ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်ကို CPJ က သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်

မြန်မာနိုင်ငံတွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသော မြန်မာနောင်းသတင်းဌာန၏ ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်ကို နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ၎င်း၏ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်ဆုအတွက် ရွေးချယ်လိုက်ကြောင်း သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဆုပေးအခမ်းအနားကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် နယူးယောက်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စိုင်းဇော်သိုက်ကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ သတင်းလိုက်ရင်း ဖမ်းဆီးခဲ့ပြီး၊ ထိုနှစ် စက်တင်ဘာလတွင် စစ်ခုံရုံးက အင်းစိန်ထောင်၌ ထောင်ဒဏ် အနှစ် ၂၀ နှင့် အလုပ်ကြမ်းစေခိုင်းရန် စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သတင်းထောက်တစ်ဦးအား အနှစ်ရှည်ဆုံးချမှတ်ခဲ့သည့် ထောင်ဒဏ်များအနက် တစ်ခုအပါအဝင် ဖြစ်သည်။

CPJ ၏ ထုတ်ပြန်ချက်အရ စိုင်းဇော်သိုက်သည် ထောင်ဒဏ်ကျခံနေစဉ် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရမှုများနှင့် ပြင်းထန်သော ကျန်းမာရေးဝေဒနာများအတွက် ဆေးဝါးကုသမှု ငြင်းပယ်ခံနေရကြောင်း သိရသည်။

CPJ ၏ ၂၀၂၅ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် သတင်းထောက်များကို ဒုတိယအများဆုံး ထောင်ဒဏ်ချမှတ်သည့် နိုင်ငံဖြစ်သည်။

CPJ က စိုင်းဇော်သိုက်၏ ဖြစ်စဉ်သည် လွတ်လပ်သော မီဒီယာများကို နှုတ်ပိတ်ရန် မြန်မာစစ်အစိုးရ၏ လုပ်ရပ်များကို ဖော်ပြနေသည်ဟု ဆိုသည်။

စိုင်းဇော်သိုက်သည် ပြီးခဲ့သည့် ဇွန်လက နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၏ သတ္တိရှင်ဆု (Courage Prize) ကိုလည်း ရရှိထားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာသတင်းထောက် စိုင်းဇော်သိုက်အပါအဝင် (၃)ဉီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုချက်ချင်းရပ်တန့်ရန်  CPJ ပြော

0
မြန်မာသတင်းထောက် ကိုစိုင်းဇော်သိုက် အပါအဝင် (၃)ဉီး ကို ထောင်တွင်း ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှု များချက်ချင်းရပ်တန့်ရန် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ယမန့်နေ့ (ဖေဖော်ဝါရီ ၂၆)ရက်တွင် ထုတ်ပြန်လိုက်သည်။ ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ ခုနစ် မေလတွင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်အခြေအနေကို သတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရပြီး၊ စစ်ကောင်စီက ထောင်ဒဏ် နှစ်...

မြန်မာနိုင်ငံတွင်း သတင်းသမားများ လုံခြုံမှု မရှိ

0
ယခုနှစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထိ မြန်မာနိုင်ငံတွင်း စစ်ကောင်စီက သတင်းထောက် ၄၂ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ ၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံအတွင်းတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်များကို...