ဆီဆိုင်မြို့ အရပ်သား ၂ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင်မြို့တွင် နေထိုင်သည့် အရပ်သား၂ ဦးကို စစ်ကောင်စီ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပို့ပေးသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်စစ်ရှောင်

ပြီးခဲ့သည့် သီတင်းပတ်အတွင်း သျှမ်း- ကရင်နီ (ကယား)ပြည်နယ်စပ် ဆီဆိုင်မြို့နယ် ရေဖြူရွာမှာ နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် ဆီဆိုင်မြို့ပေါ်မှာ စားသောက်ဆိုင်ဖွင့် လှစ်ထားသော အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကိုထောက်ပို့လုပ်ပေးသည်ဟုစွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဆီဆိုင်မြို့ဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကယားနယ်စပ် ရေဖြူရွာမှာ ရှိတဲ့ တစ်ယောက်က သူ ဆန်သယ်တာ ရပ်ကွက်ထောက်ခံစာ မရှိလို့ဆိုပြီး ဖမ်းသွားတာဗျ။ စားသောက်ဆိုင် ဖွင့်ထားတဲ့တစ်ယောက်ကိုတော့ PDF ကို ဆန်ရောင်းပေးတယ်ဆိုပြီး ဖမ်းသွားတယ်။ ဆိုင်မှာ ဆန်လာဝယ်တဲ့သူက PDF ဟုတ်၊ မဟုတ် ဘယ်လိုသိမှာလဲ။ PDF နဲ့ပတ်သက်ရင် ပြည်သူကို ဖမ်းဖို့ပဲ သူတို့သိတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ် ရေဖြူရွာတွင် ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးမှာ အသက် ၅၀ ကျော် ဦးစိန်မောင်ညွှန့် ဆိုသူဖြစ်ပြီး စားသောက်ဆိုင်ဖွင့်လှစ်ရင်း ဖမ်းဆီးခံရသူ နောက်ထပ်အမျိုးသားတစ်ဦးမှာ အသက် ၄၀ နှစ် ခွန်စိုးဖြူ ဟု သိရသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသက အိမ်ဈေးဆိုင်များကို စစ်ကောင်စီက ရပ်ကွက်ထောက်ခံချက်၊ ရပ်ကျေးထောက်ခံချက် မရှိသည့်သူများကို ဆန်မရောင်းပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ အခု ကျနော်တို့ ရွာဖက်မှာ အိမ်ဈေးဆိုင်ဖွင့်ထားတယ်။ အဲ့လိုဈေးဆိုင်တွေမှာ ဆန်ဝယ်တာကအစ ရပ်ကွက်ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာပါမှ ရတယ်ဗျ။ အခုနောက်ပိုင်း ဆန်ကို ဒီလို သယ်သွားသယ်လာ လုပ်ဖို့အတွက် အရမ်းခက်ခဲသွားတယ်။ သူတို့ အရမ်းစစ်ဆေးနေတယ်၊ ဆန်သယ်တဲ့သူကို လိုက်တယ်၊ ဖမ်းဆီးနေတယ် “ ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

စားနပ်ရိက္ခာနှင့် ပတ်သက်ပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးဆောင်ရွက်နေသည့်အတွက် စစ်ရှောင်များအတွက်မှာလည်း စားနပ်ရိက္ခာ ပြတ်လပ်နိုင်ဖွယ်ရာကို အထူးစိုးရိမ်နေသည်ဟု စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

“ အခုနောက်ပိုင်း အလှူရှင်တွေကလည်း နည်းလာတော့ စားနပ်ရိက္ခာတွေ မလုံမလောက်တာတွေ ရှိလာတယ်ဗျ။ အခုက ဆန်ရောင်း၊ ဆန်ဝယ်တဲ့သူကို စစ်ကောင်စီက လိုက်ဖမ်းနေတော့ ကြာရင် ကျနော်တို့ စစ်ရှောင်တွေ စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေရတယ် “ ဟု ၎င်းအမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ (၂,၇၀၇) ဦး သတ်ဖြတ်ခံရပြီး၊ ပြည်သူ (၁၆,၉၉၂) ဦး ဖမ်းဆီးခံနေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ယမန်နေ့ (ဇန်နဝါရီ ၆ ) ရက်စွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...