Friday, May 17, 2024

မြန်မာနိုင်ငံတွင်း သတင်းသမားများ လုံခြုံမှု မရှိ

Must read

ယခုနှစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထိ မြန်မာနိုင်ငံတွင်း စစ်ကောင်စီက သတင်းထောက် ၄၂ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ ၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းသမားများ

မြန်မာနိုင်ငံအတွင်းတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်များကို ထောင်ဒဏ်ချမှတ်ရာမှာ တတိယ အဆိုးရွားဆုံး နိုင်ငံဖြစ်လာခဲ့ကြောင်းလည်း CPJ က ထုတ်ပြန်ထားသည်။

ထိုသို့ သတင်းထောက်တွေကို စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်မှုကြောင့် ပြည်တွင်းသတင်းသမားများ မှောင်ခိုဖြင့် သတင်းအလုပ်ကို လုပ်ကိုင်နေရကြောင်း သျှမ်းပြည်တွင်း သတင်းထောက်တစ်ဦးက ပြောသည်။

“ ကိုယ့်ကိုယ် သတိထားပြီး နေနေရတာပေါ့။ အလုပ်လည်း ခိုးပြီး လုပ်ကိုင်နေရတာပေါ့။ ခရီးတစ်ခု သွားရင်လည်း ဖုန်းထဲက ဒေတာတွေ ဖျက်သွားရတယ်။ လုံခြုံမှုတော့ မရှိဘူးပေါ့။ ဘယ်သွားသွား သတိနဲ့ပဲ သွားလာပြီး သတင်းတွေ အမြဲနားထောင်နေရတာ” ဟု ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတဝန်း သတင်းထောက် ထောင်ချခံရသည့် အရေအတွက်သည် စံချိန်မြင့်တက်လာခဲ့ကြောင်း CPJ က ထောက်ပြ ရေးသားထားသည်။

ကမ္ဘာပေါ်တွင် သတင်းထောက်များကို ထောင်ချသည်ကို အဆိုးရွားဆုံးနိုင်ငံတွေမှာ အီရန် ၊ တရုတ် နှင့် မြန်မာတို့ဖြစ်ပြီး အီရန်နိုင်ငံတွင် သတင်းသမား ၆၂ ဦး ဖမ်းဆီးခံရပြီး ၁ ဦး သတ်ဖြတ်ခံရကြောင်း ၊ တရုတ်နိုင်ငံတွင် ၄၃ ဦး ဖမ်းခံရပြီး ၂ ဦး သတ်ဖြတ်ခံရကြောင်း နှင့် မြန်မာနိုင်ငံတွင် ၄၂ ဦး ဖမ်းခံရပြီး ၃ ဦး သတ်ဖြတ်ခံရကြောင်း CPJ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း သတင်းသမား ၁၅၀ ကျော် ဖမ်းဆီးခံရပြီး ၃ ဦး သတ်ဖြတ်ခံထားရပြီး သတင်းတိုက် ၁၀ ခုကျော် လည်း ပိတ်သိမ်းခံထားရသည်။

Leave a Comments

- Advertisement -spot_img

Latest article