Tuesday, January 27, 2026

မူးယစ်ရာဇာ ထွန်းမင်းလတ် ထံ စစ်အာဏာသိမ်းခေါင်းဆောင် သားသမီး ပိုင်ဆိုင်မှုများ ပါဝင်နေကြောင်း Justice for Myanmar ကထုတ်ပြန်

မူးယစ်ရာဇာ လက်နက်ပွဲစား ထွန်းမင်းလတ် ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးချိန်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၏ သားသမီးများ ပိုင်ဆိုင်မှုများ ပါဝင်ထားကြောင်း Justice for Myanmar က ယနေ့ (ဇန်နဝါရီ ၁၁) တွင် ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုပုံ

မြန်မာခရိုနီလက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးရမိချိန်တွင် စစ်ခေါင်ဆောင် မင်းအောင်လှိုင်၏ သားသမီး ပိုင်ဆိုင် ထားသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အဆင့်မြင့်ကွန်ဒို တစ်လုံး နှင့် Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ် တို့ နှင့်အတူ ဖမ်းဆီးရမိကြောင်း Justice For Myanmar က ထုတ်ပြန်တွင်ရေးသားထားသည်။

ထွန်းမင်းလတ်ကို ထိုင်းအာဏာပိုင်းများက ဖမ်းဆီးရမိပြီး သိမ်းဆည်းခဲ့သည့် ပစ္စည်းများတွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်ထားသည့် အိမ်ခန်းလေးခန်းပါ Belle Rama 9 ကွန်ဒိုတစ်ခန်း နှင့် ခင်သီရီသက်မွန်နာမည်ဖြင့် ဖွင့်ထားသည် Siam Commercial Bank စာအုပ်နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထွန်းမင်းလတ်ကို ထိုင်းအာဏာပိုင်များက မူးယစ်ဆေးဝါမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြင့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စွဲချက်တင်ထားသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးပုံ

ထိုင်းအာဏာပိုင်များအနေဖြင့် အောင်ပြည်စုံနှင့် ခင်သီရိသက်မွန်တို့ ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး စွဲဆိုထားသည့် ရာဇာဝတ်မှု မှ ၎င်တို့၏ အကျိုးအမြတ်ရရှိခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးရန် နှင့် စစ်အုပ်စု အဖွဲ့ဝင်များ၊ ၎င်း၏ မိသားစုများနှင့် အားပေးပံ့ပိုးနေသည့် ထောက်တိုင်များက ထိုင်းဘဏ်များကို အသုံးပြုနေကြခြင်းနှင့် ထိုင်းနိုင်ငံတွင် ပိုင်ဆိုင်မှု ဝယ်ယူနေကြသည်ကို ပိတ်ပင်တားဆီးရန် Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်သည်။

ထိုင်းဘဏ်များအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်အုပ်စုအဖွဲ့ဝင်များ၊ ခရိုနီများနှင့် ၎င်းတို့ မိသားစုဝင်များ၏ ဘဏ်အေကာင့်များကို ပိတ်သိမ်းရန်လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သားပုံ

“မြန်မာစစ်အုပ်စုဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ရုံသာမကဘဲ ထွန်းမင်းလတ်တို့လို နိုင်ငံတကာ ရာဇဝတ်မှု ကျုးလွန်နေတဲ့ ထောက်တိုင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ထွန်းမင်းလတ်က စစ်တပ်ပိုင် ကာစီနိုလုပ်ငန်းကို ပူးတွဲပိုင်ဆိုင်ပြီး၊ ယခုစွဲချက်တင်ခံထားရတဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှုတွေ ကျူးလွန်နေသူဖြစ်ပြီး တစ်ချိန်ထဲမှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူမှုတွေမှာလည်း ပွဲစားလုပ်ပေးခဲ့ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးလုပ်ငန်း စီးနင်းဖမ်းဆီးခံရသည့် ထွန်းမင်းလတ်သည် အသက် ၅၃နှစ် အရွယ်ရှိပြီး၊ မြန်မာစစ်တပ်အတွက် စစ်လက်နက်များကို တရုတ်နှင့် အစ္စရေးနိုင်ငံများမှ ဝယ်ပေးခြင်းအပါအဝင် မြန်မာစစ်တပ် ကို တလျောက်လုံး ထောက်ပံ့ကူညီနေသည့် ခရိုနီတစ်ဦးဖြစ်သည်။

သူသည် ယခင်က ဦးသန်းရွှေ အစိုးရလက်ထက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အရာရှိဟောင်း အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး၏ သားဖြစ်သည်။

ထွန်းမင်းလတ်သည် မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံး၊ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(MEHL)တို့နှင့် စီးပွားရေးမိတ်ဖက် အဖြစ် လုပ်ငန်းများ လုပ်ကိုင်နေသူလည်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ စပြီး ရွှေတြိဂံဒေသ၊ မြန်မာနိုင်ငံဘက်ခြမ်း၊ တာချီလိတ်မြို့တွင် သူနှင့်ပတ်သက်ဆက်နွှယ်သည့် Allure Group မြန်မာလုပ်ငန်းခွဲဖြစ်သည့် Myanmar Allure Group မှတဆင့် ကာစီနိုလောင်းကစားရုံလုပ်ငန်းကို စစ်ထောက်ချုပ်ရုံးနဲ့ မိတ်ဖက် လုပ်ကိုင်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...