တရုတ်ဘက်မှ နယ်စပ်ဂိတ် ပြန်ဖွင့်သော်လည်း မြန်မာဘက် မဖွင့်သေး

သျှမ်းပြည် မူဆယ်ခရိုင်ရှိ မြန်မာ – တရုတ် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပြန်ဖွင့်သော်လည်း မြန်မာဘက်မှ မဖွင့်သေးကြောင်း သတင်းသိရသည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ်

ယနေ့ (ဇန်နဝါရီလ ၈ ) ရက် မနက်ပိုင်း အချိန်တွင် မြန်မာ – တရုတ် နယ်စပ်ဂိတ်ဖြစ်သည့် တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်ခြမ်း အပါအဝင် နယ်စပ်ဂိတ် (၃) ခု ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မူဆယ်ဒေသခံ အသက် (၅၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ် သံရုံးဘက်ကလည်း ဒီ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အကုန်လုံးကို ပြန်ဖွင့်မယ်လို့ ထုတ်ပြန်ထား ပါတယ်၊ ဒါပေမဲ့ အခုချိန်ထိတော့ တံခါးနှစ်ခုပဲ ဖွင့်နေတာ တွေ့ရတယ်၊ ရွှေနန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ်တံခါး ပေါက်ပဲ ဖွင့်နေတာ၊ မန့်ဝိန်းဂိတ်က ဖွင့်တာမတွေ့ရသေးဘူး” ဟု ရွှေနန်းတော်ဂိတ်အနီး ရောက်ရှိနေသည့် ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ခြင်း နှင့် ပတ်သက်ပြီး ဂိတ် အဝင်အထွက်များကို ယခင်ကလို တခါသုံး ယာယီလက်မှတ်များ မဟုတ်တော့ပဲ စာအုပ်အနီဖြင့်သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ စာအုပ်အနီများကိုလည်း သျှမ်းပြည်အတွင်း နေထိုင်ပြီး ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ထုတ်ပေးမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

အဆိုပါ လမ်းကြောင်း (၃) ခုကနေ ဝင်ထွက်သွားလာမှုကို မြန်မာဘက်က သတ်မှတ်ပေးခြင်းမဟုတ်ဘဲ တရုတ်ဘက်က သတ်မှတ်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“လက်ရှိ အချိန်ထိတော့ မြန်မာဘက်ပိုင်း ကနေ ဘာမှ ပြင်ဆင်ထားတာ မတွေ့ရသေးဘူး၊ တခြား လက်မှတ် တွေ၊ ကျန်းမာရေး စစ်ဆေးချက်တွေကိုလည်း ပြင်ဆင်ထားတာ မတွေ့ရဘူး၊ တရုတ်ဘက်ကလည်း ဂိတ်ဖွင့်ပေးပြီ ဆိုပေမယ့် သူတို့သတ်မှတ်ထားတဲ့ နေရာထိပဲ ဝင်ခွင့်ပေးမယ်လို့ သိရတယ်” ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာဘက်မှ ရုံးပိုင်းဆိုင်ရာ ဝာာဝန်ရှိသူများ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

တရုတ်နယ်စပ်ဂိတ် ပြန်ဖွင့်ပြီး ဝင်၊ ထွက်သွားလာခွင့်ကိစ္စနှင့်ပတ်သက်ပြီး မူဆယ်ဒေသခံများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်မြှင့် တက်လာမည်ကို စိုးရိမ်နေကြသည်။

“ အခုရက်ပိုင်း တရုတ်ဘက်မှာ ကိုဗစ်တွေ ပြန်မြှင့်နေတယ်။ နယ်စပ်ဂိတ်တွေဖွင့်ရင် မူဆယ်ဘက် ကိုဗစ် ပြန်မြှင့် လာမှာလည်းကြောက်တယ်။ တဖက်ကလည်း စီးပွားရေးကရှိတော့ ဖွင့်တာလည်းကောင်းပါတယ်” ဟု မူဆယ်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လူပုဂ္ဂိုလ် နှင့် အသေးစား အိမ်စီးကား အပါအဝင် ဆိုင်ကယ် နှင့် လျှပ်စစ်ဆိုင်ကယ်များအနေဖြင့် မြန်မာ – တရုတ်ဈေး လမ်းကြောင်းကနေ နေ့စဉ် နံနက် (၈) နာရီကနေ ည (၉) နာရီခွဲအတွင်း ဝင်ထွက် သွားလာနိုင်မည်ဟု တရုတ်ဘက်က ထုတ်ပြန်ထားသည်။

လက်ရှိ အချိန်တွင် နယ်စပ်ဂိတ်၏ နှစ်ဘက်ဂိတ် တံခါးပေါက်များ၌ ကူးသန်းသွားလာရေးအတွက် စောင့်မျှော်နေသူများ နှင့် အခြေအနေကို စောင့်ကြည့်နေသည့်ကားသမားများ ဒေသခံများ များပြား နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...