ရခိုင် လမ်းဆုံလမ်းခွ – လွတ်လပ်ရေး အိပ်မက်နှင့် ကွန်ဖက်ဒရေးရှင်း 

ရှေ့ပြေး နိုင်ငံငယ်တစ်ခု ပေါ်ပေါက်စပြုလာခြင်း 

ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် The Jamestown Foundation ၏ လေ့လာမှုတစ်ခုအရ ရက္ခိုင့်တပ်တော် (AA) သည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာ့ ပြည်တွင်းစစ်တွင် အင်အားအတောင့်တင်းဆုံးနှင့် ဩဇာအလွှမ်းမိုးနိုင်ဆုံး တော်လှန်ရေးအဖွဲ့ ဖြစ်လာခဲ့ပြီဖြစ်သည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေခဲ့ပြီး “Arakan Army Becomes Most Effective Insurgent Force in Myanmar” (ရက္ခိုင့်တပ်တော်သည် မြန်မာနိုင်ငံတွင် အစွမ်းထက်ဆုံး တော်လှန်ရေးအင်အားစု ဖြစ်လာ) ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် AA သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို ထိန်းချုပ်ထားပြီး စစ်ရေးအရ အသာစီးရနိုင်မည့် ကြားခံနယ်မြေများ (Buffer Zone) ကို ထူထောင်ရန်အတွက် နယ်နိမိတ်ချင်းထိစပ်နေသော နယ်မြေများကို စနစ်တကျတိုးချဲ့လာနေကြောင်းကို အသေးစိတ်ဖော်ပြထားသည်။

ထိုစာတမ်းတွင် AA သည် လက်တွေ့လုပ်ဆောင်နိုင်သော တရားဥပဒေနှင့် လူမှုရေးစည်းမျဉ်းစည်းကမ်းများဖြင့် အုပ်ချုပ်ရေးစနစ်ကို အောင်မြင်စွာ ထူထောင်ထားနိုင်ပြီး၊ တချိန်တည်းမှာပင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကိုလည်း လေ့ကျင့်မှုများနှင့် ထောက်ပံ့မှုများပေးနိုင်ရန် မဟာမိတ်များကိုလည်း မွေးထုတ်လျက်ရှိသည်။

ထို့ပြင် အဓိကကျသော၊ အရေးပါသော ပြည်ပရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အုံ (စီမံကိန်းများ) ကိုလည်း စိုးမိုးထိန်းချုပ်ထားခြင်းဖြင့် AA သည် တရုတ် နှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံလုံးအပေါ် ပထဝီနိုင်ငံရေးအရ အသာစီးရရှိထားရာ အခြားသော တော်လှန်ရေးတပ်များထက် သာလွန်သည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကို ရရှိထားသည်။

စစ်ရေးနှင့် နိုင်ငံရေးအရ စိုးမိုးနိုင်စွမ်း မြင့်တက်လာမှုနှင့်အတူ ရခိုင်တပြည်လုံးဆိုင်ရာ လွတ်လပ်ရေး တောင်းဆိုသံများမှာ တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။ ရခိုင်မျိုးချစ်များသည် သမိုင်းဝင် အချုပ်အခြာအာဏာတစ်ခုကို ပြန်လည်ရယူရန် မြန်မာနိုင်ငံမှ ခွဲထွက်ခွင့်ရှိပြီ ဟူသော ကြွေးကြော်သံများဖြင့် သီးခြားနိုင်ငံတခုအဖြစ်ရပ်တည်ရန် စည်းရုံးတွန်းအားပေးမှုများ ပိုလုပ်လာကြသည်။

ဗျူဟာကျကျ ပုံပေါ်လာသည့် တြိဂံပုံ – အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အပေးအယူ

ရက္ခိုင့်တပ်တော်သည် ၎င်း၏ နိုင်ငံရေးအတောင်ပံ (နိုင်ငံရေးဦးဆောင် အဖွဲ့) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှတစ်ဆင့် စစ်ရေးအောင်ပွဲနှင့် လက်တွေ့ သံတမန်ရေးရာအရှိတရားတို့တွင် ထိပ်တိုက်ဖြစ်နေသည့် အခြေအနေ၊ အရေးကြီးသော လမ်းဆုံတစ်ခုသို့ရောက်နေသည်။ 

“ရက္ခိတ အိပ်မက်” ၏ အဓိကအနှစ်သာရမှာ ဖက်ဒရယ်မြန်မာနိုင်ငံအတွင်း ကွန်ဖက်ဒရေးရှင်း သို့မဟုတ် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ကာလရှည်တိုက်ပွဲ ဆင်နွှဲခဲ့သော်လည်း၊ လက်ရှိပြည်တွင်းစစ် အရှိန်အဟုန်နှင့် ၂၀၂၇ နှောင်းပိုင်းတွင် အာဏာသိမ်းစစ်အစိုးရ ပြိုလဲမည်ဟူသော မျှော်လင့်ချက်တို့သည် အလုံးစုံလွတ်လပ်ရေး ရရှိရေးကို တိုးတိုးတိတ်တိတ် ဦးတည်လာပြီဖြစ်သည်။

ယခုအပြောင်းအလဲများကြောင့် ရခိုင်ပြည်သူများအတွက် ဆွဲဆောင်မှုရှိသော်လည်း အန္တရာယ်ကြီးသော အလုံးစုံ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်စိုးသော၊ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် ကွန်ဖက်ဒရေးရှင်း၊ သို့တည်းမဟုတ် သမိုင်းအရ လက်မခံခဲ့သော အပေးအယူတစ်ခုဖြစ်သည့် သာမန် ဖက်ဒရယ်စနစ်တို့ ဖြစ်လာနိုင်သည်။ 

အလုံးစုံလွပ်လပ်ရေး၏ ဆွဲဆောင်မှုနှင့် အန္တရာယ်

လုံးဝလွတ်လပ်ရေးရရန် အကြောင်းအရင်းသည် မြောက်ဦးဘုရင့်နိုင်ငံတော် သမိုင်းနောက်ခံနှင့် လက်ရှိ ဗဟိုအာဏာကင်းမဲ့နေသည့် ကာလအတွင်း အချုပ်အခြာအာဏာပိုင် သီးခြားနိုင်ငံတစ်ခုအဖြစ် ကြေညာရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်ဟူသော ယုံကြည်ချက်ပေါ်တွင် အခြေခံသည်။

သဘောထားတင်းမာပြီး “ရက္ခိတလမ်းစဉ်” ကို ထောက်ခံသည့်သူများက မိမိတို့သည် တပ်တော်၊ ဗျူရိုကရေစီယန္တရားနှင့် စီးပွားရေးစနစ်များပါရှိသော de facto (လက်တွေ့အရှိတရားအရ) ပြည်နယ်တစ်ခုကို တည်ဆောက်ထားပြီးဖြစ်၍ တရားဝင်ခွဲထွက်ခြင်းဆိုသည်မှာ မလွှဲမသွေရလာမည့် ရလဒ်တစ်ခုအဖြစ် အခိုင်အမာခံယူထားသည်။ 

သို့သော်လည်း ယခုလမ်းကြောင်းသည် ခေတ်သစ် မြေပြင်နိုင်ငံရေး အခင်းအကျင်းတွင် မကျော်လွှားနိုင်သော အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။ 

နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယကဲ့သို့ ဒေသတွင်း အင်အားကြီးနိုင်ငံများသည် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် စွမ်းအင်ရရှိနေသည့် လမ်းကြောင်းများ တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ၏ နယ်မြေပိုင်နက် တည်မြဲနေရေးကို ဦးစားပေးကြသည်။

တဖက်သတ် လွတ်လပ်ရေး ကြေညာခြင်းသည် သံတမန်ရေးရာ အထီးကျန်မှု (ဘေးဖယ်ခံရမှု)၊ အကူအညီ၊ ကုန်စည်ရိက္ခာများ ပိတ်ဆို့ခံရနိုင်မှုနှင့် ကုလသမဂ္ဂမှ ပယ်ထုတ်ခံရမှုတို့ကို ရုတ်တရက် ဖြစ်ပေါ်စေနိုင်သည်။ အကြောင်းမှာ လုံခြုံရေးကောင်စီသည် ညှိနှိုင်းသဘောတူညီချက် မရှိဘဲ ခွဲထွက်ပြည်နယ်တစ်ခုကို အတည်ပြုပေးဖွယ် မရှိသောကြောင့်ဖြစ်သည်။ 

အသိအမှတ်ပြုခံရမှု မရှိသည့် နိုင်ငံသစ်တခုသည် စီးပွားရေးအရ ရုန်းကန်ရမည်ဖြစ်ပြီး နိုင်ငံတကာ စနစ်၏ ပံ့ပိုးမှုမပါဘဲ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားနိုင်ခြေရှိသည့် အပယ်ခံ နိုင်ငံတစ်နိုင်ငံ (Pariah State) ဖြစ်လာနိုင်သည်။

လက်တွေ့ အပြောင်းအလဲ – အလယ်အလတ်လမ်း သို့မဟုတ် အစွန်းနှစ်ဖက်ကြားမှ ကွန်ဖက်ဒရေးရှင်း

ဆန့်ကျင်ဘက်အားဖြင့် ကွန်ဖက်ဒရေးရှင်း ပုံစံသည် AA ၏ လက်ရှိ တရားဝင် ရပ်တည်ချက်နှင့် အုပ်ချုပ်ရေးဆိုင်ရာ လက်တွေ့အခြေအနေများနှင့် ကိုက်ညီသည့် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ 

ရခိုင်ဒေသအနေဖြင့် အခွန်ကောက်ခံခြင်း၊ တရားစီရင်ရေးနှင့် လုံခြုံရေး အပါအဝင် ၎င်း၏ နယ်မြေ အတွင်းရေးကိစ္စရပ် များကို လုံးဝ ထိန်းချုပ်ခွင့်ရရှိပြီး၊ ဗဟိုဟုသတ်မှတ်ထားသော မြန်မာပြည်မ နှင့် မရှိမဖြစ် လိုအပ်သော နိုင်ငံခြားရေး သို့မဟုတ် ပူးတွဲ ကာကွယ်ရေးကဲ့သို့သော အနည်းငယ်သော လုပ်ငန်း ဆောင်ရွက်ချက် များကိုသာ မျှဝေသုံးစွဲသည့် လျော့လျော့ရဲရဲ ပြည်ထောင်စု (လွတ်လပ်စွာပူးပေါင်းထားသော ပြည်ထောင်စု) တစ်ခုကို စိတ်ကူးပုံဖော်ထားခြင်းဖြစ်သည်။ 

ယခုပုံစံသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရရှိခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတုယူထားခြင်းဖြစ်ပြီး၊ AA အတွက် ခွဲထွက်ရေးဟူသော သံတမန်ရေးအရ အသေခံလိုက်သလိုဖြစ်နိုင်သော ခွဲထွက်ရေးလမ်းကြောင်းမျိုးမဟုတ်ဘဲ ၎င်းတို့ လိုလားနေသည့် “ပြည်နယ်သဖွယ်” ထိန်းချုပ်ခွင့်ကို ပေးအပ်ထားသည်။ 

ULA/AA အနေဖြင့် သမိုင်းဝင် အချုပ်အခြာအာဏာကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီဟု ကြေညာနိုင်စေသည့်အပြင် ကျယ်ပြန့်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်နေစေမည့် တရားဥပဒေဆိုင်ရာ စနစ်တခုကိုလည်း ထိန်းသိမ်းပေးထားသည်။ 

အဓိက စိန်ခေါ်မှုမှာ ယုံကြည်မှု လိုအပ်ချက်ဖြစ်သည် – အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသော မြန်မာပြည်မ အစိုးရနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို ၎င်းတို့လိုချင်သော အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ရန် ဆွဲဆောင်ရေးအတွက် သမိုင်းအစဉ်အဆက် ရရှိရန် ခက်ခဲခဲ့သည့် နိုင်ငံရေးအရ အပေးအယူ အလျော့အတင်းပြုလုပ်မှုမျိုး လိုအပ်သည်။ 

သို့သော်လည်း AA သည် စစ်ရေးစိုးမိုးမှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တင်းခံနေသော စည်းကမ်းချက်များကို ညှိနှိုင်းရန် လိုအပ်သည့် အသာစီးရရှိမှုကို ရရှိလာမည်ဖြစ်ပြီး ကွန်ဖက်ဒရေးရှင်းသည် ရေရှည်တည်တံ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အဖြစ်နိုင်ဆုံး လမ်းကြောင်း ဖြစ်လာသည်။

သမာရိုးကျ ဖက်ဒရယ်စနစ် (စံပြု ဖက်ဒရယ်စနစ်) ကို ငြင်းပယ်ခြင်း

တတိယမြောက် ရွေးချယ်စရာဖြစ်သော စံအဖြစ် သတ်မှတ်ထားသည့် ဖက်ဒရယ်စနစ်သည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အခြားသော တိုင်းရင်းသားအဖွဲ့များအတွက် နှစ်သက်စရာ ရွေးချယ်မှုဖြစ်သော်လည်း ရက္ခိုင့်တပ်တော် အတွက်မူ ပိုမိုလက်ခံနိုင်ရန် မရှိတော့ပေ။ 

AA ခေါင်းဆောင်ပိုင်းက ဖက်ဒရယ်စနစ်အား “တန်ဖိုးနည်းလွန်းသည်” ဟု ပွင့်ပွင့်လင်းလင်း ငြင်းပယ်ခဲ့ကြပြီး၊ အကြောင်းမှာ သမိုင်းကြောင်းအရ သစ္စာဖောက်ခံရမှုနှင့် ဘေးဖယ်ထုတ်ခံရမှု အမုန်းတရားများကို မဖြေရှင်းနိုင်ဘဲ ဗမာစိုးမိုးမှုကို ဆက်လက်ထိန်းသိမ်းထားခြင်းကြောင့်ဟု ရှုမြင်ကြသည်။ 

ဗဟိုထိန်းချုပ်မှုအောက်တွင် ကာလရှည်ကြာ ဒုက္ခရောက်ခဲ့ရသော ရခိုင်ပြည်သူများအတွက် သာမန်ဖက်ဒရယ် အခြေအနေတစ်ခုကို လက်ခံခြင်းသည် မိမိတို့ တိုက်ပွဲဝင်ခဲ့သည့် ပန်းတိုင်များကို လက်နက်ချ အရှုံးပေးလိုက်ရသကဲ့သို့ ခံစားရမည်ဖြစ်သည်။ 

ယခုလမ်းကြောင်းသည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ကျယ်ပြန့်သော နိုင်ငံရေး ထောက်ခံမှု ရရှိရန် အခွင့်အရေး အများဆုံး ပေးအပ်ထားသော်လည်း၊ AA နှင့် ရခိုင်အခြေခံ လူထု၏ ပင်မမျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရန် ပျက်ကွက်နေသဖြင့် လက်ရှိပုံစံအတိုင်းဆိုလျှင် ရခိုင်လှုပ်ရှားမှုအတွက် နိုင်ငံရေးအရ လမ်းစပျောက်နေသည့် ကိစ္စဖြစ်သည်။

နိဂုံး – နိုင်ငံတစ်ခုအတွင်းမှ နိုင်ငံတခု

အဆုံးသတ်သော် ULA/AA နှင့် ရခိုင်ပြည်သူများအတွက် အဖြစ်နိုင်ဆုံးနှင့် အကျိုးအများဆုံး အဖြေမှာ ကွန်ဖက်ဒရေးရှင်း ပုံစံဖြစ်ပြီး သီအိုရီများထက် လက်တွေ့ဖြစ်နိုင်ခြေအပေါ်တွင် အခြေခံနေသည်။

ထိုလမ်းကြောင်းသည် AA အား နယ်မြေနှင့် သယံဇာတအရင်းအမြစ်များအပေါ် ထိန်းချုပ်နိုင်မှုကို အခြေခိုင်စေပြီး နိုင်ငံတစ်ခုအတွင်း၌ပင် နိုင်ငံတစ်ခုကို ထိထိရောက်ရောက် ဖန်တီးနိုင်စေသည်။ တစ်ချိန်တည်းမှာပင် တစ်ဖက်သတ် လွတ်လပ်ရေးကြေညာမှုကြောင့်နှင့် ဖြစ်လာနိုင်သည့် အထီးကျန်မှုနှင့် စီးပွားရေး ပြိုကွဲမှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ 

ဓာတ်ပုံ – AA Info Desk/NARINJARA

“ရက္ခိတအိမ်မက်” သည် အလုံးစုံ အချုပ်အခြာအာဏာပိုင်ဆိုင်ရေး သို့မဟုတ် ဖက်ဒရယ်အမည်ခံ ဖိနှပ်ချုပ်ချယ်မှုအောက် ကျရောက်မည် နှစ်ခုအနက် တစ်ခုခုကို မဖြစ်မနေရွေးချယ်ရမည့် အခြေအနေမျိုးမဟုတ်ပေ။ 

ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းတစ်ခုရရှိရန် စစ်ရေးအင်အားကို အသုံးချ ညှိနှိုင်းခြင်းဖြင့် AA သည် ၎င်းတို့၏ မျှော်မှန်းချက်ကို ပုံဖော်ပေးမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သိက္ခာနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံနိုင်မည်ဖြစ်ပြီး၊ “ရက္ခိတလမ်းစဉ်” သည် အထီးကျန်ပြီး အသိအမှတ်ပြုမခံရသော အနာဂတ်သို့ သွားနေခြင်းမဟုတ်ဘဲ တည်ငြိမ်ပြီး အသိအမှတ်ပြုခံရသော အနာဂတ်တစ်ခုထံ သို့ ဦးတည်စေမည်ဖြစ်သည်။ 

သန္ဓေတည်စ ပြုလာပြီဖြစ်သော နိုင်ငံငယ်တစ်ခုအဖြစ် ဒေသအား အသိမှတ်ပြုခံ နိုင်ငံရေးအခြေအနေတစ်ခုအဖြစ် ပြောင်းလဲလာနိုင်ရန် အမျိုးသားရေး အရှိန်အဟုန်နှင့် သံတမန်ရေးရာ လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှုတို့အကြားတွင် မည်မျှအထိ ထိန်းညှိသွားနိုင်မည်ဆိုသည်မှာ စမ်းသပ်မှုအစစ်အမှန်ဖြစ်လာမည် ဖြစ်သည်။ 

ဤဆောင်းပါး အတွေးအမြင်နှင့် အကြောင်းအရာများသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အာဘော်သာဖြစ်သည်။ 

ဤဆောင်းပါးသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ THE ARAKAN CROSSROADS: Between the Dream of Independence and the Reality of Confederation အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

စစ်ကော်မရှင် ဖမ်းမိသည့် ကျပ် ၂၅၇ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိဟု SSPP ထုတ်ပြန်

0
စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အဖွဲ့ဝင် အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း SSPP ဘက်မှ ပယ်ချလိုက်သည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှား ရေပိုင်နက်သို့...

ညီနောင် (၃)ဖွဲ့ လုပ်ဆောင်ချက်သည်တော်လှန်ရေးအဖွဲ့သစ် အတွက် စံပြဖြစ်ကြောင်း TNLA နှင့် AA က MNDAA ကို ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထား

0
ညီနောင်မဟာမိတ် (၃)ဖွဲ့ လုပ်ဆောင်ချက်သည် တော်လှန်ရေးအဖွဲ့အစည်းသစ်များအတုယူ စံပြဖြစ်ခဲ့ရကြောင်း TNLA နှင့် AA က MNDAA ၃၆နှစ်ပြည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ၃၆ နှစ်မြောက်အခမ်းအနားသို့ ကျန်နှစ်ဖွဲ့ဖြစ်သည့် TNLA နှင့် AA တို့မှ...

နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီ ကြေညာ

0
သျှမ်းမြောက်နှင့် ရခိုင်ပြည်တွင် စစ်ကောင်စီကို တော်လှန်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား မဟာမိတ် တပ်မတော်-MNDAA၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် - TNLA နှင့် အာရက္ခတပ်တော်-ULA/AA တို့အား နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း...