CATEGORY

သတင်း

ကျောက်မဲမြိုန့ယ်အတွင်း TNLA တပ်ဖွဲ့ ပြည်သူပိုင် နေအိမ်သိမ်းယူပြီး စခန်းချ နေထိုင်

သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က ပြည်သူပိုင်အိမ်ကို သိမ်းယူပြီး စခန်းချ နေထိုင်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၆ ရက် ညနေပိုင်း အချိန်တွင် ကျောက်မဲမြို့နယ် မန်စံကျေးရွာအုပ်စု အုံးငန်းကျေးရွာရှိ ပြည်သူပိုင်...

လားရှိုးမြို့ နေအိမ်တစ်လုံးရှေ့တွင် အမျိုးသား အလောင်းတွေ့

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက် (၇)၊ ဇေယျားလမ်းရှိ နေအိမ်တစ်လုံးရှေ့တွင် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၉ ရက်) ညနေပိုင်း ၃ နာရီတွင် လားရှိုးမြို့ ရပ်ကွက် (၇)၊ ဇေယျားလမ်းရှိ နေအိမ်တစ်လုံးရှေ့၌ နေရပ်လိပ်စာနှင့် အမည်မသိရသည့် အသက်...

နမ့်ခမ်းမြို့အနီး TNLA တပ်သားများ အင်အားဖြည့်တင်းလာပြီး ဒေသခံနေအိမ်များထဲ ဝင်ရောက်နေထိုင်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ပြင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားတို့က စစ်အင်အားဖြည့်တင်းလာပြီး ဒေသခံပြည်သူများ နေအိမ်များထဲလာရောက်နေထိုင်ကြောင်း စုံစမ်းသိရသည်။ ယခု မတ်လ တတိယပတ်က စတင်ပြီး TNLA တပ်သားများသည် နမ့်ခမ်းမြို့ပြင်တွင် စတင်ဝင်ရောက်လာပြီး ယနေ့ မတ်လ ၃၀ တွင် မြို့တွင်း နှင့်...

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေး တင်းကြပ်၊ကုန်သည်များက အခက်တွေ့နေရ

သျှမ်းပြည်  မူဆယ်ဘက်ရှိ မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်မှုတွင် ကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်လာသည့် အတွက်ကုန်သည်များက အခက်တွေ့နေရကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် (ကျင်စန်းကျော့ဂိတ်) မှ တစ်ဆင့် တရုတ်ဘက်မှ မြန်မာပြည်ဘက် တင်သွင်းသည့်ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာသည့်အပြင် ဒဏ်ကြေး ပေးဆောင်မှုများလည်း ရှိနေကြောင်းကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။ “တင်သွင်းတဲ့ ကုန်ပစ္စည်းကို တံဆိပ်၊ အလေးချိန်တွေကို တိတိကျကျမှတ်ပြီးတော့ ပစ္စည်းအမျိုးအစား တူပြီး တံဆိပ်ကွဲပြားတာ၊အလေးချိန်ကွဲတာမျိုးတွေဆိုရင် ဒဏ်ရိုက်တယ်၊ တချို့ကလည်း  ပစ္စည်းသိမ်းတဲ့ အထိ လုပ်တယ်” ဟု ကြုံတွေ့ရသည့် အမည်မဖော်လိုသူ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မတ်လ အစပိုင်းမှ စတင်ကာ တင်သွင်းကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှု စတင်လုပ်ဆောင်လာ ခဲ့ခြင်းဖြစ်ပြီးပစ္စည်း စစ်ဆေးမှု တင်းကျပ်သည့်အပြင် ဒဏ်ငွေပေးဆောင်ရခြင်း၊ ပစ္စည်းသိမ်းခံရခြင်းတို့လည်း ရှိနေကြောင်း ကုန်သည်များက ပြောသည်။   ကျင်စန်းကျော့ဂိတ်မှ တစ်ဆင့် တင်သွင်းသည့် ကုန်ပစ္စည်းများသည် လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ တောင်ယာသုံးထွန်စက် စသည့်ပစ္စည်းများ ဖြစ်ကြကြောင်း သိရသည်။ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်ပြီး ညွှန်ကြားချက် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။ “ဝန်ကြီးဌာနက ကြေညာထားတာလည်း ရှိတယ်။ နိုင်ငံတော် မူဝါဒ အရ ပြောင်းလဲတာတွေ ရှိတာပေါ့။ အရင်က ပို့ကုန်မှာတောင်လိုင်စင်မလိုတာ အခု လိုင်စင်လုပ်ရတယ်။ ဒီစစ်ဆေးမှုကလည်း ကျင်စန်းကျော့ဂိတ်ကနေ ၁၀၅ မိုင် ထိ တိုက်ရိုက်မောင်းနိုင်ဖို့စစ်ဆေးမှုတွေ လုပ်တယ်လို့ ပြောတယ်” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။ ထို့အပြင် ကုန်ပစ္စည်း တင်သွင်းခွင့်လိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သည့် ပစ္စည်း အရေအတွက်တွင် ဆေးနှင့် ဆက်စပ်ပစ္စည်း၊ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအပါအဝင် တခြားပစ္စည်းပေါင်း တစ်ထောင်ကျော် ရှိကြောင်းလည်း သိရသည်။ တရုတ်နယ်စပ်မှ တင်သွင်းသည့် ကုန် ပစ္စည်းများသည် ပလတ်စတစ်နဲ့ နို့ထွက်ပစ္စည်းများ၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ၊လျှပ်စစ်ပစ္စည်းများ၊ သံနှင့် အိမ်ဆောက်ပစ္စည်းများ၊ ချည်ထည်၊ ရေထွက်ပစ္စည်း၊ မော်တော်ယာဉ် စက်ပစ္စည်းများ ဖြစ်ကြကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ တင်သွင်းကုန်ပစ္စည်းများကိ စစ်ဆေးမှု တင်းကြလိုက်သည့်အတွက် ကုန်ပို့ဆောင်မှု အချိန်ကြန့်ကြာမှု ရှိသလိုငွေကြေးကောက်ခံမှုနှင့် ပစ္စည်းသိမ်းယူမှုမျာကြောင့် အချို့သွင်းကုန် လုပ်ငန်းမျာ ရပ်နားရသည် အထိရှိ နေကြောင်းလည်းကုန်သည်များထံမှ  သိရသည်။

ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်း ယာဉ်တိုက်မှုဖြစ်ပြီး လမ်းများပိတ်ဆို့နေ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်း၊ ကျောက်မဲရေကန် အောက်ကွေ့တင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လမ်းများပိတ်ဆို့နေကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၃၀ရက်) နံနက်ပိုင်း ၉ နာရီတွင် ကျောက်မီးသွေးတင်ဆောင်လာသည့် ကုန်ကားကြီးတစ်စီး ဂုတ်တွင်းအဆင်းတွင် ဘရိတ်ပေါက်ပြီး ကုန်တင်ကားနှစ်စီးနှင့် ဝင်တိုက်မိခဲ့ကြောင်း သွားကူညီသည့် ကမ်းလင့်လက်များ...

လောင်းကစားဖွင့်လှစ်ပါက ပိုင်ဆိုင်မှု သိမ်းမည်ဟု SSPP က ထုတ်ပြန်ထားသော်လည်း ဆက်ရှိနေဆဲ

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ လောင်းကစားဝိုင်များ ဖွင့်လှစ်ခြင်းသူများကို ပိုင်ဆိုင်မှု သိမ်းဆည်းမည်ဟု ထုတ်ပြန်ထားသော်လည်း လောင်းကစားဝိုင်းများသည် ယနေ့ထိ ဆက်လက်ရှိနေဆဲဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် SSPP/ SSA တပ်ဖွဲ့၏ စိစစ်ရေးကော်မတီမှ လောင်းကစားဝိုင်းများ ဖွင့်လှစ်ပါက...

ပင်လောင်းစစ်ရှောင်များ ရာသီဉတုအပြောင်းအလဲကြောင့် ချောင်းဆိုး၊ ဖျားနာ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် ရာသီဉတုအပြောင်းအလဲကြောင့် စစ်ရှောင်များချောင်းဆိုးခြင်း၊ ဖျားနာခြင်း ကြုံတွေ့ရကြောင်း သတင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ကျေးလက်ဒေသမှ ရွာနှင့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ဦးရေ (၅၀၀၀) ကျော်ထဲမှ စစ်ရှောင်စခန်းများသည် (၁၄) နေရာရှိကြောင်း သိရသည်။ ထို စစ်ရှောင်စခန်း (၁၄)...

ခိုလမ်မြို့ တပ်မှူး၏ဇနီး ပစ္စည်းများ ပြန်ပေးသော်လည်း အိမ်မရောက်သေး

သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့နယ် တပ်ထိန်းတပ်မှူး၏ဇနီးသိမ်းယူသွားသည့် ပစ္စည်းများကို ပိုင်ရှင်ထံ ပြန်သွားပေးဆောင် သော်လည်း လက်ရှိအချိန်ထိ အိမ်မရောက်သေး စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ် ၂၅ ရက် ခိုလမ်မြို့ ရပ်ကွက် ၆ အမျိုးသမီးအိမ်ထဲတွင် တပ်ထိန်းတပ်မှူးဇနီးက အိမ်ရှင်မရှိချိန် သွားရောက် ယူဆောင်ခဲ့သည့် ပစ္စည်းများကို ပြန်သွားပေးခဲ့ကြောင်း...

ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲခဲ့ကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (မတ်လ ၂၈ ရက်) နေ့လည်ပိုင်း ၁ နာရီအချိန်မှစပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို တိုက်လေယာဉ်တစ်စီး လာရောက်ပျံဝဲကာ ဗုံးကြဲချသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF (KK)...

လဲချားမြို့ ရှင်လောင်းပွဲတိုင်း လောင်းကစားဝိုင်းထည့်သွင်းကျင်းပ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင်း ပြုလုပ်ခဲ့သည့် ရှင်လောင်းပွဲထဲတွင် လောင်းကစားဝိုင်းများ ထည့်သွင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယခုမတ်လကစ လဲချားမြို့နယ်ထဲတွင် ရှင်လောင်းပွဲ ကျင်းပပြုလုပ်ခဲ့သည့် ကျောင်းတိုင်းတွင် လောင်းကစားဝိုင်းများပါရှိကြောင်း ဒေသခံများထံသိရသည်။ “ ရှင်လောင်းပွဲတွေလုပ်တဲ့ ကျောင်းတိုင်းမှာတော့ လောင်းကစားဝိုင်းတွေပါတယ်။ အကြီးတော့မဟုတ်ဘူး။ ကုန်းကင်းအသေးလေးတွေပဲဖွင့်ထားကြတာ။ ကျောင်းဝန်းထဲမှာ ဖွင့်ထားတာတော့မဟုတ်ဘူး။ ပွဲဈေးတန်းထဲမှာပဲ...

Latest news