြုံတွေ့နေရ” ဆိုသည့် https://burmese.shannews.org/archives/45942 သတင်းကို တင်ဆက်ခဲ့သည်။ 

အဆိုပါ ကျားဖြန့်လုပ်ငန်းများသည် နယ်မြေအခြေအနေအရ နေရာမကြာခဏပြောင်းရွှေ့ လုပ်ကိုင်ကြပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်များ၏ လုံခြုံရေးရယူထားသည့် အတွက် စစ်ကောင်စီတပ်ဘက်မှ လက်လှမ်းမမီသည့် အခြေအနေများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ်အပြင် စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့် နယ်မြေများလည်း ရှိကြောင်း သိရသည်။

ယခုဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား ၃၄ ဦးအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...