မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...
စစ်ကောင်စီ ဖမ်းသွားသည့် ရွာငံ ပြည်သူများ ယနေ့ထိ အဆက်အသွယ် မရသေး
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများ ယနေ့ အထိ အဆက်အသွယ်မရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေး သဖြင့်...
မူဆယ်မြို့အတွင်း MNDAA က ဆက်ကြေးဆောင်ရန် စာပို့
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့အတွင်း ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဆက်ကြေး (အခွန်)ဆောင်ရန် ဆိုင်များထံ စာလိုက်ပို့နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကစပြီး ဧပြီ ၁ ရက်ထိ ကိုးကန့်တပ်မတော် MNDAA မှ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များထံ ဆက်ကြေး ဆောင်ရန်...
တာချီလိတ်တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး သေဆုံး
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့ တော်ကော့တွင်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ဦးခေါင်းဓားခုတ်ခံရပြီး သေဆုံးမှုဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မတ်လ ၃၁ ရက်) ညနေပိုင်း ၅ နာရီအချိန်ဝန်းကျင်တွင် တာချီလိတ်မြို့ တော်ကော့တွင်းရပ်ကွက်ရှိ အိမ်ခြေမဲ့အဖြစ် နေထိုင်သူ အသက် (၅၀) နှစ်ဝန်းကျင် အမျိုးသားတစ်ဦး၏ ဦးခေါင်းတွင်း ဓားခုတ်သည့်...
ပင်လုံ ဝမ့်အဲန်ဘုန်းကြီးကျောင်း သံဃာ ၆၀ နီးပါး အစာအဆိပ်သင့်
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက် ၂ရှိ ဝမ့်အဲန်ဘုန်းကြီးကျောင်း အပါး (၆၀) နီးပါး အစားအဆိပ်သင့်ပြီး ဝမ်းလျောဝမ်းပျက် ၊ မူးဝေအော့အန်မှုတွေ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ် ၃၁) သံဃာတော်များ မနက်ဆွမ်းအတွက် ငါးထမင်းနှယ်ကို သုံးဆောင်ပြီးနောက်ပိုင်း သံဃာ (၆၀) ဝန်းကျင်...
မူဆယ်မြို့ သိန်းသန်းချီကားကွင်း ပစ်ခတ်မှုဖြစ် ပြည်သူ့စစ် ၂ဦး သေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရ
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် သိန်းသန်းချီ ကားကွင်းထဲတွင် မြို့မပြည်သူ့စစ်များ ပစ်ခတ်ခံရပြီး တပ်သား ၂ဦးသေဆုံးကာ ၃ဦးထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၃၁) ရက်နေ့ ၁၂ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် တစ်စုသည် သိန်းသန်းချီ ကားကွင်းမှ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ကို လာရောက်ပစ်ခတ်သည့်အတွက် ပြည်သူ့စစ်...
အရပ်သားပြည်သူများအား ပစ်မှတ်ထားလာသော စစ်အုပ်စု၏ လေကြောင်းရန်
SHAN -
နိဒါန်း မိမိတို့ BNI-Myanmar Peace Monitor အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ်၊ လက်ယက်ကုန်းရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ ဖားကန့်မြို့နယ် အနန့်ပါ(ANang...
တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသား ပြည်ဝင်ခွင့်မရ
တရုတ်နိုင်ငံတွင်းရှိ မြန်မာနိုင်ငံသား ပြည်တွင်းပြန်ဝင်လာရန်စောင့်ဆိုင်းနေသည်ကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးမှ လက်မှတ်ထိုးလက်ခံပေးခြင်းမရှိသည့်အတွက်ကြောင့် ပြန်ဝင်လာခွင့်မရကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်တွင်းသို့ ပြန်ဝင်လာရန် ရွှေလီမြို့တွင် စောင့်ဆိုင်းနေကြပြီး မြန်မာနိုင်ငံဘက်က ပြန်လက်ခံရန် ကြန့်ကြာနေသည့်အတွက်ကြောင့် ပြည်ဝင်ခွင့်မရသေးကြောင်း သိရသည်။ “ မြန်မာပြည်ကို ပြန်ဝင်လာဖို့စောင့်နေကြတာ။ ဒီမြန်မာဘက်က လက်မခံပေးလို့ ပြန်လာလို့မရသေးတာ။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက...
PPST အဖွဲ့ဝင် ဖြစ်သည့် RCSS နှင့် PNLA က မောက်မယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ (မတ်လ ၃၀ )ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး ကင်းလှည့်သည့် တပ်သားများ မှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်သည်ဟုသာ သိရပြီး အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လုံခြုံရေး ကင်းလှည့်တဲ့ တပ်သားအချင်းချင်း ထိတွေ့မှုဖြစ်တာလို့ပဲ သိရတယ်၊ ကျနော်တို့ဘက်က သွားပြီး စပစ်တာတော့မဟုတ်ဘူး၊ ခုလည်း သူတို့ဘက်ကပဲ လာပစ်တာလို့ သိရတယ်၊ ဒီနေရာက ကျနော်တို့ အရင် ကတည်း သွားလာလှုပ်ရှားတဲ့ နေရာလေ၊ ဒီနေ့ ပစ်ခတ်မှု အသေးစိတ်ကိုတော့ ကျနော်မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီအထိ ဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်ကို ဆက်သွယ်မေးမြန်းရာ သတင်း သာကြားရကြောင်း နှင့် အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ခုနကတော့ အသိတစ်ယောက်က ကဒူးကြီးဘက် ထိတွေ့တိုက်ပွဲ ဖြစ်လား ဆိုပြီးတော့ လာမေးတယ်၊ ကျနော့် ဆီတော့ သတင်းအချက်အလက် မရောက်လာသေးဘူး၊ အဲ့ဘက်က ဆက်သွယ်ရေး တာဝန်ခံတွေဆီ မေးကြည့် လည်း ဖုန်းက မရဘူးဖြစ်နေတယ်၊ အဲ့တော့ ကျနော်ကလည်း အတည်လည်း မပြုနိုင်သေးဘူး” ဟု (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
မိုင်းလား ရွှေ့ပြောင်းအလုပ်သမား တစ်သောင်းကျော် နေထိုင်ခွင့်ကဒ်လုပ်
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနယ်နယ်အရပ်ရပ်မှ ပြည်သူ တစ်သောင်းကျော်သည် မိုင်းလား အထူးဒေသ(၄)သို့ ရွှေ့ပြောင်းအလုပ်လုပ်ကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ပညာရေး၊ စီးပွားရေး အဆမတန် ကျဆင်းလာနေသည့်အပြင်...





