သျှမ်းပြည် အလယ်ပိုင်း အွန်လိုင်း (ကျားဖြန့်) ဒေသခံမျိုးစုံပြဿာနာကြုံတွေ့နေရ

သျှမ်းပြည် လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် အွန်လိုင်း (ကျားဖြန့်) ငွေလိမ်လည်မှုများပြားလာသည့်အတွက် ဒေသခံများ မျိုးစုံပြဿနာကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ 

အွန်လိုင်း (ကျားဖြန့် )ငွေလိမ်လည်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနစ် အောက်တိုဘာလမှစတင်ကာ လဲချားမြို့နယ် ဝမ်ပန်ကျေးရွာ၊ ဝမ်လေကျေးရွာ နှင့် ဝမ်ဟိုင့်ကျေးရွာ တို့တွင် အခြေချလာသည်။

ထိုကျားဖြန့်လုပ်ငန်းကြောင့် ဒေသအတွင်း ကုန်စျေးနှုန်းမြင့်တက်လာခြင်း၊ လူငယ်များနှင့် ဒေသခံများကို လစာများဖြင့် မြူဆွယ်မှုကြောင့် လယ်ယာလုပ်ငန်းအတွက် နေ့စားရှားပါးလာခြင်းတို့ ကြုံတွေ့နေရကြောင်း အသက် ၃၅နှစ်အရွယ်ရှိ လဲချားဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

လက်ရှိ ကျားဖြန့်လုပ်ငန်းများသည် လဲချားမြို့ နှင့် ၂၅မိုင်ကွာဝေးသည့် မန်ပန်ပြည်သူ့စစ်ထိန်းချုပ်ထားသော ကျေးရွာများတွင် ဖွင့်လှစ်ထားသည်။ 

ကျားဖြန့် လုပ်ကိုင်သည့်နေရာ

“ အခုက ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ရွာတွေမှာ နေကြတာ။မနှစ်က အောက်တိုဘာလောက်မှာ စရောက်တယ်။ အခုဆိုရင် ပိုများလာတယ်” ဟု ၎င်းအသက် ၃၅နှစ်အရွယ် အမျိုးသားက ဆိုသည်။ 

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းလုပ်ငန်းခွင်၌သာ နေထိုင်ရပြီး၊ ထိုလုပ်သားများစားဖို့အတွက် လဲချားမြို့ပေါ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများက စျေးဝယ်ထွက်ကြသည်။ ထိုသို့ စျေးဝယ်ထွက်လျှင်လည်း ကားတစ်စီးစာ၊ ဝယ်ပြီး ကုန်စျေးနှုန်းကိုလည်း ပိုပြီးပေးဆောင်မှုများရှိကြောင်း အသက် ၄၀ အရွယ်ရှိ လဲချားမြို့ ဒေသခံအမျိုးသား တစ်ဉီးက ပြောသည်။ 

“အဲ့ကျားဖြန့်လုပ်တဲ့သူတွေက စျေးတခါလာဝယ်ရင် ကားတစ်စီးစာဝယ်တယ်။ အများကြီးဝယ်တယ်။ နောက်ပြီးစျေးတွေလည်း ပိုပေးသွားတယ်။ သာမာန်ပြည်သူတွေက သူတို့ပေးသလောက်မပေးနိုင်ဘူးလေ။ ကုန်စျေးနှုန်းကလည်း သူတို့ကြောင့် တက်တယ်လို့တောင်ပြောလို့ရတယ်” ဟု ၎င်း ကထပ်လောင်းပြောသည်။ 

လက်ရှိ လဲချားမြို့အတွင်း ဝက်သား တစ်ပိဿလျှင် မြန်မာကျပ်ငွေ ၄သောင်းကျပ်၊ မုန်လာထုတ် တစ်လုံးလျှင် ကျပ်ငွေ တစ်ထောင်ဝန်းကျင် ထိရှိလာသည်။ ယခင်နှစ် (၂၀၂၄ နိုဝင်ဘာ )မတိုင်ခင်တွင် ဝက်သားတစ်ပိဿလျှင် ကျပ်ငွေ တစ်သောင်းရှစ်ထောင်ကျပ်၊ မုန်လာထုတ် တစ်လုံးလျှင် ကျပ်ငွေ ၃၀၀ ခန့်သာ ရှိကြောင်း သိရသည်။ 

“ကုန်စျေးနှုန်းက ၁ ဆ တချို့တွေလည်း ၂ ဆ မြင့်လာတယ်။အသီးအရွက်တွေ ကုန်စိမ်းတို့ ခရမ်းချဉ်သီးတွေ အာလူးတွေက ပိုပြီးဈေးတက်လာတယ်။အကုန်လုံး ဈေးနှုန်းတွေတက်နေတာ”ဟု လဲချားမြို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ကျားဖြန့်လုပ်ငန်းသည်  အရွယ်မရောက်သေးသည့် ဆယ်ကျော်သက် လူငယ်များနှင့် အသက် ၂၀အရွယ် လူငယ်များကိုပါ ခေါ်ယူနေသည်။ 

ထို့အပြင် ပန်းရံ၊ ကင်းစောင့်သူ၊ ယာဉ်မောင်း၊ ဟင်းချက်ပေးသည့်သူများပါခေါ်ယူနေပြီး အခြေခံလစာ တစ်လ လျှင် ကျပ်ငွေ ၁၀သိန်း အထက် မက်လုံးပေးပြီး ခေါ်ဆောင်မှုများကြောင့် လဲချားမြို့တွင် နေ့စားလုပ်ကိုင်သူ၊ လယ်ယာလုပ်ကိုင်သူများ ရှားပါးလာကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။​

ကျားဖြန့် လုပ်ကိုင်သည့်နေရာ

“အခုက အဲ့ရွာကလူတွေ၊မြို့ထဲကလူတွေကော အဲ့မှာအလုပ်သွားလုပ်ကြတယ်။လူငယ်တွေလည်း အဲ့မှာသွားလုပ် ကြတယ်။သူတို့ ၁၀ သိန်းအထက်ပေးပြီးခေါ်တာလေ။ ကင်းစောင့်တာ ပန်ရံလုပ်တာတွေခေါ်တော့ မြို့တွင်းမှာ ကျနော်တို့ လယ်ယာအတွင် အလုပ်သမားလိုက်ရှာတာတောင် ခက်လာတယ်။ အဲ့မှာသွားလုပ်တာလည်း အများကြီးရတာကို။”ဟု ၎င်းကပြောသည်။ 

မြန်မာ-တရုတ် နယ်စပ်တွင်  ကြီးထွားလာနေသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူများကို တိုက်ဖျက်မည် ဆိုသည့် ရည်ရွယ်ချက်ဖြင့်“၁၀၂၇ စစ်ဆင်ရေး”ကို သျှမ်းပြည်မြောက်ပိုင်းတွင်  ပြီးခဲ့သည့် နှစ်တွင်  ညီနောင်မဟာမိတ်များ စတင်ခဲ့သည်။

ထိုအချိန်ကာလ အတောအတွင်းမှာပဲ မြန်မာ-တရုတ် နယ်စပ်က ကျားဖြန့် လုပ်ကိုင်သူများသည် သျှမ်းပြည်အနှံ့ ပြည်သူ့စစ်နှင့် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများထဲသို့  အခြေချဖို့ နည်းမျိုးစုံနဲ့ လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မြန်မာပြည်၏ မတည်ငြိမ်သည့် နိုင်ငံရေးကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ပညာရေးအခွင့်အလမ်း မရှိမှုနှင့် ကုန်စျေးနှုန်း တရိပ်ရိပ်တက်နေမှုကို ကျားဖြန့် ဂိုဏ်းက အခွင့်ကောင်းယူကာ ဒေသခံလူငယ်များနှင့်ပြည်သူများကို လစာ မက်လုံးပေး မြူဆွယ်မှုကြောင့် လာမည့် အနာဂတ်အတွက် လူငယ်များကို စိုးရိမ်နေရကြောင်း အသက် ၄၀အရွယ်ရှိ မိခင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  

“ ဒီအလုပ်က ဉပဒေနဲ့ မကိုက်ညီတဲ့အလုပ်၊ နောက်လစာကောင်ပေမယ့် ရှေ့ရေးအတွက် မကောင်းဘူး။ အခုခေတ် လူငယ်တွေက ကျောင်းလည်းကောင်းကောင်းမတက်ရ၊ အလုပ်လည်းမရှိတော့ သူတို့ဘဝရှေ့ရေးအတွက် စိုးရိမ်ရတယ်။ အခုဆိုရင် လူငယ်တွေရော မိဘတွေရော အခြားအလုပ်ထက် ဝင်ငွေရမယ့်ဒီအလုပ် ကိုပဲ စိတ်နှစ်သွားမှာကို စိုးရိမ်တယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။ 

ကျားဖြန့်လုပ်ငန်းသို့ သွားရောက်လုပ်ကိုင်မည့်လူငယ်များအတွက် မိဘများကလည်း တားဆီးရန် လိုအပ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းသည် အသက်အန္တရာယ်ကြီးသည့်လုပ်ငန်းဖြစ်ပြီး ထင်သလောက် ငွေမရနိုင်ကြောင်းကို ပြည်သူများသိရန် လိုအပ်ကြောင်းလည်းဒေသခံများက ပြောသည်။

လဲချားမြို့နယ် အတွင်း မန်ပန်ပြည်သူ့စစ်အပြင် စစ်ကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA) နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ, သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့သည် ကျားဖြန့် တိုက်ဖျက်ရေးဆိုသည့် ခေါင်းစဥ်ဖြင့် “၁၀၂၇ စစ်ဆင်ရေး”ကိုဖော်ဆောင်လာခဲ့သော်လည်း လက်ရှိအချိန်ထိ ကျားဖြန့်လုပ်ငန်းဟာ ပပျောက်သွားခြင်း မရှိသေးပေ။

ကျားဖြန့်လုပ်ငန်းကို အဖက်ဖက်မှ ဆန့်ကျင်နေပြီး လက်ရှိအမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးသည့် အကြောင်း ရင်းသည်လက်နက်ကိုင်များပါဝင်ပတ်သက်မှုရှိနေခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ကပြောဆို လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

မူဆယ်မြို့  ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ  

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ကျားဖြန့် သမား (၃)ဉီးထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလိမ်လည်သူ (ကျားဖြန့်) တရုတ်နိုင်ငံသား သုံးဉီး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ်အတွင်း မေ ၆ရက်နှင့် ၇ရက်အတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃)ဉီးကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၈)ရက် တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေ...