ညီနောင် (၃)ဖွဲ့ လုပ်ဆောင်ချက်သည်တော်လှန်ရေးအဖွဲ့သစ် အတွက် စံပြဖြစ်ကြောင်း TNLA နှင့် AA က MNDAA ကို ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထား

ညီနောင်မဟာမိတ် (၃)ဖွဲ့ လုပ်ဆောင်ချက်သည် တော်လှန်ရေးအဖွဲ့အစည်းသစ်များအတုယူ စံပြဖြစ်ခဲ့ရကြောင်း TNLA နှင့် AA က MNDAA ၃၆နှစ်ပြည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ၃၆ နှစ်မြောက်အခမ်းအနားသို့ ကျန်နှစ်ဖွဲ့ဖြစ်သည့် TNLA နှင့် AA တို့မှ ဂုဏ်ပြုကြောင်း သဝဏ်လွှာအား ယနေ့ ၂၀၂၅ ခုနှစ် မတ်လ (၁၁) ရက်စွဲဖြင့်ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် MNDAA မှ ၃၆ နှစ်မြောက်အခမ်းအနားအား စစ်ရေးအခြေအနေပေါ်မူတည်၍ ဇာတိမြေ၊ ဘိုးဘွားမြေများထက်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြီးကျယ်ခမ်းနားစွာကျင်းပနေမည်ဟု အလေးအနက် ယုံကြည်ကြောင်း ဦးစွာဖော်ပြထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုအထိ အထမြောက်ခဲ့ပြီးဖြစ်သော်လည်း အောင်မြင်မှုနှင့်အတူ အခက်အခဲအတားအဆီးများ ဒွန်တွဲလျက် ပါလာတတ်သည့်အကြောင်းအား သတိပြုစေလိုကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

“မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စည်းလုံးညီညွှတ်မှု၊ လုပ်ဆောင်ချက်များသည် ယခုနောက်ပိုင်း ထွက်ပေါ်လာသော တော်လှန်ရေးအဖွဲ့အစည်းသစ်များအတွက် အတုယူစရာနှင့် စံပြဖြစ်ခဲ့ရသည်မှာ အမှန်ဖြစ်သည်” ဟု သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

သဝဏ်လွှာတွင် ကိုးကန့်ဒေသအတွင်း ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ဖွံ့ဖြိုးရေးတို့ကို ကျော်ဖြတ်ပြီးလျှင် တစ်ခေတ်တစ်ခါက ကိုးကန့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်မည်ကို ယုံကြည်ကြောင်း ဖော်ပြ ထားသည်။

ကိုးကန့်တပ်အခြေစိုက်ရာ ဒေသသည် မြန်မာနိုင်ငံ၏ ပထမဆုံး အထူးဒေသ (၁)အဖြစ်သတ်မှတ်ခံခဲ့ရသော ဒေသတစ်ခု ဖြစ်ခဲ့ပြီး ငြိမ်းချမ်းတည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် ဒေသတစ်ခုဖြစ်ခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ ဆန္ဒတစ်ခုဖြစ်သော ကျားဖြန့်နှိမ်နင်းရေး စီမံချက်ကြောင့် “၁၀၂၇” စစ်ဆင်ရေး စတင်ခဲ့ပြီး လက်ရှိမြေပြင်စစ်ရေးအခြေအနေများအရ ကိုးကန့်တပ်ထိန်းချုပ်ထားသည့် မြို့နယ်အများအပြားကို စစ်ကောင်စီမှ ပြန်လည်ရယူနိုင်ရန် လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခိုက်နေသည့်အတွက် ပြည်သူများ နစ်နာဆုံးရှုံးမှု များပြားလျက်ရှိနေသည်။

စစ်ကောင်စီ၏အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင် နေသော်လည်း အခြားတစ်ဘက်တွင် ကိုးကန့်တပ်ဖွဲ့ ပြန်ဆုတ်ခွာပေးရန် တရုတ်နိုင်ငံမှ ကမကထပြု စီစဉ်ပေးနေသည့် ဆွေးနွေးပွဲတွေတိုင်းတွင် စစ်ကောင်စီက တောင်းဆိုနေလျက်ရှိသည်။

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့တို့သည့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ယခု မတ်လအတွင်းထပ်မံတွေ့ဆုံနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေလျက်ရှိသည်။

ကိုးကန့်တပ်အနေဖြင့် စစ်ရေးအရ အသာစီးရအောင် ကြိုးစားနေသော်လည်း ၎င်းတို့တပ်သားမှာ အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးအား တစ်လတိတိ အကြောင်းပြချက်မရှိဖမ်းဆီးထားခြင်း၊ ရွှေတူးဖော်မှုများအားကန့်ကွက်သည့်ဒေသခံများအား ပစ်ခတ်သည့်အတွက် ဒေသခံ (၆) ဦးသေဆုံးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကျူးလွန်လျက်ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...