ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင် ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်၌ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖိုရမ်သို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၆၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့် အချက်အချာနေရာတွင် ရှိနေပြီး သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာ ရှိသည်ဟု ဆိုသည်။

အထူးသဖြင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC) လမ်းကြောင်းပေါ်ရှိ သီလဝါဇုန်သည် ဗီယက်နမ်နိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

သို့သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်း၌ တိုက်ပွဲများ ပြင်းထန်နေခြင်း၊ လျှပ်စစ်မီး မမှန်ခြင်း၊ ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုဒဏ်များကြောင့် ပြည်တွင်းရှိ လုပ်ငန်းရှင်အများစုမှာ လုပ်ငန်းများ ရပ်နားထားရသကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ထွက်ခွာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် Nguyen Van Thang ကမူ စီးပွားရေးလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဖြေရှင်းရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေး ဖြစ်ထွန်းလာရန် တိုက်တွန်းခဲ့သည်။

ယခုခရီးစဉ်အတွင်း စစ်ကောင်စီနှင့် ဆက်စပ်နေသည့် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel ကိုလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအဖြစ် ဖော်ပြခဲ့ကြသည်။

ထို့ပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးနှင့် အာဆီယံစီးပွားရေးစင်္ကြံတစ်လျှောက် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများတွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် စစ်ကောင်စီဘက်က ဖိတ်ခေါ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟန်ပြ မြစ်ရေထိန်းသိမ်းမှုအောက်က အဆိပ်သင့် နယ်စပ်ဖြတ်ကျော်မြစ်ရေ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား...

ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

0
ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...