Wednesday, January 28, 2026

တရုတ်ဘက်မှ နယ်စပ်ဂိတ် ပြန်ဖွင့်သော်လည်း မြန်မာဘက် မဖွင့်သေး

သျှမ်းပြည် မူဆယ်ခရိုင်ရှိ မြန်မာ – တရုတ် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပြန်ဖွင့်သော်လည်း မြန်မာဘက်မှ မဖွင့်သေးကြောင်း သတင်းသိရသည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ်

ယနေ့ (ဇန်နဝါရီလ ၈ ) ရက် မနက်ပိုင်း အချိန်တွင် မြန်မာ – တရုတ် နယ်စပ်ဂိတ်ဖြစ်သည့် တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်ခြမ်း အပါအဝင် နယ်စပ်ဂိတ် (၃) ခု ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မူဆယ်ဒေသခံ အသက် (၅၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ် သံရုံးဘက်ကလည်း ဒီ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အကုန်လုံးကို ပြန်ဖွင့်မယ်လို့ ထုတ်ပြန်ထား ပါတယ်၊ ဒါပေမဲ့ အခုချိန်ထိတော့ တံခါးနှစ်ခုပဲ ဖွင့်နေတာ တွေ့ရတယ်၊ ရွှေနန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ်တံခါး ပေါက်ပဲ ဖွင့်နေတာ၊ မန့်ဝိန်းဂိတ်က ဖွင့်တာမတွေ့ရသေးဘူး” ဟု ရွှေနန်းတော်ဂိတ်အနီး ရောက်ရှိနေသည့် ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ခြင်း နှင့် ပတ်သက်ပြီး ဂိတ် အဝင်အထွက်များကို ယခင်ကလို တခါသုံး ယာယီလက်မှတ်များ မဟုတ်တော့ပဲ စာအုပ်အနီဖြင့်သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ စာအုပ်အနီများကိုလည်း သျှမ်းပြည်အတွင်း နေထိုင်ပြီး ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ထုတ်ပေးမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

အဆိုပါ လမ်းကြောင်း (၃) ခုကနေ ဝင်ထွက်သွားလာမှုကို မြန်မာဘက်က သတ်မှတ်ပေးခြင်းမဟုတ်ဘဲ တရုတ်ဘက်က သတ်မှတ်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“လက်ရှိ အချိန်ထိတော့ မြန်မာဘက်ပိုင်း ကနေ ဘာမှ ပြင်ဆင်ထားတာ မတွေ့ရသေးဘူး၊ တခြား လက်မှတ် တွေ၊ ကျန်းမာရေး စစ်ဆေးချက်တွေကိုလည်း ပြင်ဆင်ထားတာ မတွေ့ရဘူး၊ တရုတ်ဘက်ကလည်း ဂိတ်ဖွင့်ပေးပြီ ဆိုပေမယ့် သူတို့သတ်မှတ်ထားတဲ့ နေရာထိပဲ ဝင်ခွင့်ပေးမယ်လို့ သိရတယ်” ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာဘက်မှ ရုံးပိုင်းဆိုင်ရာ ဝာာဝန်ရှိသူများ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

တရုတ်နယ်စပ်ဂိတ် ပြန်ဖွင့်ပြီး ဝင်၊ ထွက်သွားလာခွင့်ကိစ္စနှင့်ပတ်သက်ပြီး မူဆယ်ဒေသခံများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်မြှင့် တက်လာမည်ကို စိုးရိမ်နေကြသည်။

“ အခုရက်ပိုင်း တရုတ်ဘက်မှာ ကိုဗစ်တွေ ပြန်မြှင့်နေတယ်။ နယ်စပ်ဂိတ်တွေဖွင့်ရင် မူဆယ်ဘက် ကိုဗစ် ပြန်မြှင့် လာမှာလည်းကြောက်တယ်။ တဖက်ကလည်း စီးပွားရေးကရှိတော့ ဖွင့်တာလည်းကောင်းပါတယ်” ဟု မူဆယ်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လူပုဂ္ဂိုလ် နှင့် အသေးစား အိမ်စီးကား အပါအဝင် ဆိုင်ကယ် နှင့် လျှပ်စစ်ဆိုင်ကယ်များအနေဖြင့် မြန်မာ – တရုတ်ဈေး လမ်းကြောင်းကနေ နေ့စဉ် နံနက် (၈) နာရီကနေ ည (၉) နာရီခွဲအတွင်း ဝင်ထွက် သွားလာနိုင်မည်ဟု တရုတ်ဘက်က ထုတ်ပြန်ထားသည်။

လက်ရှိ အချိန်တွင် နယ်စပ်ဂိတ်၏ နှစ်ဘက်ဂိတ် တံခါးပေါက်များ၌ ကူးသန်းသွားလာရေးအတွက် စောင့်မျှော်နေသူများ နှင့် အခြေအနေကို စောင့်ကြည့်နေသည့်ကားသမားများ ဒေသခံများ များပြား နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံခြားဆေးဝါးများ ပြတ်လပ် နာတာရှည်လူနာများ အခက်တွေ့နေ

0
နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က ယာယီပိတ်ပင်ထားသည်မှာ ၅ လနီးပါး ရှိလာပြီဖြစ်သဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံဆေးဝါးများ ပြတ်လပ်ကာ ဈေးနှုန်းများမှာ ယခင်ထက် ၃ ဆခန့်အထိ အဆမတန် မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ သြဂုတ်လ ဒုတိယပတ်မှစတင်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားမှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...