Wednesday, January 28, 2026

ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ နိုင်ငံကူးလက်မှတ်ထုတ်ယူရန် ရာချီစုဝေးရာ မူးလဲသည့်အထိရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ (ဇန်နဝါရီ ၇ ရက်) နံနက်ပိုင်းမှစပြီး ရွေ့ပြောင်းအလုပ်သမား နိုင်ငံကူးလက်မှတ် (passport ) ထုတ်ယူရန် ရပ်စောင့်စုဝေးရာမှာ မူးလဲသွားသည့်အထိရှိကြောင်း သတင်းရရှိသည်။

မူးလဲသွားသည့် အမျိုးသား

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက် အပတ်စဉ် စနေနေ့တိုင်းကို သံရုံး၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ထိုင်းရောက် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားကို နိုင်ငံကူးလက်မှတ် အသစ်ထုတ်ယူရန် အတွက် ရက်ချိန်းတိုကင်များကိုထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက (ဒီဇင်ဘာလ ၂၉ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယနေ့ (ဇန်နဝါရီ ၇ ရက်)တွင် မြန်မာသံရုံးသို့ လူရာနှင့်ချီရောက်ရှိလာပြီး တိုးကြိတ် စုဝေးနေရကာ အမိုးအကာမပါသော ကားလမ်းမကြီးဘေးမှာ မတ်တပ်ရပ် စောင့်ဆိုင်း နေကြကြောင်း သိရသည်။

ထိုသို့ မတ်တပ်ရပ်စောင့်ဆိုင်းနေစဉ်အတွင်း ရုတ်တရက် အသက်ရှူကြပ်ကာ အမျိုးသားတစ်ဦး မူးလဲသွားသည်ဟု မြန်မာသံရုံးသို့သွားရောက်သူ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နေလည်းပူ၊ လူလည်းများဆိုတော့ အသက်ရှူကြပ်လို့ဘဲ မူးလဲသွားတာလားတော့ မပြောတတ်ဘူး။ တချို့ဆို မနက် မိုးမလင်းကတည်းက တိုကင်နံပါတ်ရဖို့ လာစောင့်နေတယ် “ ဟု ၎င်းအမျိုးသားက ပြောသည်။

လက်ရှိ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသည် ရက်ချိန်းတိုကင်များ ထုတ်ပေးရာတွင် ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်များကိုသာ ထုတ်ပေးကြောင်း သိရသည်။

“ ကျနော်တို့က တိုကင် နံပါတ်ရထားတာ ကြာပြီ။ သူတို့ဘက်က မဖွင့်နိုင်တာနဲ့ လုပ်လို့မရသေးတာ။ တချို့ကလည်း ချင်းမိုင်မြို့ကို တက်ပြီးလုပ်ကြတယ်။ သံရုံးက အခုမှ ပြန်ဖွင့်ပြီး သက်တမ်းတိုးပေးတော့ လူတွေ အများကြီး ရောက်လာတာဖြစ်တယ် “ ဟု ၎င်းအမျိုးသား က ပြောသည်။

အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးရာမှာ ကိုယ်စားလှယ်များ စေလွှတ်ပြီး ထုတ်လုပ်ခြင်းကို လုံးဝ ထုတ်ပေးမည်မဟုတ်ကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြရေးသားခြင်းသိရသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးသူများကို ပထမ ဦးစွာ ဆောင်ရွက်ပေးမည် ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပြီးလျှင် နှစ် အလိုက်၊ လ အလိုက် သက်တမ်းကုန်ဆုံးသူများကို အစဉ်လိုက် ဆောက်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...