စစ်ကော်မရှင် ဖမ်းမိသည့် ကျပ် ၂၅၇ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိဟု SSPP ထုတ်ပြန်

စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အဖွဲ့ဝင် အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း SSPP ဘက်မှ ပယ်ချလိုက်သည်။

ပြီးခဲ့သည့် သြဂုတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှား ရေပိုင်နက်သို့ ပို့ဆောင်မည့် ကျပ် ၂၅၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ နောက်ကွယ်တွင် အာရက္ခတပ်တော် (AA) မှ ဗိုလ်မှူးအဆင့်ရှိ ကိုရေး ဆိုသူနှင့် ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာတွင် နေထိုင်သူ စိုင်းစု ဆိုသူတို့ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

ထိုမူးယစ်ဆေးများကို SSPP/SSA ဌာနချုပ်တည်ရှိရာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာတွင် နေထိုင်သူ စိုင်းစု မှာ အဓိကစီမံခန့်ခွဲသူဖြစ်ပြီး AA ဗိုလ်မှူးအဆင့်ရှိသူ ကိုရေး (အကောက်ခွန်မှူး) မှာ မူးယစ်ဆေးများ ရခိုင်ပြည်နယ် ဖြတ်သန်းခအဖြစ် ဆေးပြားတသောင်းလျှင် ကျပ်သုံးသိန်းနှုန်း အခွန်လက်ခံရယူကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ SSPP/SSA နှင့် အဖွဲ့ဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း၊ စွပ်စွဲရေးသား ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါး ပတ်သက်သူ ဗိုလ်မှူးစိုင်းစု ဆိုသူသည်လည်း SSPP/SSA အဖွဲ့အစည်းတွင် မရှိကြောင်း SSPP ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

SSPP

လက်ရှိ SSPP/SSA တွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်မှူးကြီး စိုင်းဆု သာရှိပြီး နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုင်ရာ ညှိနှိုင်းရေး အထူးတာဝန် လုပ်ငန်းများကိုသာ လုပ်ကိုင်ဆောင်လျက်ရှိကာ မူးယစ်ဆေးဝါးများနှင့် ပါဝင်ပတ်သက် ရောင်းဝယ်ဖောက်ကားနေခြင်း လုံးဝ (လုံးဝ) မရှိကြောင်း SSPP ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်သည် SSPP/SSA အပေါ် နိုင်ငံရေးအရ ဂုဏ်သိက္ခာ ကျစေလိုခြင်း၊ နာမည်ပျက်ပြီး အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်ပြားစေခြင်းသာ ဖြစ်သည့်အတွက် လိုရာဆွဲထည့် ရေးသားတိုက်ခိုက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း SSPP ဘက်က ဆိုသည်။

မူးယစ်ဆေး

ထို့ပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး လုံးဝ ပပျောက်နိုင်ရန်အတွက် SSPP/ SSA ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်း အဖွဲ့၏ ပါတီဝင်၊ အဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထုတ်လုပ်ခြင်းများ ပိတ်ပင်ထားကြောင်း ဆိုသည်။

အလားတူ စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အာရက္ခတပ်တော် (AA)မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးထံ မူးယစ်ဆေးဝါး သယ်ယူဖြတ်သန်းခွင့်အတွက် အခွန်ပေးဆောင်ရကြောင်း စွပ်စွဲထားခြင်းမှာ စစ်ကော်မရှင်၏ မရိုးနိုင်သည့် လုပ်ကြံစွပ်စွဲမှုသာ ဖြစ်ပြီး နိုင်ငံရေး အောက်လုံးများဖြင့် အောက်တန်းကျသည့် ဝါဒဖြန့် တိုက်ခိုက်မှုဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခ က သတင်းမီဒီယာများသို့ ပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရခိုင် လမ်းဆုံလမ်းခွ – လွတ်လပ်ရေး အိပ်မက်နှင့် ကွန်ဖက်ဒရေးရှင်း 

0
ရှေ့ပြေး နိုင်ငံငယ်တစ်ခု ပေါ်ပေါက်စပြုလာခြင်း  ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် The Jamestown Foundation ၏ လေ့လာမှုတစ်ခုအရ ရက္ခိုင့်တပ်တော် (AA) သည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာ့ ပြည်တွင်းစစ်တွင် အင်အားအတောင့်တင်းဆုံးနှင့် ဩဇာအလွှမ်းမိုးနိုင်ဆုံး တော်လှန်ရေးအဖွဲ့ ဖြစ်လာခဲ့ပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေခဲ့ပြီး "Arakan...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...