Wednesday, April 24, 2024

Move Forward ခေါင်းဆောင် ဝန်ကြီးချုပ်လုပ်ရန် အဆင်သင့်ဖြစ်နေ 

Must read

ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် ရွေးကောက်ပွဲတွင် လက်ရှိအချိန်ထိ လူငယ်အများစု ဦးဆောင်နေသည့်  Move Forward Party (လိမ္မော်ရောင်ပါတီ) က မဲအများဆုံးဖြင့်  အသာစီး ဦးဆောင်နေပြီး ဝန်ကြီးချုပ်လုပ်ရန် အဆင်သင့် ဖြစ်နေပြီ ဟု Pita Limjaroenrat က ကြေညာလိုက်သည်။

Pita Limjaroenrat

Move Forward ပါတီသည် လူထုဆန္ဒမဲ ၁၄သန်းကျော် ရရှိထားပြီး သက်ဆင်သမီး ဖဲထောင်းထန်းရှင်နာဝပ် က ၁၀သန်းကျော် ရရှိထားသည်။ 

ယနေ့ (မေလ ၁၅) ရက် မွန်းလွဲပိုင်းအချိန်အထိ Move Forward Party မှ ၁၆၄ နေရာဖြင့် ဦးဆောင်နေပြီး ဒုတိယအများဆုံး အဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထူထောင်ထားသည့်  Pheu Thai Party က ၁၃၀ နေရာအနိုင်ရ ရလဒ်ဖြင့် ဆက်လက် ယှဥ်ပြိုင်နေသည်။

ထို့ကြောင့်  မေ ၁၄ရက် ထိုင်းနိုင်ငံရွေးကောက်ပွဲ မဲအသားစီ ရနေသည့် Move Forward ပါတီနှင့် Pheu Thai ပါတီတို့ မဟာမိတ်ဖွဲ့ပြီး အစိုးရသစ်ဖွဲ့ရန် ရှိနေသည်။ 

လက်ရှိမှာတော့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat သည် ထိုင်းနိုင်ငံ၏ ၃၀ ယောက်မြောက် ဝန်ကြီးချုပ်အသစ်ဖြစ်ရန် အဆင်သင့်ပြင်ဆင်နေပြီဖြစ်ကြောင်းလည်း ကြေညာလိုက်သည်။

Pita Limjaroenrat

Move Forwardk ပါတီ ခေါင်းဆောင် Pita Limjaroenrat သည် မြန်မာ့နိုင်ငံအရေးနှင့်ဆက်စပ်ပြီး ဦးစားပေး ဆောင်ရွက် သွားမည်ဟုလည်း ယနေ့ (မေ ၁၅)ရက် နေ့လည်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထိုင်း-မြန်မာနယ်စပ် တလျောက်တွင် လူသားချင်းစာနာမှု အထောက်အပံ့များပေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။ 

 Move Forward Party ပါတီခေါင်းဆောင်က အမေရိကန်နိုင်ငံက ပြဋ္ဌာန်းထားသည့် Burma Act ဥပဒေသည် မြန်မာနိုင်ငံ၏ ပဋိပက္ခ ဖြေရှင်းရန်အတွက် အရေးကြီးသည်ဟုဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်တလျောက်တွင်လည်း လူသားချင်းစာနာမူ အထောက်အပံ့အတွက် စစ်ပွဲကင်းမဲ့ဇုန်များ ဖော်ဆာင်သွားမည် ဟု ပြောဆိုလိုက်သည်။

Move Forwardk ပါတီ ခေါင်းဆောင် Pita Limjaroenrat သည်  အသက် ၄၂နှစ်အရွယ်ရှိပြီး ဟားဗစ် တက္ကသိုလ်ကျောင်းဆင်း တစ်ဦးလည်းဖြစ်သည်။ 

ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာပြီးသည့်နောက် လာမည့်ဇူလိုင်လ အတွင်းတွင် ထိုင်းနိုင်ငံ အထက် လွှတ်တော်၊ အောက်လွှတော်တို့မှ ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ခန့်အပ်မည်။ 

ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်ရေးအတွက် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ခုပေါင်းကာ မဲဆန္ဒ အရေအတွက် ၃၇၆ ခု ရရှိမှသာ ထိုင်းနိုင်ငံ၏ ၃၀ မြောက် ဝန်ကြီးချုပ်ကို ခန့်အပ်နိုင်မည် ဖြစ်ကြောင်း လည်းသိရသည်။ 

ယခုနှစ် ထိုင်းရွေးကောက်ပွဲသည် စစ်တပ်အာဏာသိမ်း ခံရပြီး ၉ နှစ်အကြာ ပြန်လည်ပြုလုပ်သည့် ထိုင်းနိုင်ငံ အတွက် အထူးအရေးပါသည့် ရွေးကောက်ပွဲလည်း ဖြစ်နေပြီး Move Forward Party ၊ Pheu Thai Party , Bhumjaithai Pary , Palangcharath Party , United Thai Nation Party တို့အပြင် တခြား နိုင်ငံရေး ပါတီများနှင့် စုစုပေါင်း ၇၀ က ဝင်ရောက်ယှဥ်ပြိုင်သည်။ 

Leave a Comments

- Advertisement -spot_img

Latest article