နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီ ကြေညာ

သျှမ်းမြောက်နှင့် ရခိုင်ပြည်တွင် စစ်ကောင်စီကို တော်လှန်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား မဟာမိတ် တပ်မတော်-MNDAA၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် – TNLA နှင့် အာရက္ခတပ်တော်-ULA/AA တို့အား နိုင်ငံတော်ကို အကြမ်းဖက်မှုဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ယနေ့ (စက်တင်ဘာလ ၂ ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အား ယခုကဲ့သို့ အကြမ်းဖက် အုပ်စု အဖြစ် ကြေညာလိုက်သဖြင့် ပြည်တွင်း၌ စစ်ကောင်စီနှင့် ဆွေးနွေးပွဲများ ကျင်းပရန် မဖြစ်နိုင်တော့ဘဲ စစ်ရှိန် ပိုမြင့်လာနိုင်ကြောင်း တရုတ်-မြန်မာ အရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်သည်။

“အခုလို ကြေညာလိုက်တော့ ပြည်တွင်းမှာ ဆွေးနွေးတာမျိုး လုံးဝ မဖြစ်နိုင်တော့ဘူးပေါ့။ တရုတ်ဘက်မှာ တရုတ်က ကြားဝင်တဲ့ ကြိတ်ဝိုင်း ဆွေးနွေးပွဲမျိုးတွေကတော့ ဆက်ရှိနိုင်တာပေါ့။ တရားဝင် ဆွေးနွေးတာတွေတော့ လတ်တလော မရှိနိုင်တော့ဘူး။ စစ်ရှိန်ပိုမြင့်လာမယ်” ဟု ၎င်းက သုံးသပ်သည်။

ညီနောင်မဟာမိတ် ဦးဆောင်သူများ

နိုင်ငံတဝှမ်း စစ်ပွဲများကို စစ်ကောင်စီက ပြည်တွင်းစစ် အဖြစ် မသုံးနှုန်းဘဲ အကြမ်းဖက်မှု အဖြစ်သာ အစဥ်တစိုက် သုံးနှုန်းနေမှုနှင့် ယခုကဲ့သို့ အကြမ်းဖက်အုပ်စု အဖြစ် ကြေညာခြင်းသည် သတိပြုစရာ ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးခေါင်းစဥ်အောက်က နိုင်ငံတကာ အကူအညီ မျှော်လင့်နေပုံရကြောင်း ၎င်းကသုံးသပ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် လမ်း၊ တံတားများ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးခြင်း၊ မြို့ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်သည် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် NLD အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ULA/AA အဖွဲ့အား အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန် မျှော်လင့်ချက်ဖြင့် စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခြင်းအား ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

SHANBurmese

ShanNews

သျှမ်းသံတော်ဆင့်

ညီနောင်မဟာမိတ် #စစ်ကောင်စီ #AA #အကြမ်းဖက်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရခိုင် လမ်းဆုံလမ်းခွ – လွတ်လပ်ရေး အိပ်မက်နှင့် ကွန်ဖက်ဒရေးရှင်း 

0
ရှေ့ပြေး နိုင်ငံငယ်တစ်ခု ပေါ်ပေါက်စပြုလာခြင်း  ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် The Jamestown Foundation ၏ လေ့လာမှုတစ်ခုအရ ရက္ခိုင့်တပ်တော် (AA) သည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာ့ ပြည်တွင်းစစ်တွင် အင်အားအတောင့်တင်းဆုံးနှင့် ဩဇာအလွှမ်းမိုးနိုင်ဆုံး တော်လှန်ရေးအဖွဲ့ ဖြစ်လာခဲ့ပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေခဲ့ပြီး "Arakan...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...