CATEGORY

သတင်း

မူးယစ်ရာဇာ ထွန်းမင်းလတ် ထံ စစ်အာဏာသိမ်းခေါင်းဆောင် သားသမီး ပိုင်ဆိုင်မှုများ ပါဝင်နေကြောင်း Justice for Myanmar ကထုတ်ပြန်

မူးယစ်ရာဇာ လက်နက်ပွဲစား ထွန်းမင်းလတ် ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးချိန်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၏ သားသမီးများ ပိုင်ဆိုင်မှုများ ပါဝင်ထားကြောင်း Justice for Myanmar က ယနေ့ (ဇန်နဝါရီ ၁၁) တွင် ထုတ်ပြန်ခဲ့သည်။ မြန်မာခရိုနီလက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးရမိချိန်တွင် စစ်ခေါင်ဆောင်...

ရွှေညောင်မြို့ လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ခုတ်သတ်

သျှမ်းပြည် တောင်ကြီးခရိုင် ရွှေညောင်မြို့ အောင်သပြေဂိတ် အနီးရှိ ဆည်မြောင်းဝန်ထမ်း အိမ်ရာလိုင်းခန်းတွင် လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၉ ရက် ညနေ ၉ နာရီဝန်းကျင်တွင် ရွှေညောင်မြို့...

လွိုင်လင်မြို့နယ် ရွေးကောက်ပွဲအတွက် သေဆုံးသူစာရင်း နှင့် နေအိမ်မရှိသူ စာရင်းလိုက်လံကောက်

သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းတွင် ရွေးကောက်ပွဲအတွက် လူစာရင်းများ လိုက်လံ ကောက်ခံနေကြောင်း သတင်းရရှိသည်။ ထိုသို့ စာရင်းလိုက်လံကောက်ခံရာတွင် နေအိမ်မရှိသူ နှင့် သေဆုံးသွားသူများ၏ စာရင်းကိုပါ ကောက်ယူသွားကြောင်း သိရသည်။ “ သူတို့ လာကောက်တာက ၁၀ အိမ်ကို တစ်အိမ်မှာ စုပြီးတော့ လာကောက်တာ။ အချိန်ကုန်သက်သာအောင်ပေါ့။ ပြီးတော့...

အင်းလေးဒေသတွင် စစ်ကောင်စီ နှင့် PNO တို့ပူးပေါင်းပြီး ဒေသခံများထံ ဆက်ကြေးကောက်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေး အနောက်ဘက်ခြမ်းရှိ အင်းတိမ်ရွာ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) တို့ ပူးပေါင်းပြီး ဆက်ကြေးကောက်ခံ ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ အင်းလေးဒေသ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် သျှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့...

ဆီဆိုင်မြို့ စစ်ရှောင်စခန်းရှိ ကိုယ်ဝန်သည် အမျိုးသမီး (၅) ဦး မွေးဖွားစားရိတ် ခက်ခဲနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ ကိုယ်ဝန်သည် အမျိုးသမီး (၅) ဦး သည် မွေးဖွားစားရိတ် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် လက်ရှိမှာ အလှူရှင်များနည်းလာကြောင်း၊ တဖက်မှာ နေ့စားအလုပ် ဖြစ်သည့် ပြောင်းချိုးလုပ်ကိုင်သော်လည်း အသုံးစားရိတ် မလုံလောက်ကြောင်း သိရသည်။ ထို့ကြောင့်...

ကျောက်မဲ စစ်ဘေးရှောင်များ မြို့ထဲပြောင်း‌ရွှေ့နေထိုင်ရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းတွင်ရှိနေသည့် စစ်ဘေးရှောင်များသည် မြို့ထဲပြောင်းရွှ့နေထိုင်ကြရကြောင်း စုံစမ်း သိရှိရသည်။ စစ်ကောင်စီသည် စစ်ရှောင်များကို နေရပ်ပြန်ရန်အတွက် ဖိအားပေးမှုကြောင့် ယခု ဇန်နဝါရီ ပထမပတ်မှ စပြီး ကျောက်မဲမြို့အတွင်း စစ်ဘေးရှောင်များသည် နေအိမ် လိုက်လံငှားရမ်းပြီး နေထိုင်ကြရသည်။ “ အကုန်ပြောင်းရွှေ့သွားပြီ။ စာရင်းကိုင်တွေပဲ...

မူဆယ်မြို့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ စျေးရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၀) ရက် နံနက် ၅ နာရီခွဲကျော်တွင် မူဆယ်မြို့ ဈေးရပ်ကွက်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦး တရုတ်ကျောင်းသွားရန်အတွက် အိမ်ရှေ့၌...

ယာဥ်စည်းကမ်း လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင် ထုတ်ပြန်

ထိုင်းနိုင်ငံ အတွင်း ကား / ဆိုင်ကယ် ယာဥ်စည်းကမ်းများ လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၉) ရက် မှစတင်ပြီး ထိုင်းအာဏာပိုင်ဘက်မှ ယာဥ်စည်းကမ်းများကို ထုတ်ပြန်ထားကြောင်း Chiangmai News သတင်းဌာနမှ ထုတ်ပြန်ထားသည်။ “ထိုင်းအာဏာပိုင်တွေ ခုရက်ပိုင်း စည်းကမ်းတွေ...

အေးသာယာ ကားလေးကွင်း ဆိုင်ခန်းဝယ်ယူထားသူများထံ ငှားရမ်းခ ထပ်မံကောက်ခံ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ကားလေးကွင်းရှိ အခန်းဝယ်ယူထားသူများထံ ဆိုင်ခန်းဌားရမ်းခ ဆိုပြီး စည်ပင်က ထပ်မံ ပိုက်ဆံကောက်ခံနေကြောင်း သိရှိရသည်။ အေးသာယာ ကားလေးကွင်းရှိ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၆၅၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် (အောက်တိုဘာလ) မှ ၂၀၂၃...

ရွှေလီမြစ်ဝှမ်းဒေသ ကြံစိုက်ပျိုးသူများ တင်ပို့ရောင်းချရန် ခက်ခဲနေဆဲ

မြန်မာ - တရုတ်နယ်စပ် ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) စိုက်ပျိုးရေးသမားများ တပိုင်တနိုင်တင်ပို့နေသည့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ကြံစိုက်ပျိုးသူများ ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်မှ စပြီး ယနေ့ထိ ၃ နှစ်ခန့်ကြာ ပိတ်ထားသည့် ရွှေလီမြစ်ဝှမ်းဒေသရှိ တပိုင်တနိုင်တောင်သူများ...

Latest news