ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများကို ပိုပြီးစစ်ဆေးသွားမည်ဟု ထိုင်းအာဏာပိုင်ကြောညာ

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်မှ စစ်ဆေးမှုတင်းကြပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ကြောညာခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမား

အဆိုပါ ထုတ်ပြန်ချက်တွင် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များ တားမြစ်ထားသည့် အလုပ်များကို လုပ်ကိုင်ခြင်းရှိ၊ မရှိကို စစ်ဆေးသွားမှာဖြစ်ပြီး တွေ့ရှိပါက ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းအစိုးရမှ တားမြစ်ထားသည့် အလုပ်လုပ်ကိုင်ခြင်း တွေ့ရှိပါက ဘတ် ၅ထောင် မှ ဘတ် ၅ သောင်း အထိ ဒဏ်ငွေ ရိုက်သွားမှာဖြစ်ပြီး ပြည်တွင်းသို့ ပြန်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ စစ်ဆေးမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ကိုင်နေသည့် အလုပ် နှင့် လုပ်ခွင့်ရထားသည့် အလုပ်မတူညီသည့်အတွက် စိုးရိမ်နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့်သူက ပြောသည်။

“ တစ်ချို့ အလုပ်လုပ်ပိုင်ခွင့်နဲ့ သူတို့လုပ်နေတဲ့ အလုပ်က မကိုက်ညီတာရှိတယ်။ သူတို့က အလုပ်ဗီဇာ လုပ်တုန်းက အလုပ်တစ်မျိုးလုပ်နေတာက တစ်မျိုးဆိုတော့ မတူညီရင်လည်း သူတို့ ဖမ်းခံရနိုင်တယ်လေ။ ဖမ်းခံရရင်လည်း ပိုက်ဆံပေးရတယ်။ ကံမကောင်းရင် ပြည်နှင်ဒဏ်ပါ ခံရတက်တယ်။ ဒါကြောင့် ဒီလိုမျိုးအလုပ်မတူ လုပ်နေတဲ့သူကို ပိုပြီးစိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသားမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တားမြစ်ထားသည့် အလုပ်များကို ငှားရမ်းပြီး လုပ်ကိုင်ခွင့်ပေးထားပါက ဒဏ်ငွေ ဘတ်၁သောင်းမှ ဘတ် ၁ သိန်းထိ ချမှတ်သွားမှာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပထမ တစ်ကြိမ်ဒဏ်ငွေ ဆောင်ထားဖူးသည့် ထိုင်းနိုင်ငံသား က ဒုတိယ တစ်ကြိမ်ထပ်မံ ပြစ်မှားပါက ဒဏ်ငွေ အမြင့်ဆုံး ဘတ်ငွေ ၂ သိန်း ချမှတ်သွားမှာဖြစ်ပြီး ထောင်ဒဏ် ၁ နှစ်ချမှတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန် ရေးသားထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ နှင့် ထိုင်း ကောင်စစ်ဝန်ရုံးတို့က passport ရုံးများကို ပိတ်ထားသည့်အတွက်ကြောင့် ထိုင်းနိုင်ငံတွင် Passport စာအုပ်ကို အသစ်ပြောင်းလဲမည့်သူက မပြောင်းလဲနိုင်တော့ကြောင့် ခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...