ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက်ဆိုပြီး စစ်ကောင်စီက စစ်ရှောင်ဦးရေ စာရင်းကို လိုက်လံပြုစုနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင်မြို့တွင် လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ မဲပေးရန်အတွက် စစ်ကောင်စီက သန်းခေါင်စာရင်း လူဦးရေ ကောက်နေကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်စစ်ရှောင်

လာမည့် ၂၀၂၃ ခုနှစ် ရွှေးကောက်ပွဲတွင် စစ်ကောင်စီကို မဲပေးရန်အတွက် ကျေးလက်၊ ရပ်ရွာသူကြီးများ နှင့် စေတနာ့ ဝန်ထမ်းများကို သင်တန်းပေးပြီး သန်းခေါင်စာရင်း ကောက်ခံခိုင်းသည့်အပြင် နေရပ်စွန့်ခွာလာသူ (စစ်ရှောင်) သန်းခေါင်စာရင်းကိုလည်း လိုက်လံကောက်ယူရန် ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ညွှန်ကြားခဲ့ပြီးနောက်ပိုင်း ယနေ့ (ဇန်နဝါရီ ၆) ရက် ဆီဆိုင်မြို့ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်ထောင်စု စာရင်းကို လိုက်လံကောက်ခံနေကြောင်း ဆီဆိုင်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု လောလောဆယ်တော့ မြို့ပေါ်က တချို့ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လိုက်ပြီး စာရင်း ကောက်နေပြီဗျ။ ရွာတွေဖက်မှာတော့ ရွာသူကြီးတွေက လူဦးရေ စာရင်းပေးဖို့အတွက် ဆွေးနွေးနေတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ စစ်ရှောင်များ၏ လူဦးရေ စာရင်း ပြုစုခိုင်းရာမှာ ကူညီထောက်ပံ့ဖို့ အတွက်မဟုတ်ကြောင်း၊ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် စစ်ကောင်စီကို မဲပေးရန်အတွက် လိုက်လံပြုစုခိုင်းကြောင်း သိရသည်။

“ စစ်ရှောင်ကို ထောက်ပံ့ပေးဖို့အတွက် စာရင်းကောက်တာတော့ မဟုတ်ဘူးဗျာ။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက် စစ်ကောင်စီက စာရင်းကောက်နေတယ်ဆိုတာ သေချာပါတယ်။ စစ်ရှောင်ကို နေရပ်စွန့်လာတယ်ဆိုတဲ့ ခေါင်းစဉ်အောက်နဲ့ ကောက်တာဗျာ။ စစ်ရှောင်တွေကို သူတို့မေးချင်မှ မေးမယ်။ စစ်ရှောင်ကော်မတီဆီက စာရင်းကိုတော့ သူတို့ အတိတကျ အကုန်ကောက်တယ်။ ပြီးမှ ၁၈ နှစ်အထက် စားရင်း ပြန်ခွဲတယ်“ ဟု ကျေးလက်ဒေသခံ ရပ်ရွာသူကြီး တစ်ဦးက ပြောသည်။

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်းသို့ ရောက်ရှိနေသော စစ်ရှောင် ဦးရေမှာ (၃,၅၀၀) ဝန်းကျင် ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ဆီဆိုင်မြို့အတွင်းသို့ လာရောက်ခိုလှုံသူများကို လက်မခံရန်နှင့် နေရပ်ပြန်ရန် အတွက် တစ်ချိန်က ဖိအားပေးခဲ့ပြီး ယခုတွင် ရွေးကောက်ပွဲ အတွက်ဆိုပြီး စစ်ရှောင်များ၏ သန်းခေါင်စာရင်းကို လိုက်လံကောက်ခိုင်းရာတွင် မျှတမှု မရှိကြောင်း၊ နိုင်ငံရေးကို သက်သက်သာသာ အသုံးချနေတယ်လို့ မြင်သည်ဟု သျှမ်းတောင် စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။

“ ဒါကလည်း သိတဲ့အတိုင်းပဲ သူတို့က လူဦးရေ များများရဖို့အတွက် ကောက်တယ်။ နိုင်ငံရေးကို သက်သက်သာသာ အသုံးချနေတာ မြင်တယ် “ ဟု သျှမ်းတောင် စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲသည် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်း VOA သတင်းဌာနမှ ပြောချက်အရ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း ဖောင်းပွမှုကြောင့် ရွှေးကောက်ပွဲ ကော်မရှင်မှ မဖြေရှင်းနိုင်ရာ အာဏာသိမ်းလိုက်ခဲ့ပြီး ၂၀၂၃ ခုနှစ် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲလည်း မဲစာရင်းဖောင်းပွမှု ရှိနိုင်သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...