Thursday, April 25, 2024

အင်းလေးဒေသတွင် PDF နှင့် ထောက်ပံ့သူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၃) ရက်နေ့က စစ်ကောင်စီ နှင့် အင်းလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၈) ရက်တွင် ထောက်ပံ့သူများ နှင့် PDF များကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့သည်။

PDF နှင့် ထောက်ပံ့သူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ကူညီထာက်ပံ့သူများ၊ သတင်းပေးပို့သူ နှင့် PDF ခေါင်းဆောင် အပါအဝင် (၁၂) ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုထဲတွင် ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ အင်းတိန်ညောင်အုပ် ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဉူးဇဝနကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပထမဆုံး ဖမ်းဆီးရမိပြီး ကျန်သည့်သူများကို နောက်လိုက်စစ်ဆေးရာမှ ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုထုတ်ပြန်ချက်ထဲတွင် သေဆုံးနေသည့် ရုပ်အလောင်း (၆) လောင်း နှင့် အမျိုးသမီးတစ်ဦး အပါအဝင် (၈) ဦးကို လက်နက်အများဖြင့် အရှင်ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ထားသည်။ ထိုထဲတွင် PDF ခေါင်းဆောင် ၂ ဦး ပါဝင်ကြောင်းလည်း ရေးသားထားသည်။

လက်ရှိ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် တိုက်ပွဲငြိမ်သက်နေလျက်ရှိပြီး စစ်ကောင်စီက ညောင်ရွှေမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article