Wednesday, January 28, 2026

ရွှေညောင်မြို့ လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ခုတ်သတ်

သျှမ်းပြည် တောင်ကြီးခရိုင် ရွှေညောင်မြို့ အောင်သပြေဂိတ် အနီးရှိ ဆည်မြောင်းဝန်ထမ်း အိမ်ရာလိုင်းခန်းတွင် လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မမြတ်နိုး စျာပန

ယမန်နေ့ ဇန်နဝါရီ ၉ ရက် ညနေ ၉ နာရီဝန်းကျင်တွင် ရွှေညောင်မြို့ ဆည်မြောင်းဝန်းထမ်း အိမ်ရာလိုင်းခန်းတွင် နေထိုင်သည့် လင်မယားနှစ်ဦးသည် စကားများ ရန်ဖြစ်ပွားရာမှ ခင်ပွန်းဖြစ်သူ ကိုစည်သူသည် ၎င်း၏ ဇနီးကို ဓားဖြင့် အကြိမ်ပေါင်း ၉ ကြိမ် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေညောင်မြို့ဒေသခံ အသက် ၃၆ နှစ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ လင်မယားနှစ်ဦးက ဆည်မြောင်းဝန်ထမ်း အိမ်ရာလိုင်းခန်းမှာ နေတာ။ သူတို့ လင်မယား စကားများ ရန်ဖြစ်တဲ့ချိန်မှာ ဘေးပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်မှာကို ကြောက်လို့ထင်တယ်။ အိမ်ပြင်ထွက်ပြီး စကားများကြတာ။ စကားများ ရန်ဖြစ်ရင်းနဲ့ ကိုစည်သူက လက်လွန်ပြီး သူ့မိန်းမကို ဓားနဲ့ထိုးသတ်လိုက်တယ်။ သူ့မိန်းမကို သတ် ပြီးတော့မှ သူလည်း စိတ္တစ ဖြစ်သွားတာလား မပြောတတ်ဘူး။ သူ့ကိုယ်သူ ဓားနဲ့ ပြန်ထိုးသတ် သေးတယ်“ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ဓားဖြင့် အကြိမ်ပေါင်း ၉ ကြိမ်ထိ ထိုးခံရသောကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ မမြတ်နိုးမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး၊ အသက် ၂၇ နှစ် ကိုစည်သူ သည် ဓားဒဏ်ရာ ၃ ချက်ဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

အဆိုပါ ခင်ပွန်းဖြစ်သူ ကိုစည်သူသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သုံးစွဲခဲ့ဖူးကြောင်း မူးယစ်ဆေးဝါးကြောင့် ဇနီးဖြစ်သူကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက် ညနေ ၉ နာရီခွဲတွင် သျှမ်းပြည် တာချီလိတ်မြို့နယ် တာလေမြို့ နားယောင်းအုပ်စု ရန်အောင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါး သုံးစွဲပြီး အသိစိတ်လွှတ်ရာမှ မီးလှုံနေသည့် အိမ်နီးနားချင်း သားအမိ နှစ်ဦးကို ဓားဖြင့်ခုတ်ရာ အမျိုးသမီး ထိခိုက်ဒဏ်ရာ ရရှိပြီး၊ ကလေးငယ် သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...

မူးယစ်ဆေးဝါးကိစ္စ UWSA ကို စစ်ကောင်စီ မဖြေရှင်းနိုင်ပါက ထိုင်းကိုယ်တိုင်ဖြေရှင်းရန် တောင်းဆိုမည်ဟု သက်ဆင်ပြော

0
သျှမ်းပြည်တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုလိုက်သည်။ ယနေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့်...

ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး TNLA ၏မူးယစ်းဆေးဝါးတွေကို PDF ကဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

0
ဓာတ်ပုံဟောင်းကို အသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ ဆိုင်းလိတ် (နာမည်) ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “TNLA တာဟိုပလန်ရဲ့ သိန်းပေါင်းငါးသောင်းကျော်...