မြန်မာသတင်းထောက် စိုင်းဇော်သိုက်အပါအဝင် (၃)ဉီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုချက်ချင်းရပ်တန့်ရန်  CPJ ပြော

မြန်မာသတင်းထောက် ကိုစိုင်းဇော်သိုက် အပါအဝင် (၃)ဉီး ကို ထောင်တွင်း ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှု များချက်ချင်းရပ်တန့်ရန် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ယမန့်နေ့ (ဖေဖော်ဝါရီ ၂၆)ရက်တွင် ထုတ်ပြန်လိုက်သည်။

ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ ခုနစ် မေလတွင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်အခြေအနေကို သတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရပြီး၊ စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချခံထားရပြီး၊ ယခုနှစ် ၂၀၂၅ ခုနစ်  ဇန်နဝါရီလမှ စတင်ပြီး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် နေ့စဉ်ညှဉ်းပန်း နှိပ်စက်မှုများ ကျူးလွန်ခံနေရသည်ဟု ဟု မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းမှ (CPJ) ကိုအတည်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် မိုခါမုန်းတိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အခြေအနေများကို စစ်တွေမြို့တွင် သတင်းရယူနေသည့် ကိုစိုင်းဇော်သိုက်အား စစ်ကောင်စီမှ ဖမ်းဆီးထောင်ချထားပြီး ထောင်တွင်း၌ နေ့စဉ် ညှဉ်းပန်းနှိပ်စက်မှုများရှိနေကြောင်း သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“မြန်မာစစ်အစိုးရက သတင်းထောက် ကိုစိုင်းဇော်သိုက်အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ တာဝန်ရှိသူတွေကိုလည်း စာရင်းပြုစုဖော်ထုတ်ရမယ်၊ ဒီလိုရက်စက်မှုမျိုး သတင်းထောက်တွေကို မတရားဖမ်းဆီးထောင်ချတာတွေကို ရပ်တန့်ရမယ်” ဟု (CPJ) ၏ အရှေ့တောင်အာရှ အကြီးတန်းကိုယ်စားလှယ် Shawn Crispin ကပြောသည်။

ကိုစိုင်းဇော်သိုက် နှင့် ကျန်နှစ်ဉီးတို့သည် ဇန်နဝါရီလအတွင်း အင်းစိန်ထောင်ကို လာရောက်ခဲ့သော စစ်ကောင်စီ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များဆီ အင်းစိန်ထောင်ဝန်ထမ်းများ၏ နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း ဖွင့်ချခဲ့သည်။

ထို့နောက် ထောင်ဝန်ထမ်းများ၏ တန်ပြန်နှိပ်စက်ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

“ မြန်မာစစ်အုပ်စု က သတင်းထောက် စိုင်းဇော်သိုက်ကို စော်ကားကျူးလွန်တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်စာရင်းပြုစုရပါမယ်။ ဒီလို ညှဉ်းပန်းနှိပ်စက်မှုမျိုးက ရက်စက်ကြမ်းကြုတ်လွန်းတယ်။ မြန်မာ့စစ်အုပ်စုအနေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချပြီး ညှဉ်းပန်းနှိပ်စက်တာတွေကို ရပန်တန့်သင့်တယ်” ဟု Shawn Crispin ကဆိုသည်။ 

ဖြစ်စဉ်အသေးစိတ်အခြေအနေများကို CPJ မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း နိုင်ငံရေးအကျဉ်းသားများ  ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှစုဆောင်းထားသည့် အချက်အလက်များနှင့် အကျဉ်းသားဟောင်းများ၏ တင်ပြချက်များအရ အင်းစိန်ထောင်အတွင်း ရိုက်နှက်နှိပ်စက်ခြင်း၊ မီးရှို့နှိပ်စက်ခြင်း နှင့် လျှပ်စစ်ရှော့တိုက်နှိပ်စက်ခြင်း စသည့် ညှဉ်းပန်းမှုများရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

CPJ ၏ ၂၀၂၄ စစ်တမ်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းထောက်များအား ဖမ်းဆီးထောင်ချမှု တတိယအဆိုးဆုံးနိုင်ငံအဖြစ်ပါဝင်နေပြီး အနည်းဆုံး သတင်းထောက်ဦးရေ ၃၅ ထက်မနည်း အကျဉ်းချဖမ်းဆီးခံထားရကြောင်းဖော်ပြထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်သည့် သတင်းဌာနများကို ပိတ်သိမ်းခြင်းများပြုလုပ်လာခဲ့ပြီး သတင်းထောက်များကိုလည်း ပုဒ်မ အမျိုးမျိုးတပ်ကာဖမ်းဆီးထောင်ချလျက်ရှိသည်။ အာဏာသိမ်းပြီးနောက်  မြန်မာပြည်တွင်း သတင်းမီဒီယာလုပ်ငန်း ၁၅ ခု လုပ်ငန်းလိုင်စင်များရုတ်သိမ်းခံထားရကြောင်း မြန်မာ့သတင်းမီဒီယာကောင်စီ (IPCM) ၏ အချက်အလက်များအရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...