ဆီဆိုင်မြို့ စစ်ရှောင်စခန်းရှိ ကိုယ်ဝန်သည် အမျိုးသမီး (၅) ဦး မွေးဖွားစားရိတ် ခက်ခဲနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ ကိုယ်ဝန်သည် အမျိုးသမီး (၅) ဦး သည် မွေးဖွားစားရိတ် ခက်ခဲနေကြောင်း သတင်းရရှိသည်။

ဆီဆိုင်စစ်ရှောင်စခန်းမှ ကျန်းမာရေး စစ်ဆေးပေးနေစဥ်

ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် လက်ရှိမှာ အလှူရှင်များနည်းလာကြောင်း၊ တဖက်မှာ နေ့စားအလုပ် ဖြစ်သည့် ပြောင်းချိုးလုပ်ကိုင်သော်လည်း အသုံးစားရိတ် မလုံလောက်ကြောင်း သိရသည်။

ထို့ကြောင့် ကိုယ်ဝန်သည်များအတွက် ယခုကာလအတွင်း ကလေးမွေးဖွားရန် စားရိတ် မတက်နိုင်သဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းတစ်ခုတွင် ကိုယ်ဝန် ၈ လ လွယ်ထားသည့်အမျိုးသမီးတစ်ဦးက “ ကျမက ကိုယ်ဝန်ဆောင် ၈ လ ရှိနေပြီ၊ နောက်လဆိုရင် ကလေးမွေးတော့မယ်။ အခြေနေ ပြန်ကောင်းရင်တော့ အိမ်မှာ ကလေးပြန်မွေးမယ်လို့ စဉ်းစားထားတယ်။ ဒါပေမယ့်လည်း လွိုင်ကော်ဘက်ကို မသွားရဲဘူး၊ ဒီ ဆီဆိုင်ဘက်မှာ မွေးမယ် ဆိုလည်း ဆွေးမျိုးတွေက မရှိတော့ မွေးတဲ့အချိန်ကြရင် သားဖွားဆရာနဲ့ မွေးရမလားမသိသေးဘူး “ ဟု ၎င်း ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

ကိုယ်ဝန်သည် တစ်ဦး ကလေးမွေးဖွားလာသည့်ချိန်တွင် လိုအပ်သော ငွေရေးကြေးရေးများနှင့် ဝမ်းဗိုက်ခွဲပြီး မွေးဖွားရသည့် ကိုယ်ဝန်သည် မိခင်တချို့သည် ကုန်ကျစရိတ် ပိုကုန်ကျလာကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

“ အခု ကလေးမွေးမယ်ဆိုရင်လည်း အဓိကတော့ ပိုက်ဆံလိုတာပေါ့။ တချို့ ကိုယ်ဝန်သည်တွေက ရိုးရိုးမွေးလို့ မရတော့ ဝမ်းဗိုက်ခွဲပြီး မွေးရတယ်။ ဝမ်းဗိုက်ခွဲပြီး မွေးမယ်ဆိုတော့လည်း ဆီဆိုင်ဆေးရုံမှာက မွေးလို့မရဘူး။ တောင်ကြီး ဆေးရုံကို တက်ပြီး မွေးရတယ်။ ဒီထဲ သူတို့ ဆေးရုံမှာနေရင် စားစရိတ်၊ ဆေးဝါးစရိတ်တွေ အများကြီးကုန်တာပေါ့ “ ဟု ၎င်း စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။

တောင်ကြီးဆေးရုံထံသို့ ကလေးမွေးဖွားရသည့် ကိုယ်ဝန်သည်များသည် အသွားအလာ ကားခစရိတ်၊ ကလေးမွေးဖွားရာ ကုန်ကျစရိတ် နှင့် စားသောက်ကုန်ကျစရိတ်များကြောင့် ကိုယ်ဝန်သည်တစ်ဦးလျှင် ကျပ် (၅) သိန်းဝန်းကျင် ကုန်ကျကြောင်း ဆိုသည်။

အလားတူ ကိုယ်ဝန်သည် အမျိုးသမီးများသည် ကလေးမွေးဖွားပြီးနောက်ပိုင်း လိုအပ်သော အစာအာဟာရဖြစ်သည့် အစားအစာများနှင့် ဆောင်းတွင်းကာလမှာ ကလေးငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း အထူးလိုအပ်လာနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...