အေးသာယာ ကားလေးကွင်း ဆိုင်ခန်းဝယ်ယူထားသူများထံ ငှားရမ်းခ ထပ်မံကောက်ခံ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ကားလေးကွင်းရှိ အခန်းဝယ်ယူထားသူများထံ ဆိုင်ခန်းဌားရမ်းခ ဆိုပြီး စည်ပင်က ထပ်မံ ပိုက်ဆံကောက်ခံနေကြောင်း သိရှိရသည်။

အေးသာယာ ကားလေးကွင်း ဆိုင်ခန်း

အေးသာယာ ကားလေးကွင်းရှိ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၆၅၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် (အောက်တိုဘာလ) မှ ၂၀၂၃ ခုနှစ် မတ်လအထိ ဂိတ် ဖွင့်ထားသည့် လစဉ်ခန်း၊ ဆိုင်ခန်းငှားရမ်းခ (၆) လကို ကျပ် (၁) သိန်းကျော် ဆိုပြီး ထပ်မံ ကောက်ခံနေကြောင်း လိုင်းကားဂိတ်များထံမှ သိရသည်။

“ အခု သူတို့ လုပ်နေတဲ့ပုံစံက ဘာမှန်း နားမလည်တော့ဘူး။ ဆိုင်ခန်းတွေကို ပိုက်ဆံအများကြီးပေးပြီး ဝယ်ရတယ်။ မီးရဖို့အတွက်လည်း ပိုက်ဆံထပ်သွင်းရတယ်။ အခုက ဆိုင်ခန်းငှားရမ်းခဆိုပြီး ပိုက်ဆံ ထပ်တောင်းနေတာ၊ သူတို့ ဆောက်လုပ်ရေးက မပြီးသေးဘူး “ ဟု ၎င်း အခန်းဝယ်ထားသည့် အမျိုးသားတစ်ဦးက ပြောသည်။

ဆိုင်ခန်း တစ်ခန်း လျှပ်စစ်မီးရဖို့အတွက် စည်ပင်ထံ ကျပ်ငွေ (၇) သိန်းကျော် ပေးသွင်းရသည့်အပြင် ယာဉ်လိုင်းကားပြေးဆွဲသူ တချို့သည် ငွေရေး၊ ကြေးရေး မတတ်နိုင်သဖြင့် ယာဉ်လိုင်းကားပြေးဆွဲသည့် အလုပ်ကို ရပ်နားထားရကြောင်း သိရသည်။

“သူတို့ ညွှန်ကြားထားတဲ့ အတိုင်းလိုက်မလုပ်ရင် လိုင်းကားပိတ်သိမ်းရမယ်လို့ တစ်ခါက ခြိမ်းခြောက်ဖူးတယ်။ တချို့ ဂိတ်ခန်း မဝယ်နိုင်တဲ့သူတွေက ဝယ်ဖို့အခွင့်အရေး မရှိဘူး။ လိုင်းကားပြေးဆွဲတဲ့ အလုပ်ကနေ နားရတယ် “ ဟု ၎င်းအမျိုးသားက ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းကားဂိတ်များကို အေးယာသာ ကားလေးကွင်းသို့ ရွေ့ပြောင်းပြီးနောက် (ကုန်တင်၊ ကုန်ချ) သည့် ရသည့်လိုင်းကားများအပြင် ပစ္စည်းတင်ပို့ချင်သူ ပြည်သူဒေသခံများလည်း ခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...