Friday, January 30, 2026

မြန်မာသတင်းထောက် စိုင်းဇော်သိုက်အပါအဝင် (၃)ဉီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုချက်ချင်းရပ်တန့်ရန်  CPJ ပြော

မြန်မာသတင်းထောက် ကိုစိုင်းဇော်သိုက် အပါအဝင် (၃)ဉီး ကို ထောင်တွင်း ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှု များချက်ချင်းရပ်တန့်ရန် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ယမန့်နေ့ (ဖေဖော်ဝါရီ ၂၆)ရက်တွင် ထုတ်ပြန်လိုက်သည်။

ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ ခုနစ် မေလတွင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်အခြေအနေကို သတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရပြီး၊ စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချခံထားရပြီး၊ ယခုနှစ် ၂၀၂၅ ခုနစ်  ဇန်နဝါရီလမှ စတင်ပြီး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် နေ့စဉ်ညှဉ်းပန်း နှိပ်စက်မှုများ ကျူးလွန်ခံနေရသည်ဟု ဟု မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းမှ (CPJ) ကိုအတည်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် မိုခါမုန်းတိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အခြေအနေများကို စစ်တွေမြို့တွင် သတင်းရယူနေသည့် ကိုစိုင်းဇော်သိုက်အား စစ်ကောင်စီမှ ဖမ်းဆီးထောင်ချထားပြီး ထောင်တွင်း၌ နေ့စဉ် ညှဉ်းပန်းနှိပ်စက်မှုများရှိနေကြောင်း သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“မြန်မာစစ်အစိုးရက သတင်းထောက် ကိုစိုင်းဇော်သိုက်အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ တာဝန်ရှိသူတွေကိုလည်း စာရင်းပြုစုဖော်ထုတ်ရမယ်၊ ဒီလိုရက်စက်မှုမျိုး သတင်းထောက်တွေကို မတရားဖမ်းဆီးထောင်ချတာတွေကို ရပ်တန့်ရမယ်” ဟု (CPJ) ၏ အရှေ့တောင်အာရှ အကြီးတန်းကိုယ်စားလှယ် Shawn Crispin ကပြောသည်။

ကိုစိုင်းဇော်သိုက် နှင့် ကျန်နှစ်ဉီးတို့သည် ဇန်နဝါရီလအတွင်း အင်းစိန်ထောင်ကို လာရောက်ခဲ့သော စစ်ကောင်စီ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များဆီ အင်းစိန်ထောင်ဝန်ထမ်းများ၏ နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း ဖွင့်ချခဲ့သည်။

ထို့နောက် ထောင်ဝန်ထမ်းများ၏ တန်ပြန်နှိပ်စက်ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

“ မြန်မာစစ်အုပ်စု က သတင်းထောက် စိုင်းဇော်သိုက်ကို စော်ကားကျူးလွန်တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်စာရင်းပြုစုရပါမယ်။ ဒီလို ညှဉ်းပန်းနှိပ်စက်မှုမျိုးက ရက်စက်ကြမ်းကြုတ်လွန်းတယ်။ မြန်မာ့စစ်အုပ်စုအနေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချပြီး ညှဉ်းပန်းနှိပ်စက်တာတွေကို ရပန်တန့်သင့်တယ်” ဟု Shawn Crispin ကဆိုသည်။ 

ဖြစ်စဉ်အသေးစိတ်အခြေအနေများကို CPJ မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း နိုင်ငံရေးအကျဉ်းသားများ  ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှစုဆောင်းထားသည့် အချက်အလက်များနှင့် အကျဉ်းသားဟောင်းများ၏ တင်ပြချက်များအရ အင်းစိန်ထောင်အတွင်း ရိုက်နှက်နှိပ်စက်ခြင်း၊ မီးရှို့နှိပ်စက်ခြင်း နှင့် လျှပ်စစ်ရှော့တိုက်နှိပ်စက်ခြင်း စသည့် ညှဉ်းပန်းမှုများရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

CPJ ၏ ၂၀၂၄ စစ်တမ်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းထောက်များအား ဖမ်းဆီးထောင်ချမှု တတိယအဆိုးဆုံးနိုင်ငံအဖြစ်ပါဝင်နေပြီး အနည်းဆုံး သတင်းထောက်ဦးရေ ၃၅ ထက်မနည်း အကျဉ်းချဖမ်းဆီးခံထားရကြောင်းဖော်ပြထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်သည့် သတင်းဌာနများကို ပိတ်သိမ်းခြင်းများပြုလုပ်လာခဲ့ပြီး သတင်းထောက်များကိုလည်း ပုဒ်မ အမျိုးမျိုးတပ်ကာဖမ်းဆီးထောင်ချလျက်ရှိသည်။ အာဏာသိမ်းပြီးနောက်  မြန်မာပြည်တွင်း သတင်းမီဒီယာလုပ်ငန်း ၁၅ ခု လုပ်ငန်းလိုင်စင်များရုတ်သိမ်းခံထားရကြောင်း မြန်မာ့သတင်းမီဒီယာကောင်စီ (IPCM) ၏ အချက်အလက်များအရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...