မူးယစ်ရာဇာ ထွန်းမင်းလတ် ထံ စစ်အာဏာသိမ်းခေါင်းဆောင် သားသမီး ပိုင်ဆိုင်မှုများ ပါဝင်နေကြောင်း Justice for Myanmar ကထုတ်ပြန်

မူးယစ်ရာဇာ လက်နက်ပွဲစား ထွန်းမင်းလတ် ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးချိန်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၏ သားသမီးများ ပိုင်ဆိုင်မှုများ ပါဝင်ထားကြောင်း Justice for Myanmar က ယနေ့ (ဇန်နဝါရီ ၁၁) တွင် ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုပုံ

မြန်မာခရိုနီလက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးရမိချိန်တွင် စစ်ခေါင်ဆောင် မင်းအောင်လှိုင်၏ သားသမီး ပိုင်ဆိုင် ထားသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အဆင့်မြင့်ကွန်ဒို တစ်လုံး နှင့် Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ် တို့ နှင့်အတူ ဖမ်းဆီးရမိကြောင်း Justice For Myanmar က ထုတ်ပြန်တွင်ရေးသားထားသည်။

ထွန်းမင်းလတ်ကို ထိုင်းအာဏာပိုင်းများက ဖမ်းဆီးရမိပြီး သိမ်းဆည်းခဲ့သည့် ပစ္စည်းများတွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်ထားသည့် အိမ်ခန်းလေးခန်းပါ Belle Rama 9 ကွန်ဒိုတစ်ခန်း နှင့် ခင်သီရီသက်မွန်နာမည်ဖြင့် ဖွင့်ထားသည် Siam Commercial Bank စာအုပ်နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထွန်းမင်းလတ်ကို ထိုင်းအာဏာပိုင်များက မူးယစ်ဆေးဝါမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြင့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စွဲချက်တင်ထားသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးပုံ

ထိုင်းအာဏာပိုင်များအနေဖြင့် အောင်ပြည်စုံနှင့် ခင်သီရိသက်မွန်တို့ ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး စွဲဆိုထားသည့် ရာဇာဝတ်မှု မှ ၎င်တို့၏ အကျိုးအမြတ်ရရှိခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးရန် နှင့် စစ်အုပ်စု အဖွဲ့ဝင်များ၊ ၎င်း၏ မိသားစုများနှင့် အားပေးပံ့ပိုးနေသည့် ထောက်တိုင်များက ထိုင်းဘဏ်များကို အသုံးပြုနေကြခြင်းနှင့် ထိုင်းနိုင်ငံတွင် ပိုင်ဆိုင်မှု ဝယ်ယူနေကြသည်ကို ပိတ်ပင်တားဆီးရန် Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်သည်။

ထိုင်းဘဏ်များအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်အုပ်စုအဖွဲ့ဝင်များ၊ ခရိုနီများနှင့် ၎င်းတို့ မိသားစုဝင်များ၏ ဘဏ်အေကာင့်များကို ပိတ်သိမ်းရန်လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သားပုံ

“မြန်မာစစ်အုပ်စုဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ရုံသာမကဘဲ ထွန်းမင်းလတ်တို့လို နိုင်ငံတကာ ရာဇဝတ်မှု ကျုးလွန်နေတဲ့ ထောက်တိုင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ထွန်းမင်းလတ်က စစ်တပ်ပိုင် ကာစီနိုလုပ်ငန်းကို ပူးတွဲပိုင်ဆိုင်ပြီး၊ ယခုစွဲချက်တင်ခံထားရတဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှုတွေ ကျူးလွန်နေသူဖြစ်ပြီး တစ်ချိန်ထဲမှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူမှုတွေမှာလည်း ပွဲစားလုပ်ပေးခဲ့ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးလုပ်ငန်း စီးနင်းဖမ်းဆီးခံရသည့် ထွန်းမင်းလတ်သည် အသက် ၅၃နှစ် အရွယ်ရှိပြီး၊ မြန်မာစစ်တပ်အတွက် စစ်လက်နက်များကို တရုတ်နှင့် အစ္စရေးနိုင်ငံများမှ ဝယ်ပေးခြင်းအပါအဝင် မြန်မာစစ်တပ် ကို တလျောက်လုံး ထောက်ပံ့ကူညီနေသည့် ခရိုနီတစ်ဦးဖြစ်သည်။

သူသည် ယခင်က ဦးသန်းရွှေ အစိုးရလက်ထက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အရာရှိဟောင်း အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး၏ သားဖြစ်သည်။

ထွန်းမင်းလတ်သည် မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံး၊ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(MEHL)တို့နှင့် စီးပွားရေးမိတ်ဖက် အဖြစ် လုပ်ငန်းများ လုပ်ကိုင်နေသူလည်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ စပြီး ရွှေတြိဂံဒေသ၊ မြန်မာနိုင်ငံဘက်ခြမ်း၊ တာချီလိတ်မြို့တွင် သူနှင့်ပတ်သက်ဆက်နွှယ်သည့် Allure Group မြန်မာလုပ်ငန်းခွဲဖြစ်သည့် Myanmar Allure Group မှတဆင့် ကာစီနိုလောင်းကစားရုံလုပ်ငန်းကို စစ်ထောက်ချုပ်ရုံးနဲ့ မိတ်ဖက် လုပ်ကိုင်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...